စစ်ကောင်စီ
နှစ်နိုင်ငံအကြား ကြာခံငွေကြေးအသုံးမပြုဘဲ ကုန်ပစ္စည်းချင်းဖလှယ်သည့်စနစ် ကျင့်သုံးမည်ဟုဆို
အာဏာသိမ်းစစ်ကောင်စီက ကုန်သွယ်ဖက်နှစ်နိုင်ငံအကြား ကြားခံငွေကြေးအသုံးမပြုဘဲ ကုန်ပစ္စည်းချင်း အပြန်အလှယ်ဖလှယ်သည့် ကုန်သွယ်မှုစနစ် (Barter Transaction Arra ngement-BTA) ကို ကျင့်သုံးရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ၂၈ ရက်စွဲဖြင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) က အဆိုပါကုန်ပစ္စည်းချင်း အပြန်အလှယ်ဖလှယ်သည့်...
ဆီဆိုင်ဒေသခံများ စားဝတ်နေရေး အသက်လောင်းကြေးထပ်ပြီး စိုက်ပျိုးရေး ပြန်လုပ်နေရ
SHAN -
သျှမ်းတောင် ဆီဆိုင်ဒေသခံများသည် စားဝတ်နေရးအခက်ခဲကြောင့် အန္တရာယ်ကြားမှ အသက်လောင်းကြေးထပ်ကာ စိုက်ပျိုးရေး ပြန်လုပ်ကိုင်နေရကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ သျှမ်းတောင်၊ဆီဆိုင်မြို့နှင့် ကျေးရွာများတွင် နေရပ်ပြန်လာသည့်စစ်ရှောင်များသည် စားဝတ်နေရေး အခက်ခဲကြောင့် မြေမြုပ်မိုင်းအန္တရာယ်၊ လက်နက်ကြီး အန္တရာယ်ကြားကနေ စိုက်ပျိုးရေးကို ပြန်လုပ်ကိုင်နေရပြီး အလှူရှင်များ နည်းပါးလာတာကြောင့် စားဝတ်နေရေးအတွက် စွန့်စားစိုက်ပျိုးနေကြရပြီး အသက်အန္တရာယ်အတွက် စိုးရိမ်မှုများရှိကြောင်း...
ညောင်ရွှေမြို့နယ် လောင်းကစားဝိုင်းများလာ
SHAN -
စစ်အာဏာသိမ်းပြီးနောက် သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် လောင်းကစားဝိုင်းများကြောင့် ဒုက္ခရောက်နေသူများ များပြားလာကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိမှာ ညောင်ရွှေမြို့နယ်တွင် လေးကောင်ဂျင်ဝိုင်း၊ ဖဲဝိုင်းများ၊ လောင်းကစားဝိုင်းများလာသော်လည်း သက်ဆိုင်ရာက အရေးယူခြင်းမရှိကြောင်း ညောင်ရွှေ ဒေသခံများကပြောသည်။ “တော်တော်ဆိုးနေတယ်၊ လေးကောင်ဂျင်ဝိုင်းတွေကြောင့် အကြွေးတွေဝိုင်းနေကြတဲ့သူတွေအများကြီးပဲ၊ တချို့ဆို ကိုယ့်ကိုယ်ပိုင်အလုပ်တွေတောင် မလုပ်နိုင်ကြတော့ဘူး လောင်းကစားဝိုင်းကိုပဲရောက်နေကြတာ၊ ရဲတွေကလည်း ဟိုတလောက ဖဲဝိုင်းတွေကို...
ဟိုပုံးမြိုနယ် ပြည်သူ့ စစ်မှုထမ်းများကို ကျိုင်းတုံမြို့သို့ပို့
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ပြည်သူ့စစ်မှုထမ်းများ အတွက် ငွေကြေးများကောက်ခံနေပြီး ပြည်သူ့စစ်မှုထမ်းများကို ကျိုင်းတုံသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် ဟိုပုံးမြို့နယ်ရှိ ကျေးရွာများမှာ ပြည်သူ့စစ်မှုထမ်းများအတွက် မေလ ၂၇ ရက်တွင် တစ်အိမ်လျှင် အနည်းဆုံး ၅ သောင်း ကောက်နေပြီး၊ ထိုစစ်မှုထမ်းများကို ကျိုင်းတုံမြို့သို့ ပို့ဆောင်သွားခဲ့ကြောင်း ဟိုပုံးမြို့နယ်...
“၂၀၂၅ ရွေးကောက်ပွဲလာရင် ဝင်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပြီ”
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၏ နိုင်ငံရေးပါတီ အစုအဖွဲ့ကို စစ်ကောင်စီ ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၄ ခုတို့မှ ပူးတွဲခေါင်းဆောင်သွားရန် ရွေးချယ်လိုက်သည်။ မေလ ၂၅ နှင့် ၂၆ ရက်များတွင်...
