လွိုင်ကော်ခေတ္တပြန် စစ်ရှောင်များ ဆန်အိတ်သယ်လျှင် စစ်ဆေးမေးမြန်းခံရ

ကရင်နီပြည်(ကယားပြည်နယ်) လွိုင်ကော်မြို့သို့ ခေတ္တပြန်သည့် စစ်ရှောင်များကို လမ်းတွင် စစ်ကောင်စီမှ ဆန်အိတ်ပါလာလျှင် စစ်ဆေးမေးမြန်းမှုများပြုလုပ်ကြောင်းစုံစမ်းသိရှိရသည်။

“လမ်းမှာ ကိုယ်စားဖို့ ဆန်အိတ်ပါရင်တောင်ရစ်တာပါ၊ ကိုယ်အိမ်နဲ့ကိုယ်နေမယ့်သူတွေကတော့ ပြန်ကြတာပေါ့၊ ဒါပေမယ့် ဘာအလုပ် ဘာဝင်ငွေမှမရှိတဲ့အတွက် ဒုက္ခရောက်ပါလိမ့်မယ်၊ ကျမတို့အိမ်ကတော့ ၁၅ ရက်လောက် ပြန်နေခဲ့ပြီးတော့ ညောင်ရွှေကိုပဲပြန်ရောက်လာတာပါ” ဟု ညောင်ရွှေမြို့တွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးကပြောသည်။

ယခုအချိန်တွင် ကုန်စည်ပစ္စည်းများလည်း ဝင်ရောက်နိုင်ရန်ခက်ခဲသည့်အတွက် စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်လျက်ရှိနေပြီး ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၈၀၀၀ ထောင်ကျပ်အထိရောက်ရှိနေကြောင်း အထက်ပါအမျိုးသမီးကဆက်ပြောသည်။

ထိုအပြင် မြို့တွင်း၌ လည်း သူခိုးများလည်း များပြားနေပြီး မှောင်ခိုဈေးကွက်များပါရှိနေကြောင်း သိရသည်။

“မှောင်ခိုဈေးကွက်ကတော့ ရှယ်ပဲ၊ သူခိုးတွေ အရမ်းအလုပ်ဖြစ်ပါတယ် တစ်ယောက်အိပ် ဒန်းလော့တွေဆို ၃ သောင်း၊ နှစ်ယောက်အိပ်တွေမှာ ၈ သောင်း ၉ သောင်း၊ ဘာလိုလိုအကုန်ရတယ်၊ အထည်တွေဆိုရင်လည်း တစ်ထည်် ၅၀၀၊ ၁၀၀၀ အိုးခွက်တွေလည်း ၁၀၀၀၊ ၂၀၀၀ပဲ အသီးအရွက်ကတော့ အရမ်းရှားတယ်” ဟု သူမက ဆက်ပြောသည်။

လက်ရှိတွင် လျှပ်စစ်မီးရနေသော်လည်း အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး ပြန်နေထိုင်ရန် မသင့်သေးကြောင်း သူမကဆက်ပြောသည်။

စစ်ကောင်စီမှ ၎င်းတို ခြေကုတ်ရယူထားတော့ စစ်စခန်းများကို လက်မလွတ်စေရေးအတွက် အပြင်းအထန် ကြိုးစားနေပြီး နည်းအမျိုးမျိုးဖြင့် ကာကွယ်ထိုးစစ်ဆင်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ စစ်ကြောင်းအလုံးအရင်း အင်အားဖြည့်မှုကြောင့် သျှမ်းတောင် ဆီဆိုင်မြို့နှင့် ကရင်နီပြည် လွိုင်လင်လေးကျေးရွာများတွင် စစ်ရေး ထိတွေ့မှုရှိလာနိုင်သဖြင့် ပြည်သူများ သတိဖြင့်နေထိုင်ကြရန်လည်း JOBS For Kayah မှ တာဝန်ရှိသူက ပြောကြားထားသည်။

လက်ရှိတွင် ကရင်နီပြည်မှ သျှမ်းပြည်တွင်းသို့ စစ်ဘေးရှောင်လာသူ (၆၀၀၀၀) ဝန်းကျင်ရှိလာပြီဖြစ်ကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...