ထိုင်းဘက်မှ လူသုံးကုန်ပစ္စည်း တင်သွင်းခွင့်ပိတ်ပင်မှုကြောင့် တာချီလိတ်တွင် အိမ်သုံးဂက်စ် ဈေးတက်

ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများ နှိမ်ရင်းရန်အတွက် ထိုင်းအစိုးရက လူသုံးကုန်ပစ္စည်းများ တင်သွင်းခွင့် ပိတ်ပင်မှုကြောင့် တာချီလိတ်မြို့တွင် မီးဖိုချောင်သုံးဂက်စ် (Gas)များ ဈေးနှုန်းမြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ စက်သုံးဆီနှင့်အတူ ဂက်စ်တင်သွင်းမှု ပိတ်ထားသည့်အတွက် ဂက်စ်ဝင်ရောက်မှု နည်းလာကာ ဈေးနှုန်းမြင့်လာရခြင်း ဖြစ်ကြောင်း တာချီလိတ်မြို့ အိမ်ရှင်မတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မီးဖြတ်၊ ဆီဖြတ်နဲ့ အခုဂက်စ် (Gas) လည်း စနေပြီ။ တချို့ရောင်းတောင် မရောင်ပေးကြဘူး။ ပြတ်နေတယ်ဆိုပြီး ပြောတယ်။ ဂက်စ်ကတော့ ၂ ဆဖြစ်သွားပြီ” ဟု ၎င်းကပြောသည်။

တာချီလိတ်မြို့တွင် ယခင်က အလေးချိန် (15 Kg) ဂက်စ်အိုး ၁ အိုးလျှင် ထိုင်းဘတ်ငွေ ၈၅၀ ဘတ်ရှိ (မြန်မာကျပ်ငွေ တစ်သိန်းဝန်းကျင်)မှ ယခုအခါ ၁,၅၀၀ ဘတ် (မြန်မာကျပ်ငွေ တစ်သိန်းခွဲ နှစ်သိန်းဝန်းကျင် ) အထိ မြင့်တက်လာနေကြောင်း ဒေသခံများကပြောသည်။

ထို့ပြင် လူသုံးကုန် ပစ္စည်းများဖြစ်သည့် မိုဘိုင်းဖုန်း၊ ဘထ္ထရီ၊ အင်ဗာတာ၊ မီးစက်၊ ဆိုလာပြား၊ မိုဘိုင်းကိရိယာများ၊ ကေဘယ်လ်ကြိုး စသည့်ဖြင့် အွန်လိုင်းငွေလိမ် လုပ်ငန်းတွင် အသုံးပြုနိုင်သော လျှပ်စစ်နှင့် ကွန်ပျူတာ ဆော့ဖ်ဝဲများကို ထိုင်းအစိုးရက တင်သွင်းခွင့် ပိတ်ပင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

15Kg ဂတ်စ်အို

ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်ပြီး ထိုင်းအစိုးရသည် မြန်မာနယ်စပ်ဒေသမှာ အခြေစိုက်နေသည့် ကျားဖြန့်လုပ်ငန်းများ နှိမ်နှင်းမည်ဟုဆိုကာ လျှပ်စစ်နှင့် လောင်စာဆီများအပါအဝင် လူသုံးကုန်ပစ္စည်းများအား ကန့်သတ်ပိတ်ပင်လိုက်ပြီးနောက် ဒေသခံများ အခက်ခဲကြုံတွေ့နေရကြောင်း တာချီလိတ်မြို့ခံတစ်ဦး ကပြောသည်။

“အခုနောက်ပိုင်း တာချီလိတ်မှာနေရတာ သိပ်အဆင်မပြေတော့ဘူး။ ဈေးရောင်းလည်း တော်တော်ပါးတယ်။ မီးလည်း ၅ နာရီလာ၊ ၅ နာရီပျက်နေတာ။ သောက်ရေသန့်လည်း ၁၅ ဘတ်ကနေ ၂၀ အထိ ဖြစ်သွားပြီ” ဟု တာချီလိတ်မြို့ခံတစ်ဦးက ပြောသည်။

လက်ရှိ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ ပေးလွှတ်သည့် လျှပ်စစ်မီးများ ဖြတ်တောက်ခံရသော်လည်း လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အားလိုင်းများဖြင့် အသုံးပြုနေရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်တွင် အထူးစုံစမ်းစစ်ဆေးဌာန (DSI) က ထိုင်း-မြန်မာနယ်စပ် မြိုဝတီမြို့နယ်အတွင်း အွန်လိုငွေလိမ်လုပ်ငန်း တည်ထောင်လုပ်နေကိုင်နေသည့် ကရင်နယ်ခြားစောင့် တပ်မှူး စောချစ်သူအပါအဝင် ခေါင်းဆောင် ၃ ဦးကို လူကုန်ကူးမှုသံသယဖြင့် ဝမ်းဝရမ်းထုတ်ရန် အစိုးရရှေ့ထံ တင်ပြခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

ကျေးသီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၃ ဦး ထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် စစ်ကောင်စီတပ် စစ်ကြောင်းများက ကျေးသီးမြို့နယ်အတွင်း ရှာဖွေဖော်ထုတ်ရာမှ ကျေးသီးမြို့၊ ဝမ်ဖွန်းကျေးရွာ၏ မြောက်ဘက် နှင့်...