လွိုင်လင်-မိုင်းပွန် လမ်းပြုပြင်မှုကြောင့် ကားများပိတ်

သျှမ်းပြည် တောင်ပိုင်း လွိုင်လင်-မိုင်းပွန် ပြည်ထောင်စုလမ်းမကြီပေါ်တွင် လမ်းပြုပြင်မှုများ ပြုလုပ်နေသဖြင့် ကားလမ်းများပိတ်ဆို့မှုဖြစ်ပွားကာ သွားလာမှုအခက်ခဲများရှိနေကြောင်း သတင်းရရှိသည်။

သျှမ်းပြည် တောင်ပိုင်း လွိုင်လင်-မိုင်းပွန် ပြည်ထောင်စုလမ်းမကြီးပေါ် တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ် မှစ၍ လွိုင်စမ်ဟိုတောင်၌ လမ်းပြုပြင်မှုများ ပြုလုပ်နေပြီး၊၊ လိုင်ကားများ နှင့် ၁၀ ဘီး တွဲကားကြီး များ သွားလာရန် အခက်အခဲများကြုံတွေ့နေရ ကြောင်း ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“အခုက လမ်းတွေပိတ်ရင် အရမ်းကြာတယ် တနေ့တနေ့တော့မတူဘူး။တချို့ရက်တွေ့ကြတော့ ၃ နာရီ ၄ နာရီလောက်စောင့်ရတာရှိတယ်လေ။ခက်တယ် တချို့ရက်တွေဆို မိုင်းနောင် လမ်းမှာအိပ်ရတယ်။ အရင်ကပုံမှန် သွားလာနေကြ ခရီးကြာချိန်က ၆ နာရီပဲရှိတာလေ။”ဟု ကားသမားတစ်ဦးက ပြောသည်။

ထိုသို့လမ်းပိတ်ဆို့ပြီး အချိန်ကြာမြင့်သည့်အတွက် အချို့ မြို့များရှိ စစ်ကောင်စီဂိတ်များတွင် ည ၆ နာရီ ကျော်လျှင် သွားလာခွင့် မပြုခြင်းကြောင့် လမ်းပေါ် ညအိပ်ရသည့် ကားများရှိကြောင်း သိရသည်။

ထိုလမ်းတွင် တာဝန်ရှိသူများမှ ကားများအတွက် အတက်အဆင်းများကို ကြည့်ကြပ်ပေးနေပြီး၊ လမ်းများကိုပြုပြင်နေကာ၊ကျောက်မိုင်းခွဲခြင်း နှင့် ကမ်းပါးများပြိုလျှင် အချိန်ကြာမြင့်စွာစောင့်ရကြောင်း တွဲကားကြီး မောင်းသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“တောင်တွေကို ကျောက်မိုင်းခွဲရင် ကြာတယ် စောင့်ရတာ။သူတို့က လမ်းခင်းတာ ချဲ့တာတွေ လုပ်နေတာ။ ဒါမဲ့လည်း ကားကြီးတွေတော့ ပိတ်တာပဲ ရှောင်ပေးရတာလည်းခက်တယ်။ကားငယ်တွေထပ်သွားလာရတာ ခက်တယ်လေ။ကျနော်တို့အတွက်က စိုးရိမ်ရတယ် ကုန်စိမ်းသီးနှံတွေတင်တော့ လမ်းမှာအကြာကြီး ပိတ်မိမှာကို စိုးရိမ်နေရတာ။”ဟု ၎င်းက ပြောသည်။

ကားလမ်းများပိတ်ဆို့မှုကြောင့် လူနာတင်ယာဥ်၊ အရေးပေါ်လူနာတင်ယာဥ်များအတွက် ကျောက်တန်းလမ်း ကို အသုံးပြုနေကြောင်း သိရသည်။

လက်ရှိတွင်ကားလမ်းပိတ်နေသည့် လွိုင်လင်- မိုင်းပွန် အနီးတဝိုက် စစ်ကောင်စီ၊ ပြည်သူ့စစ် PNO နှင့် PNLA ၊ PDF တို့ကြားတွင် လှုပ်ရှားနေသည့် နယ်မြေဖြစ်သည်

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

ပုံးအင်းဒေသ #စပါးရေလွှမ်း #ပျက်စီး

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...