ရွာငံ စစ်ကောင်စီက ကျေးရွာတွင်း စစ်ကြောင်းထိုး၊ ပြည်သူတွေကိုရိုက်နှက်

သျှမ်းပြည် ရွာငံရှိ စစ်ကောင်စီ တပ်များက ကျေးရွာများတွင် စစ်ကြောင်းထိုးပြီး ပြည်သူများကို ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

သျှမ်းပြည် တောင်ပိုင်း၊ ရွာငံမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာများကို စစ်ကောင်စီက ပြီးခဲ့သည့် ဇွန်လ ၇ ရက်တွင် ဒေသခံတစ်ဦးမှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ တောတောင်ဘက်တွင် ရှိနေသည်ဟု စစ်ကောင်စီကို သတင်းပေးခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီ အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ဒေသခံပြည်သူများကို ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းအရင်းမြစ်မှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တောြခံမှာက လဖက်တွေ ပိုစိုက်ထားတယ်။ မိုးတွင်းဆိုတော့ လဖက်တွေကလဲ နုနေတော့ ကျနော်လည်း တောခြံမှာ လဖက်ခူးနေလိုက်တယ်။ စစ်သားတွေက ရောက်လာပြီး သေနတ်ဒင်နဲ့ ဆောင့်လိုက် ကန်လိုက်လုပ်သွားကြတယ်. ကျနော်က နှစ်ချက် ချုပ်လိုက်ရတယ်၊၊” ဟုဒေသခံတစ်ဦးက ဆိုသည်။

ထိုသို့ရိုက်နှက်ခံသော အမျိုးသားသည် တောင်ပေါ်ခြံသို့ လဖက်ခူးသွားနေစဉ်တွင် စစ်ကောင်စီမှ ရိုက်နှက်ခဲ့ကြောင်း သိရသည်။

အလားတူ ဒေသခံရွာသား (၅)ဦးကိုလည်း ရိုက်နှက် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဒဏ်ရာရှိသူများသည် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

လက်ရှိမှာ ကျေးရွာတွင် ရွာသူကြီးမရှိသည့်အပြင်း၊ ရွာသူကြီးအဖြစ်မှ နှုတ်ထွက်ခြင်းကို သိရှိပြီး ပျူစောထီး နှင့် စစ်ကောင်စီတပ်ဖွဲ့က မကြာခဏ ကျေးရွာအတွင်းသို့ ဝင်ရောက်စစ်ဆေးနေကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“ခုကရွာမှာ ပျူစောထီးတွေက သူတို့ စိတ်ကြိုက် ခြယ်လှယ်နေကြတယ်။ ရွာကို စစ်သားတွေ ခဏခဏ လာပြီး လာစစ်ဆေးတယ်၊၊ ရွာကလူတွေကိုလည်း လာဖမ်းတယ်။ နေ့တိုင်းက တောခြံတောင် သိပ်မသွားရဲတော့ဘူး။ တောခြံသွားရင်(PDF) နဲ့သွားတွေ့တယ် ဆိုပြီး အရိုက်ခံရမှာစိုးလို့” ဟု ဒေသခံ အမျိုးသမီးတစ်ဦးကဆိုသည်။

ထို့အပြင် ဒေသခံပြည်သူများသည် စိုးရိမ်မှုများဖြင့် နေထိုင်နေကြရပြီး တောခြံသို့ လဖက်သွားခူရန် စိုးရိမ်နေရကြောင်း သိရသည်။လက်ရှိ ရွာငံမြို့နယ်တွင် စစ်ကောင်စီမှ ကျေးရွာများတွင် တပ်စွဲထားလျက်ရှိပြီး စစ်မှုထမ်းရန်အတွက် အတင်းဖိအားပေးလုပ်ဆောင်နေကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရွာငံမှာ DNDPပါတီ အဖွဲ့ဝင် တဦးနှင့် အရပ်သားတဦး ထပ်မံ အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာမှ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ( DNDP) အဖွဲ့ဝင်တစ်ဦး နှင့် အရပ်သားတစ်ဦး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၁၄)ရက်ညဘက်တွင် ညောင်ပင်ခွ ကျေးရွာတွင် DNDP ဒုဥက္ကဌ ဦးစံတင့်နှင့် ဝက်ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်ဝင်းစိန်တို့ကို အမည်မသိ...

ရွာငံက သက်ငယ်မုဒိန်းကျူးလွန်သည့် အမျိုးသား နှစ်လကျော်ကြာသည်အထိ မဖမ်းမိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာမှ သက်ငယ်မုဒိမ်းကျူးလွန်သည့် အမျိုးသား နှစ်လကျော် ကြာသည်အထိ မဖမ်းမိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ...

ရွာငံတွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွား ဒေသခံများ လုံခြုံမှုကင်းမဲ့လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွားလာသောကြောင့် ဒေသခံများ စိုးရိမ်ပူပန်မှု ဖြင့်နေထိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ မှစပြီး ရွာငံမြို့နယ်တွင် အုပ်စုဖွဲ့ ဓားပြတိုက် လုယက်မှုများ မကြာခဏ ဖြစ်ပွားလာနေပြီး ရွာငံမြို့ပေါ်နှင့် ကျေးရွာများတွင် ဓားပြတိုက်ခံရ၍ ငွေသား ကျပ်သိန်းတစ်ရာနှင့် ရွှေထည်များသွးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ အဆိုပါ...

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...