ကျားဖြန့်

တရုတ်အစိုးရ ဖိအားကြောင့် စစ်ကောင်စီ က မူဆယ် ကျားဖြန့်များဖမ်းဆီးမှုကြမ်းနေ

သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့် နေရာများကိုစစ်ကောင်စီ မှ ဝင်ရောက် ဖမ်းဆီးနေပြီး ပြည်သူစစ်များ နှင့် ပစ်ခတ်မှုဖြစ်ပွားမှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၂၃ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သားများ နှင့် ၎င်း၏ လက်အောက်ခံ ရဲများက လွိုင်ဆုတောင်၊ (ဆုတောင်းပြည့်)...

‘ဝ’အရာရှိဟောင်းနှစ်ဦး ထပ်မံရှာဖွေခံရပြီးနောက် UWSA က တရုတ်ကျားဖြန့် ၃၀၀ ကျော်ကို တရုတ်ရဲထံ လွှဲအပ်

သျှမ်းပြည် ‘ဝ’ဒေသအတွင်း အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သတင်းသိရသည်။ ဩဂုတ်လ (၁၆) ရက်တွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသ ပန်ဆန်းမြို့ရှိ တရားစီရင်ရေးဌာန လက်အောက်ခံ...

တရုတ်ကျားဖြန့် ၁၀ ဦးကို UWSA က တရုတ်ရဲတပ်ဖွဲ့ထံ လွှဲအပ်

သျှမ်းပြည် ‘ဝ’ဒေသအတွင်း အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၀ ဦးကို ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၁ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသ ပန်ဆန်းမြို့ရှိ...

သျှမ်းမြောက်တွင် ကျားဖြန့်တိုက်ဖျက်ရေးခေါင်းစဉ်ကနေ နယ်ချဲ့တိုက်ခိုက်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

သျှမ်းမြောက်တွင် ကျားဖြန့်တိုက်ဖျက်ရေး ခေါင်းစဉ်ဖြင့် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့က နယ်မြေချဲ့ထွင် တိုက်ခိုက်လာနေသဖြင့် လုံခြုံရေးအတွက် အလေးထား ဆောက်ရွက်နေရသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြောက ပြောဆိုလိုက်သည်။ ယနေ့ ဇူလိုင် ၁၀ ရက်တွင် စစ်ကောင်စီမီဒီယာမှတစ်ဆင့် စစ်ကောင်စီ၏...

သျှမ်းပြည်နယ် စစ်အစိုးရ အတွင်းရေးမှူးကို စစ်ကောင်စီ ဖမ်းဆီး

သျှမ်းပြည်နယ် စစ်အစိုးရ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း ကို ယမန်နေ့ (မေလ ၂၉ ရက်) ညပိုင်းက တောင်ကြီးမြို့ နေအိမ်တွင် စစ်ကောင်စီ လာရောက် ဖမ်းဆီးသွားကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။ ပင်စင်ယူရန် လပိုင်းသာ လိုတော့သည့် ဦးစိုင်းသော်ဝင်း ကို ကျားဖြန့်...

ကျားဖြန့်လုပ်ငန်း ပတ်သက်မှု ပြည်ထဲရေး ဒုဝန်ကြီးနှင့် ဗိုလ်ချုပ်များ စစ်ကြောရေးရောက်

အွန်လိုင်းလိမ်လည်ဂိုဏ်း-ကျားဖြန့် လုပ်ငန်းများနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း အပါအဝင် စစ်ဗိုလ်ချုပ်များ စစ်ကြောခံနေရသည်ဟု စစ်ဘက် သတင်းရင်းမြစ်က ယနေ့ (ဧပြီလ ၄ ရက်) တွင် အတည်ပြု ပြောသည်။ တရုတ်နိုင်ငံမှ ပေးပို့သည့် သျှမ်းမြောက်နှင့် ကရင်ပြည်နယ်၊ ရွှေကုက္ကိုဒေသ အခြေစိုက်...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တစ်ထောင်ကျော် ဖမ်းဆီးခံရ၊ မြန်မာလူငယ်များကို ငွေဖြင့် ပြန်ရွေးခိုင်း

သျှမ်းပြည် မူဆယ်မြို့နယ်တွင် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ရာ လူ တစ်ထောင်ကျော်ကို ဖမ်းဆီးခံရကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၇ ရက် ညပိုင်းမှ စတင်ပြီး မူဆယ်မြို့တွင် ဖွင့်လှစ်လုပ်ကိုင်နေသည့် အွန်လိုင်းကျားဖြန့် လုပ်ငန်းများကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာနှင့် တရုတ်နိုင်ငံသား စုစုပေါင်း...

တာချီလိတ် အွန်လိုင်းလောင်းကစား လူငယ် (၅၄၀) ဦး ပြန်မလွှတ်သေး

ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဖမ်းဆီးခံထားရသည့် အွန်လိုင်းလောင်းကစားလုပ်ကိုင်သည့် မြန်မာနိုင်ငံသားလူငယ် (၅၄၀) ဦး ရက်သတ္တ ၂ ပတ်ကြာ ပြန်မလွှတ်သေးကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မြို့ 1G1 ဟိုတယ်အနီးရှိ အွန်လိုင်းလုပ်ငန်းနေရာကို ဖေဖော်ဝါရီလ ၂၃ ရက် ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းခဲ့ရာ နိုင်ငံခြားသားအပါအဝင် မြန်မာနိုင်ငံသား...

မင်းအောင်လှိုင်၏ လည်မျိုကိုညှစ်နေသည့် တရုတ် ဖမ်းဝရမ်း

ကျားဖြန့်ခေါ် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရေး ခေါင်းစဥ်ဖြင့် သျှမ်းမြောက်၌ စတင်ခဲ့သည့် ညီနောင်မဟာမိတ် သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” ကာလ အတွင်း တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသားများကို ဖမ်းဝရမ်းများ ထုတ်ခဲ့သည်။ ယင်းသို့ တရုတ်နိုင်ငံက ဖမ်းဝရမ်း ထုတ်ခဲ့သူများ အနက် ကိုးကန့်ဒေသကို အုပ်ချုပ်နေသည့် မိသားစုကြီး...

“ဝ”တပ်ဖွဲ့ UWSA မှ ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ၂ ဦး ကို မိုင်းရှူး အထိ လာရောက်ရှာဖွေ

သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် တရုတ်က အလိုရှိနေသည့် “ဝ”တပ်ဖွဲ့ UWSAမှ ကျားဖြန့်ဂိုဏ်းခေါင်းဆောင် အရာရှိ ၂ ဦးကို တရုတ်ရဲဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့မှ လာရောက်ရှာဖွေခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့က မိုင်းရှူးမြို့နယ်တွင် တရုတ်ရဲဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့နှင့် ဒေသခံ လက်နက်ကိုင်...

Latest news