စစ်ကောင်စီ
ပြည်သူများ ‘သားရေပေါ်အိပ် သားရေနားစား’ ရိုင်းစိုင်း ယုတ်မာသည့် အကြမ်းဖက်သမားများဟု မင်းအောင်လှိုင် စွပ်စွဲ၊ မြဝတီသတင်း ပြင်ဆင်ဖော်ပြ
SHAN -
ဒေသခံ ပြည်သူလူထုသည် "သားရေပေါ်အိပ် သားရေနားစား" ရိုင်းစိုင်း ယုတ်မာသည့် အကြမ်းဖက်သမားများဖြစ်ပြီး နိုင်ငံ ပျက်စီးအောင် ပြုလုပ်နေသည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ (ဇွန်လ ၇ ရက်) တွင် ပြုလုပ်သည့် စစ်ကောင်စီ အစည်းအဝေးတွင် စွပ်စွဲပြောဆိုလိုက်သည်။ ဒေသတစ်ခု ပျက်စီးစေရန်အတွက် လုပ်ဆောင်သူများမှာ အဆိုပါ...
နိုင်ငံခြားငွေ ရောင်းဝယ်သူ ၃၉ ဦးကို ဖမ်းဆီး၊ ဘဏ်များကို ယုံကြည်ရန် စစ်ကောင်စီပြော
SHAN -
နိုင်ငံခြားငွေကြေး ကစားမှုနှင့် ငွေလွှဲ ဟွန်ဒီ လုပ်ငန်း ဆောင်ရွက်မှု စွပ်စွဲချက်ဖြင့် လူ ၃၉ ဦးကို ဖမ်းဆီးလိုက်ပြီး ၄င်းတို့၏ ဘဏ်ငွေစာရင်းများနှင့် Pay Account များ ပိတ်သိမ်းကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ယမန်နေ့ (ဇွန်လ ၄ ရက်)...
လွိုင်ကော်ဘက် စစ်ကောင်စီဘက်က စစ်ကြောင်းထိုး၊ ရပ်ကွက်ထဲ မိုင်းထောင်ထား
SHAN -
ကရင်နီ (ကယားပြည်) လွိုင်ကော်မြို့အနီးသို့ စစ်ကောင်စီဘက် မှ စစ်အင်အားဖြည့်တင်းနေပြီး၊ မိုင်းလုံရပ်ကွက်အနီးတွင် စစ်ကောင်စီဘက်က တပ်စွဲထားပြီး မိုင်းထောင်ထားကြောင်း စုံစမ်းသိရသည်။ ကရင်နီပြည် လွိုင်ကော်မြို့နယ် မိုင်းလုံရပ်ကွက်အနီးတွင် စစ်ကောင်စီဘက်က တပ်စွဲထားပြီး မိုင်းထောင်တာတွေ ရှိသကဲ့သို့ စစ်ကောင်စီ စစ်ကြောင်းထိုးရင်လည်း ပြည်သူများကို ဓားစာခံအဖြစ်ပြုလုပ်မည်ကို စိုးရိမ်သဖြင့် ထပ်မံရှောင်နေကြကြောင်း လွိုင်ကော်မြို့ခံ...
စစ်ကောင်စီမှ ဘဏ်များကို ထိန်းချုပ်မည်ဟု သတင်းထွက်ပေါ် ပြည်သူများစိုးရိမ်မှုဖြစ်
SHAN -
စစ်ကောင်စီမှ ပုဂ္ဂလိက ဘဏ်များကို ထိန်းချုပ်မှု ပြုလုပ်မည်ဟုဆိုသော သတင်းသည် ယနေ့ (ဇွန် ၄)ရက်တွင် လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေပြီး ဘဏ်၌ ငွေစုထားသူများ စိုးရိမ်မှု မြင့်တက်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီမှ ဇွန်လ ၂ရက်နေ့တွင် ရွှေဆိုင်ပိုင်ရှင်(၂၁)ဦးကို ရွှေစျေးနှုန်း မတည်မငြိမ် ဖြစ်အောင် လုပ်ဆောင်နေသည် ဟုဆိုကာ...
အခြေခံပညာကျောင်းသို့ ကလေးများကို စိုးရိမ်စိတ်ဖြင့် ပို့ရ
SHAN -
ယခုနှစ် ၂၀၂၄ ဇွန်လသည် ကျောင်းစတင်ဖွင့်သည့်ရက်ဖြစ်ကာ အခြေခံ ပညာကျောင်းသို့ ကလေးများကို စိုးရိမ်စိတ်ဖြင့် ပို့ဆောင်နေရကြောင်း မိဘများက ပြောသည်။ မြန်မာတဝှမ်းတွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် မေ ၂၃ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ တွင် ကျောင်းအပ်ကာလအဖြစ် သတ်မှတ်ခဲ့သည်။ ထို့နောက် ယမန်နေ့ (ဇွန်...
