KIA နှင့် TNLA ကြား သတ္တုရိုင်းကိစ္စ ပဋိပက္ခဖြစ် နမ္မတူ လမ်းပိတ်ဟု အပြန်အလှန် အပြစ်တင်လွှဲချ

သျှမ်းပြည် နမ္မတူမြို့နယ်တွင် အများပြည်သူ အသုံးပြုသည့်လမ်းမပေါ်  ကချင်လွတ်လပ်ရေးတပ် (KIA) တပ်ဖွဲ့က မြေတူးဖြတ်တောက်ပြီး သံဆူးချွန်မြှုပ်ထားကြောင်း TNLA တပ်ဖွဲ့ ထုတ်ပြန်ချက်ကို KIA က ငြင်းဆိုလိုက်သည်။

ဇွန်လ (၇) ရက်မှ စ၍ နမ္မတူမြို့နယ် မိုင်းဘော်နှင့် အွယ်လောကျေးရွာအကြားရှိ အများပြည်သူ အသုံးပြုသည့် လမ်းပိုင်းတွင် ကချင်လွတ်လပ်ရေးတပ် KIA မှ လမ်းမကြီးကို မြောင်းဖောက် ဖြတ်တောက်သည့်အပြင် ရွှံ့နွံထဲ၌ သံဆူးချွန်များ စိုက်ထားကြောင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သတင်းနှင့်ပြန်ကြားရေးဌာနက ဇွန်လ (၁၀) ရက်တွင် ထုတ်ပြန်ခဲ့သည်။

KIA

၎င်းကိစ္စနှင့် ပတ်သက်၍  KIA တပ်ဖွဲ့မှ ပြည်သူလူထု သွားလာသည့် လမ်းမပေါ် လုပ်ဆောင်ထားခြင်း မဟုတ်ဘဲ TNLA နှင့် KIA ကြား ပြဿနာဖြစ်နေသည့် သတ္တုရိုင်းများကို သယ်ဆောင်သွားသည့် ကားလမ်းပေါ်တွင်သာ လမ်းကြောင်း ဖြတ်တောက်ထားခြင်း ဖြစ်ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြန်လည်ငြင်းဆိုလိုက်သည်။

“သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ကျနော်မေးပါတယ်။ မေးတော့ ပြည်သူလူထုသွားတဲ့ လမ်းကြောင်းမှာ ကျနော်တို့ ဖြတ်ထားတာ မရှိဘူး၊ နောက် ကားတာယာတွေကို ဖျက်ဆီးတဲ့ ကိရိယာတွေလည်း ထောင်ထားတာ မရှိဘူးလို့ ပြောပါတယ်။ သူတို့လုပ်တာကတော့ အဲ့ဘက်မှာ သတ္တုရိုင်း တူးဖော်တဲ့နေရာ ရှိတယ်လို့တော့ ပြောတယ်” ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူမြို့နယ်အတွင်း TNLA နှင့် KIA ကြား သတ္တုတူးဖော်ရာတွင် ပြဿနာဖြစ်နေပြီး KIA က တူးဖော်၍ ပုံထားသည့် သတ္တုရိုင်းများကို TNLA ဘက်မှ သယ်ယူသွားရာ ၎င်းလမ်းကြောင်းကိုသာ ဖြတ်တောက်ထားခြင်းဖြစ်ပြီး ပြည်သူလူထု တကယ်သွားလာသည့် လမ်းမဘက်တွင် မလုပ်ထားကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

KIA တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး နော်ဘူ

“ဒီသတ္တုရိုင်းတွေကိုတော့ KIO/KIA ကနေ နှစ်ပေါင်းများစွာ တူးဖော်ပြီးမှ မထုတ်သယ်သွားနိုင်တဲ့ သတ္တုရိုင်းတွေ အများကြီး ပုံထားတယ်။ အဲ့ဒါကို TNLA ဘက်က သူတို့ယူသွားတာပေါ့၊ သယ်သွားတယ်လို့ ပြောကြတယ်။ ဒါကြောင့် အဲ့ဒီလမ်းကြောဘက်မှာ သူတို့တွေက ကားလမ်းတွေကို ဖြတ်တောက်သွားတာ ဖြစ်ပါတယ်လို့ ပြောပါတယ်။ ပြည်သူလူထုတွေ သွားလာတဲ့ တကယ့်လမ်းမဘက်မှာ ဘာမှမလုပ်ဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