စစ်မှုထမ်း အပတ်စဉ် ၂ အတွက် သျှမ်းပြည်တွင်း စုဆောင်းခံရသူ ၁၆၀၀ ကျော်ရှိ
SHAN -
စစ်ကောင်စီ၏ အပတ်စဉ် ၂ စစ်မှုထမ်းစနစ်အကောင်ထည်ဖော်ခြင်းအတွက် သျှမ်းပြည်တွင်း စစ်သားစုဆောင်းခံရသော လူငယ်အရေအတွက် ၁၆၀၀ ကျော်ရှိကြောင်း မြန့်မာရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) အဖွဲ့၏ မေလ ၂၉ ရက် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အဆိုပါ စစ်မှုထမ်း အပတ်စဉ် ၂ အတွက် သျှမ်းပြည်တွင်း စစ်သားစုဆောင်းခံရသည့်နေရာများမှာ တတက-၃...
TNLA ထိန်းချုပ်ဒေသများကို စစ်ကောင်စီမှ လမ်းပိတ်ထား ကုန်စည်ပို့ဆောင်ရန် ခက်ခဲ
SHAN -
တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ဒေသများကို စစ်ကောင်စီမှ လမ်းပိတ်ထားကြောင်း ကုန်စည်ပို့ဆောင်ရန် ခက်ခဲသည်ဟု စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ကုန်ပစ္စည်းများ ၊ အသီးအနှံတွေနဲ့ စီးပွားရေးလုပ်ကိုင်သူများသည် နမ္မတူမြို့ဖက်ကို အဓိက ပို့ဆောင်ဖြစ်ရာဖြစ်ပြီး စစ်ကောင်စီမှ လမ်းပိတ်ထားခြင်းကြောင့် သွားလာရာ ခက်ခဲသည်ဟု ကွတ်ခိုင်-နမ္မတူ ယာဥ်မောင်းသူ က သျှမ်းသံတော်ဆင့်ကိုပြောသည်။ ‘’ကွတ်ခိုင်မှာ...
ပင်လောင်းမြို့ စက်သုံးဆီဆိုင် အချို့ကန့်သတ်ရောင်း
သျှမ်းပြည် ပင်လောင်းမြို့ရှိ အချို့ဆီဆိုင်များတွင် စက်သုံးဆီများကို အကန့်သတ်ဖြင့်ရောင်ချနေပြီး မြို့တောင်ဘက်ရှိ ဆီဆိုင်များ ပိတ်ထားကြောင်း သတင်းရရှိသည်။ သျှမ်းပြည် ပင်လောင်းမြို့တွင် မေလ နောက်ဆုံးပတ်မှစ၍ အချို့ဆီဆိုင်များသည် စက်သုံးဆီများကို အကန့်သတ်ဖြင့် သာရောင်းချပေးနေပြီး၊ မြို့၏ တောင်ဘက်ရှိ ဆီဆိုင်များလည်း ပိတ်ထားကြောင်း ပင်လောင်းမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက...
ကျောက်မဲမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဒေသခံ သတိဖြင့်သွားလာနေရ
SHAN -
သျှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့တွင် One Love ဟိုတယ် ၌ ဗုံးပေါက်ကွဲ မှုဖြစ်ပြီးနောက်ပိုင်း ပြည်သူများ သတိဖြင့် သွားလာနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေ ၂၆ ရက် ညပိုင်းတွင် ကျောက်မဲမြို့ရှိ One Love ဟိုတယ်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက်ပိုင်း မြို့နယ်အုပ်ချုပ်ရေးမှူးများက မာရှယ်လော(ညမထွက်ရ) အမိန့်ကိုပြန်လည်...
မြစ်ကြီးနားမြို့ပေါ် အိမ်ငှားရမ်းခ စျေးမြင့် ဝိုင်းမော်စစ်ရှောင်အခက်ကြုံနေ
ကချင်ပြည် မြစ်ကြီးနားမြို့သို့ တိုက်ပွဲကြောင့် တိမ်းရှောင်လာကြသည့် ဝိုင်းမော်မြို့ စစ်ရှောင်များသည် အိမ်ငှားရမ်းခ စျေးတက်သဖြင့် အခက်အခဲများကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ကချင်ပြည် ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် ဒေသခံများသည် မြစ်ကြီးနားမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာကြပြီး၊ အိမ်းငှားရမ်းနေထိုင်ရကြောင်း စစ်ဘေးရှောင် အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဲ့မှာ အိမ်ငှားရတာက...





