ပြည်သူများ ‘သားရေပေါ်အိပ် သားရေနားစား’ ရိုင်းစိုင်း ယုတ်မာသည့် အကြမ်းဖက်သမားများဟု မင်းအောင်လှိုင် စွပ်စွဲ၊ မြဝတီသတင်း ပြင်ဆင်ဖော်ပြ

ဒေသခံ ပြည်သူလူထုသည် “သားရေပေါ်အိပ် သားရေနားစား” ရိုင်းစိုင်း ယုတ်မာသည့် အကြမ်းဖက်သမားများဖြစ်ပြီး နိုင်ငံ ပျက်စီးအောင် ပြုလုပ်နေသည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ (ဇွန်လ ၇ ရက်) တွင် ပြုလုပ်သည့် စစ်ကောင်စီ အစည်းအဝေးတွင် စွပ်စွဲပြောဆိုလိုက်သည်။

ဒေသတစ်ခု ပျက်စီးစေရန်အတွက် လုပ်ဆောင်သူများမှာ အဆိုပါ ဒေသတွင် နေထိုင်သည့် ဒေသခံ အဖျက်သမား အကြမ်းဖက်များ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖြစ်ပေါ်နေသည့် အကြမ်းဖက် လုပ်ရပ်များကို အဆိုပါ ဒေသတွင် နေထိုင်သည့် ဒေသခံ အကြမ်းဖက်များက လုပ်ဆောင်နေကြောင်း၊ အခြားဒေသတွင်နေထိုင်သူများ လာရောက် လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း ၎င်းက ဆိုသည်။

ဥပမာ ခပ်ကြမ်းကြမ်း ပေးရလျှင် “သားရေပေါ်အိပ် သားရေပေါ်စား” များဖြစ်ကြောင်း၊ ၎င်းကဲ့သို့ ရိုင်းစိုင်း ယုတ်မာသည့် အကြမ်းဖက်သမားများကို လူထုအားဖြင့် ကာကွယ်ရမည်ဟု ၎င်းကပြောဆိုသည်။

ယင်းသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၏ ရိုင်းစိုင်းစွာ ပြောဆိုမှုအား စစ်တပ်ပိုင် မြဝတီရုပ်သံက သတင်းကြေညာရာတွင် ထည့်သွင်း ကြေညာခဲ့သော်လည်း အင်တာနက် စာမျက်နှာတွင် ပြန်လည် ဖော်ပြရာ၌ “ဥပမာ ခပ်ကြမ်းကြမ်း ပေးရလျှင် “သားရေပေါ်အိပ် သားရေနားစား” များဖြစ်ကြောင်း၊ ၎င်းကဲ့သို့ ရိုင်းစိုင်း ယုတ်မာသည့် အကြမ်းဖက်သမားများကို လူထုအားဖြင့် ကာကွယ်ရမည် ဖြစ်ကြောင်း” ဆိုသည့် ပြောဆိုမှုအား “ဥပမာပေးရမည်ဆိုပါက “အရိပ် နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူများဖြစ်ကြောင်း” ဟု အစားထိုး ဖော်ပြထားသည်ကို တွေ့ရသည်။

စစ်တပ် အာဏာသိမ်းသည့် ၃ နှစ်ကျော် ကာလအတွင်း နိုင်ငံတဝှမ်း သိန်းနှင့်ချီသည့် ပြည်သူပိုင် အိုးအိမ်များကို စစ်တပ်က အကြမ်းဖက် ဖျက်ဆီးခဲ့ပြီး ထောင်နှင့်ချီသည့် ပြည်သူများကို သတ်ဖြတ်ကာ နိုင်ငံတော် အာဏာ မတရားရယူနိုင်ရေး အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင် ကြိုးပမ်းနေသည်မှာ ယနေ့တိုင်ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...