ဝိုင်းမော်တိုက်ပွဲပြင်းထန် စစ်ရှောင်များ ထပ်မံတိမ်းရှောင်ရန် စီစဉ်နေ

ကချင်ပြည် ဝိုင်းမော်မြို့တွင် တိုက်ပွဲများပြင်းထန်မှုကြောင့် စစ်ဘေးရှောင်များ နေရပ်အသစ်သို့ ထပ်မံပြောင်းရွှေ့ရန် အခြေအနေရှိနေပြီး အခက်အခဲများကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် စစ်ကောင်စီ နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် PDF တို့ တိုက်ပွဲပြင်းထန်နေလျက်ရှိနေပြီး တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ဘေးရှောင်များ ထပ်မံပြောင်းရွှေ့ရန် လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်သံတော်ဆင့်ကို ပြောသည်။

“ကိုယ်လည်းစစ်ဘေးရှောင်ဖြစ်ချင်ဖြစ်သွားလိမ့်မယ်။ အတိကျတော့ပြောလို့မရသေးဘူး။ ဒီနေ့အရမ်းပြင်းထန်နေတယ်။အခုဆိုရင်တော့ မြို့အတွင်းထဲကိုရောက်လာပြီလို့ပြောလို့ရတာပေါ့။ စစ်ရှောင်တွေကတော့ အခုလောလောဆယ်နေတဲ့နေရာမှာပဲနေတော့ မရွေ့သေးဘူး။ စစ်ရှောင်နေရာ ပြောင်းမလား မပြောင်းဘူးလားဆိုတော့ ဒီနေ့ပြန်ကြည့်ရအုံးမယ်” ဟု စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ဝိုင်မော်မြို့တွင် တိုက်ပွဲများပြင်းထန်လျက်ရှိနေပြီး အချို့သော အရပ်သားများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

ဝိုင်မော်မြို့တွင် ကျန်ရှိနေသော စစ်ဘေးရှောင်များသည် ထွက်ပြေးတိမ်းရှောင်ရန်အတွက် ကားများ အခက်အခဲရှိနေပြီး လက်ရှိတွင်လည်း တိုက်ပွဲကြားတွင် ပိတ်မိနေသည့် အခြေအနေဖြစ်နေကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

“ အခုက စစ်ရှောင်တွေလည်းထပ်တစ်နေရာပြောင်းရမယ်ဆိုရင်တော့ သူတို့ကို သယ်ဖို့ကားတွေကလည်း အဆင်မပြေလောက်ဘူး။ ဝိုင်းမော်မှာကလည်း တော်တော်များများပြေးကုန်ကြပြီလေ။ သူများကားငှားဖို့ ကလည်း မလွယ်ဘူး။ နောက်တစ်ချက်အနေနဲ့ကတော့ ကျနော်တို့ကတော့ ကြားညှပ်လာနိုင်ဖို့ အလာလာ ရှိနေတယ်။ လမ်းတွေဘာတွေပိတ်နေပြီးတော့ ကြားမှာပိတ်နေတဲ့အနေထားဖြစ်နေတယ်လေ”ဟု ၎င်းက ဆက်ပြောသည်။

ဝိုင်းမော်မြို့နယ်အတွင်တွင် ရှမ်းတိုင်းရင်းသား စစ်ဘေးရှောင် အပါအဝင်၊ စစ်ဘေးရှောင် စုစုပေါင်း ၁ သောင်းခန့်ရှိနေပြီး စစ်ဘေးရှောင်အများစုသည် ကလေးနှင့် အမျိုးသမီးများဖြစ်ကြကြောင်း ၎င်းကဆက်ပြောသည်။

ထိုစစ်ဘေးရှောင်များသည် လက်ရှိတွင် စားဝတ်နေရေးများခက်ခဲနေသည့်အပြင် အလှူရှင်နည်းပါးမှုများကြောင့် လည်း စားသောက်ရန်အခက်အခဲများကြုံတွေ့နေရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၂၇ နှစ် အရပ်သား ၁ဦးသေဆုံးခဲ့ပြီး ၅ ဦးခန့်ထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...