သို့သော် TNLA တပ်ဖွဲ့၏ ဇွန်လ (၁၀) ရက် ထုတ်ပြန်ချက်ထဲတွင် နမ္မတူမြို့နယ်ရှိ မြန်မာ-တရုတ် ရေနံပိုက်လိုင်းတလျှောက် အများပြည်သူအသုံးပြုသည့် လမ်းပိုင်းကို KIA အဖွဲ့က ဖြတ်တောက်ထားပြီး ၎င်းလမ်းသည် နမ္မတူ-မိုင်းဘော်-မိုင်းဝီး-နမ့်ခမ်းအထိ ဒေသတွင်း ပြည်သူလူထုအတွက် အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်ကြောင်း ဆိုထားသည်။

TNLA

နမ္မတူမြို့နယ်ရှိ KIA သွားလာလှုပ်ရှားသည့် မိုင်းဘော်နယ်ထဲတွင် ယခင်ကတည်းက သွားလာသည့် အရပ်သားပြည်သူများကို မလိုအပ်ပဲ စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ဒီဟာက KIA တပ်ဖွဲ့က အရပ်သားလူထုတွေ၊ ဒေသခံပြည်သူလူထုတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီးမှ လမ်းဖြတ်တောက်တာ၊ လူထုတွေ သွားလာလို့ မရအောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ KIA ဘက်က လမ်းတွေဖြတ်တောက်တာ၊ သံချောင်းဆူးတွေ စိုက်ထားတာက ဒေသခံတွေ သွားလာလို့မရအောင်၊ ခရီးသွားလာမှု ကြန့်ကြာအောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု TNLA တပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးဌာနမှူးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် မန်တုံ၊ နမ္မတူနှင့် ကွတ်ခိုင်မြို့နယ်တို့တွင် ကချင်လွတ်လပ်ရေးတပ် KIA နှင့် တအာင်း(ပလောင်) တပ်ဖွဲ့ TNLA တို့အကြား အောက်ခြေတပ်ဖွဲ့ဝင်များ မကြာခဏ ပွတ်တိုက်မှု ဖြစ်ပွားလျက်ရှိပြီး နှစ်ဘက်အဖွဲ့အစည်း၏ ပြဿနာမှာ ထိန်းသိမ်းရန် ခက်ခဲသည့် အခြေအနေသို့ ရောက်ရှိလာခြင်းကြောင့် FPNCC မှ ကြားဝင်ဖြေရှင်းပေးရန် TNLA တပ်ဖွဲ့က မေလ ၃၁ ရက်တွင် စာပေးပို့ထားကြောင်း သိရသည်။

လတ်တလောတွင် မန်တုံနှင့်နမ္မတူမြို့နယ်အစပ် မိုင်းဘော်-အွယ်လောကျေးရွာအကြားရှိ ဘော်ဟိုကျန့် သတ္တုတွင်းလုပ်ငန်းတွင် TNLA ၏ စီမံခန့်ခွဲမှုကို KIA မှ လုပ်ငန်းရှေ့ဆက် မလုပ်နိုင်အောင် အမျိုးမျိုး နှောင့်ယှက် ပိတ်ဆို့နေကြောင်းလည်း ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) သို့ ပေးပို့သည့် စာတွင် ဖော်ပြထားသည်။

“အဲ့ဒီစာနဲ့ ပတ်သက်လို့ ကျနော်တို့ သတင်းဌာနကို ကြားသိရတာ မရှိဘူး။ အထက်က လူကြီးတွေလည်း ညွှန်ကြားတာ မရှိသေးဘူး။ သဘောကတော့ FPNCC ခေါင်းဆောင်အနေနဲ့ ညှိနှိုင်းပြီလား၊ အကြောင်းကြားပြီလား ဆိုတာ ကျနော်တို့ ဘာမှ မကြားသိရပါဘူး။ စာကတော့ တွေ့ရပါတယ်။ အခုထက်ထိ ကျနော်တို့ကို အကြောင်းကြားတာတွေ၊ ညွှန်ကြားတာတွေ ဘာမှ မရှိသေးဘူး” ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ကွတ်ခိုင်မြို့ရှိ TNLA အုပ်ချုပ်ရေးအဖွဲ့က ကချင်လွတ်လပ်ရေးတပ် KIA ၏ ဆက်ဆံရေးရုံးကို လာရောက်တွေ့ဆုံပြီး ထွက်ခွာသွားရန် ပြောဆိုခဲ့ရာ ၎င်းကိစ္စမှာ လူကြီးပိုင်းမဟုတ်ဘဲ မြေပြင်အရာရှိငယ် ပြောဆိုချက်ပဲ ဖြစ်တယ်ဆိုပြီးမှ နှစ်ဘက်တပ်ဖွဲ့ တွေ့ဆုံဆွေးနွေးပြီး ပြန်အဆင်ပြေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...