သျှမ်းတောင်တိုက်ပွဲ (၄)လအတွင်းအရပ်သားသေဆုံးမှု  (၇၅)ဦးထိရှိလာ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံး ၊ ဆီဆိုင် ၊ ပင်လောင်း ၊ ဉောင်ရွှေ မြို့နယ်တွင် (၄) လအတွင်းအရပ်သား သေဆုံးမှုမှာ (၇၅) ဦးထိလာသည်ဟု လူငယ်အစည်းအရုံး (PYO) မှ မေလ ၂၈ရက်တွင် ထုတ်ပြန်ထားသည်။

သျှမ်းတောင်တိုက်ပွဲ အတွင်းတွင် ၁၈နှစ်အောက်(၁၃)ဦးသေဆုံး ပြီး လသားအရွယ်မှ ၁၅နှစ်အသက်အရွယ်ရှိသော ကလေးငယ်( ၁၁)ဦး ရှိကြောင်း သိရသည်။

‌သေဆုံးသူ စာရင်းတွင် စစ်ရှောင်နေရင်း ပစ်ခတ်ခံရခြင်း ၊ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် သတ်ဖြတ်ခံရခြင်းနှင့် ကြောက်လန့်ထွက်ပြေးသွားသည့်အတွက် စစ်သားများမှ လိုက်လံပစ်ခတ်ရာမှ သေဆုံးခြင်းတို့ ပါဝင်သည်။

ဆီဆိုင်စစ်ရှောင်ထဲက ကလေးငယ်များ

တိုက်ပွဲ(၄)လအတွင်း  ထိခိုက်ဒဏ်ရာရသူ (၁၀၀)ဝန်းကျင်ရှိပြီး  ထိုအထဲမှ (၁၇)ဦးသည် နေရပ်ပြန်ရင်း စစ်အကြွင်းကျန်လက်နက်များထိမှန်ခြင်းဖြစ်ကြောင်း ထိ ထိခိုက်ဒဏ်ရာရသည့်အထဲတွင် ကလေးငယ်(၁၇)ဦးပါကြောင်း သိရသည်။

သျှမ်းတောင်တိုက်ပွဲအတွင်း စစ်ရှောင်ဦးရေ (၆)သောင်းဝန်းကျင်အထိရှိလာပြီး စစ်ရှောင်နေရာမှ နေရပ်သို့ အကြောင်းအမျိုးမျိုးကြောင့် ပြန်လာကြသည့် အရပ်သားများ နည်းအမျိုးမျိုးသတ်ဖြတ်ခံရသည့်အပြင် ဒေသအတွင်း သွားလာခွင့်များ ကန့်သတ်မှုများ ၊ လူသားဒိုင်း အဖြစ်အသုံးပြုခံရပြီး နယ်မြေအနေထားမလုံခြုံမှုများကြုံနေရကြောင်း ဖော်ပြထားသည်။

သိန္နီမြို့ ဆီဆိုင်အနီးမြင်ကွင်း

“အိမ်ပြန်ဖို့ စစ်ကောင်စီနဲ့ PNA တို့ က တောက်လျှောက်ဖိအားပေးတဲ့အပိုင်းရှိတယ် ၊ မြေပြင်တိုက်ပွဲငြိမ်လို့ ပြန်လာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေလည်းရှိတယ်။ နောက်တစ်ခုက စိုက်ပျိုးရာသီရောက် ရှိလာပြီဖြစ်တဲ့ အတွက်ကြောင့် စိုက်ပျိုးရေးလုပ်လို့ရနိုင်လားဆိုတဲ့ မျှော်လင့်ချက်နဲ့နေရပ်ကိုပြန်ကြတာ ဖြစ်တယ် အကြောင်းရင်း အမျိုးမျိုးနဲ့ အိမ်ပြန်ကြတာကို တွေ့ရပါတယ်”ဟု ပအိုဝ်းလူငယ်အစည်းအရုံးတာဝန်ရှိသူတစ်ဦး ကဆိုသည်။

သျှမ်းတောင်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်နှင့်  ပအိုဝ်းပြည်သူစစ် (PNO)ပူးပေါင်းအဖွဲ့နှင့် ပအိုဝ်းအမျိူးသား လွတ်မြောက်ရေးတပ်မတော်(PNLA) တိုက်ပွဲ(၃)ထောင်ကျော် ဖြစ်ခဲ့ပြီးလေကြောင်း အကြိမ် ၄၀၀ကျော် ရှိကြောင်း PYO ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အလုပ်သင် သတင်းထောက် နန်းလောဝ်ငင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...