ရွာငံတွင် မူးယစ်ဆေးဝါးသုံးစွဲသူများလာ ပြည်သူများ လုံခြုံရေး စိုးရိမ်နေရ

သျှမ်းပြည် ရွာငံမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ပိုများလာသောကြောင့်  ပြည်သူများ လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း  စုံစမ်းသိရှိရသည်။

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ  ကျေးရွာများတွင်  မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူပိုများလာပြီး ခိုးဆိုးလုယက်မှု၊ အိမ်တွင်းအကြမ်းဖက်မှုနှင့် ဓားပြတိုက်မှုများလာခြင်းကြောင်း   ပြည်သူများက လုံခြုံမှု မရှိတော့ပဲ စိုးရိမ်စိတ်ဖြင့် နေရ ကြောင်းဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

 မူးယစ်ဆေးသုံးးစွဲသူများသည် ဆိုင်ကယ်၊ ဖုန်းနှင့် ရွှေ‌ငွေတွေအပြင် ဒေသထွက် သီးနှံကိုပါ ခိုးယူနေကြကြောင်းကို ဒေသခံ အမျိူးသမီးတစ်ဦးက ပြောသည်။

“ ဆေးသမားတွေက သူတို့ဆေးသုံးဖို့ ငွေလိုတော့ ပစ္စည်းတွေ လိုက်ခိုးကြတယ်။တချို့ဆို ပဲတွေ၊ ဆန်တွေ ‌ရောင်းလို့ ရတဲ့ဟာ အကုန်ခိုးတယ်။ညညဆို ဆေးကြောင်ပြီး အိမ်ပေါ်တက်လာတယ်။ ပိုက်ဆံတောင်းတယ်။ ကိုယ်ကကြောက်တော့ ပေးလိုက်ရတယ်။ ကိုယ့်ကို ဘာများလုပ်သွားမလဲဆိုပြီး ကြောက်နေရတာ။ ညဆို ကိုယ့်အိမ်နဲ့ ကိုယ်လဲ မလုံခြုံဘူး။”ဟု ၎င်းအမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ပြီး သုံးစွဲနေတဲ့သူကိုလည်း ဥကဒေအရ ထိရောက်စွာ အရေးယူမှု မရှိပဲ ဆက်လက်ပြီး ရောင်းဝယ်ခွင့် ပြုထားကြောင်းသိရသည်။

“ ရွာကတစ်ယောက်က မူးယစ်ဆေး ရောင်းချနေတယ်။ သူ့ကိုရွာကလူတွေက ဖမ်း မိတယ်။ ရဲလက်အပ်လိုက်တယ်။ မကြာဘူး ပြန်လွတ်လာတယ်။ ရဲတွေကလဲ အရေးမယူပေးဘူး၊အဲတော့ ရွာကလဲ လွှတ်ထားလိုက်ရတယ်။ သူ့အိမ်ဘေးက ကလေးတွေကမှ အစ ပျက်စီး နေကြတယ်။ဥပဒေကမှ စိုးမိုးမှုမရှိတာ ဘာမှဆက်လုပ်လို့မရတော့ဘူး။”ဟု ဒေသခံ တစ်ဦးက ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံမြို့နယ်တွင် မူးယစ် ဆေးဝါးရောင်းဝယ်သူများ ပိုမိုများပြားလာကာ သုံးစွဲသူများမှာလည်း လူကြီးပိုင်းထက်လူငယ်တွေပိုမိုသုံးစွဲလာကြ ကြောင်း ဒေသခံများကပြောသည်။ 

လက်ရှိ ရွာငံတွင် စစ်ကောင်စီမှ ‌ကျေးရွာအများစုတွင် တပ်စွဲထားပြီး စစ်မှုထမ်းခါ်ရန်အတွက်ပြင်ဆင် နေပြီး လူငယ်များကို ပေါ်တာဆွဲမှုများလည်းရှိနေကြောင်း သိရသည်။ 

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...