သျှမ်းမြောက်တွင် စက်သုံးဆီဝယ်လျှင် ရပ်ကွက်ထောက်ခံစာပါမှ ဝယ်ခွင့်ပြုမည်ဟုဆို
SHAN -
သျှမ်းမြောက်တွင် စစ်ကောင်စီမှ စက်သုံးဆီဝယ်သူများကို ရပ်ကွက် ထောက်ခံစာပါမှသာ ရောင်းချပေးရန် ထုတ်ပြန်လာကြောင်း သတင်းရရှိသည်။ မေလ ၃၁ ရက်မှ စပြီး စက်သုံးဆီရောင်းချသူများကို ပုံး၊ ပေပါဖြင့်ရောင်းချခြင်း မပြုရန်နှင့် စက်သုံးဆီအရောင်းဆိုင်များမှ အခြားဆိုင်နှင့် လုပ်ငန်းများကို တိုက်ရိုက်ရောင်းချ ခြင်းမပြုရနှင့် မီးစက်များအတွက် မဖြစ်မနေ အသုံးပြုရမည်ဆိုပါက သက်ဆိုင်ရာ...
စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည် အတွင်း အရပ်သားသေဆုံးမှု ၅၀၀ ကျော်ရှိလာ
SHAN -
စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်(ကယားပြည်) အတွင်း အရပ်သားသေဆုံးမှု ၅၀၀ ကျော်ရှိလာကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) မှ ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ်အတွင်း စစ်တပ်၏အကြောင်းမဲ့တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၄၅ ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင်ရင်း ထိခိုက်သေဆုံးသူ ၆ ဦးရှိကြောင်း (PKPF) ၏ ဇွန်လ...
မိုင်းဖြတ် ရဲတပ်ဖွဲ့က NLD အင်္ကျီဝတ်လူငယ်များကို ပိုက်စိပ်တိုက်ရှာဖွေ
သျှမ်းပြည် မိုင်းဖြတ်မြို့နယ် စစ်ကောင်စီရဲတပ်ဖွဲ့က NLD ပါတီတံဆိပ်ပါ အင်္ကျီဝတ်ထားသည့် လူငယ်များကို ဖမ်းဆီးရန် ပိုက်စိပ်တိုက် ရှာဖွေခဲ့ကြောင်း စုံစမ်းသိရသည်။ မေလ (၂၉) ရက်တွင် မိုင်းဖြတ်မြို့၊ ဈေးတန်းရပ်ကွက်ရှိ မြို့မဈေးသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတံဆိပ်ပါ အင်္ကျီဝတ်ဆင်လာသည့် လူငယ်များကို ဖမ်းဆီးရန်အတွက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က...
ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ
သျှမ်းပြည် ဟိုပုံးမြို့ နယ်တွင် အမျိုးသားတစ်ဦး နွားကျောင်းနေစဥ် မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာ ပြင်းထန်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည် ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ရွာ ယမန်နေ့ (ဇွန်လ ၂) ရက် နံနက်ပိုင်းတွင် အမျိုးသားတစ်ဦး နွားကျောင်းနေစဥ် မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်ပြတ်သည် အထိ ဒဏ်ရာရရှိခဲ့ပြီး တောင်ကြီး စဝ်စံထွန်းဆေးရုံသို့...
ပင်လောင်းမြို့ရှိ စစ်ရှောင် ၁ သောင်းခန့် စားနပ်ရိက္ခာ ပြတ်လပ်နေ
သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင်၁ သောင်းခန့် စားနပ်ရိက္ခာ ပြတ်လပ်မှုဖြစ်ပြီး အကူအညီလိုအပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင် ၁သောင်းခန့်သည် ၂၀၂၄ ဇန်နဝါရီလ မှစ၍ လက်ရှိအချိန်ထိ အလှူရှင်မရှိသဖြင့် ကြုံရာကျပန်း လုပ်သော်လည်း အလုပ်အကိုင်ရှားပါးမှုကြောင့် စားနပ်ရိက္ခာများ ပြက်လပ်မှုဖြစ်ပွားနေကြောင်း စစ်ရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...





