ကျားဖြန့်လုပ်ငန်းထဲ ရောက်ရှိနေသည့် စစ်ရှောင်လူငယ်များ မိဘနှင့် အဆက်အသွယ်ပြတ်

သျှမ်းပြည်မြောက်ပိုင်း စစ်ရှောင်လူငယ်များသည် စားဝတ်နေရေးအတွက် ကျားဖြန့်လုပ်ငန်းထဲတွင် သွားရောက်လုပ်ကိုင်ကြပြီး၊ လက်ရှိတွင် ၎င်းလူငယ်များနှင့် အဆက်အသွယ် ပြတ်နေသဖြင့် မိဘများ စိုးရိမ်လာနေကြောင်း စုံစမ်းသိရသည်။

စစ်အာဏာသိမ်းပြီး “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်း တကြောရှိ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်၊ သိန္နီ စသည့် မြို့နယ်အများစုသည် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်အကြား တိုက်ပွဲများနှင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် မြို့နေလူထု အများစုမှာ ဘေးလွတ်ရာ အခြားဒေသသို့ စစ်ရှောင်ခဲ့ရသည်။

၎င်းစစ်ဘေးရှောင်များထဲ အများစုသည် ကျားဖြန့်လုပ်ငန်းထဲသို့ သွားရောက်လုပ်ကိုင်ကြသည့် လူငယ်များဖြစ်ပြီး၊ ယခင်က မိဘများထံသို့ မကြာခဏ ဆက်သွယ်မှုများ ပြုလုပ်သော်လည်း ယခု ၃ လခန့် ၎င်းလူငယ်များနှင့် အဆက်အသွယ် ပြတ်သွားခြင်းကြောင့် အသက်အန္တရာယ် ထိပါးလာမည်ကို စိုးရိမ်လာနေကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုင်းမှ ကယ်ထုတ်လာသည့် ကျားဖြန့်လုပ်ကိုင်သူများ

“ကျားဖြန့်လုပ်ငန်းထဲက လူငယ်တချို့ဆို လူကုန်ကူးခံရလို့ ရောက်သွားတာရှိတယ်၊ တမင်သက်သက် လုပ်ချင်လို့ စစ်ရှောင်ရင်း ရောက်သွားတာလည်း ရှိကြတယ်။ အဆက်အသွယ် မရတာ ၃လရှိပြီ၊ ဘယ်လိုတွေများ ဖြစ်နေကြမလဲ အရမ်းစိတ်ပူရတယ်။ ပြန်လာလို့လည်း မရဘူး သူတို့က။ အသက်အန္တရာယ် ထိပါးလာမှာကို ကြောက်နေရတယ်”ဟု ၎င်းစစ်ရှောင် အမျိုးသမီးက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်း ၊ မူဆယ်နှင့် ကရင်ပြည်နယ် ရွှေကုက္ကိုလ်၊ မြဝတီတို့မှတစ်ဆင့် မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံရှိ ကိုယ်ပိုင်ကျွန်းများရှိ ကျားဖြန့်လုပ်ငန်းထဲသို့ ရွှေ့ပြောင်းရောက်ရှိသွားသည့် လူငယ်များသည် နေရပ်သို့ ပြန်လာရန် အခွင့်အလမ်း နည်းပါးကြောင်း ၎င်းလူငယ်များ၏ မိဘများထံမှ သိရသည်။

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဒုဝန်ကြီးသည် နေပြည်တော်သို့ ဖေဖော်ဝါရီ တတိယပတ်အတွင်း ရောက်ရှိလာပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးတို့ကို တွေ့ဆုံခဲ့သည်။

၎င်းနောက်တွင် အွန်လိုင်းကျားဖြန့် တိုက်ဖျက်ရေး အပါအဝင် လူကုန်ကူးခံရသူများ ကယ်ထုတ်နိုင်ရေးအတွက် ထိုင်း-မြန်မာ-တရုတ် သုံးနိုင်ငံ အတူပူးပေါင်း လုပ်ကိုင်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပေကျင်းမြို့ သတင်းစာရှင်းလင်းပွဲ၌ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ပြောကြားသည်။

“ကျမတို့လည်း နေ့တိုင်းတော့ သတင်းတွေ နားထောင်ဖြစ်တယ်။ အဆက်အသွယ်များ ပြန်ရမလားလို့ နေ့တိုင်းလည်း ဆက်ကြည့်တယ် ကလေးတွေကို။ အခုက မြဝတီဘက်မှာ ကျားဖြန့်လုပ်ကိုင်သူတွေကို BGF ကရင်နယ်ခြားစောင့်တပ်တွေက ကျားဖြန့်ပပျောက်အောင်ဆိုပြီး နေ့တိုင်းဖမ်းပြီး ပြန်ပို့ပေးကြတယ်တဲ့။ ကျမတို့ မြန်မာပြည်သူ ကလေးတွေလည်း ပြန်လွတ်ပေးပါ့မလား မသိဘူး”ဟု ကျားဖြန့်လုပ်နေသည့် လူငယ်တစ်ဦး၏ မိခင်ဖြစ်သူက ပြောသည်။

မြဝတီမြို့မှ ကျားဖြန့်လုပ်ငန်းတွင် ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်သူများကို ကျားဖြန့်သူဌေးများက မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံရှိ ကိုယ်ပိုင်ကျွန်းများတွင် သွားရောက်နေထိုင် အလုပ်လုပ်ရန် နိုင်ငံခြားကူးလက်မှတ် Passport တို့ကိုပါ လုပ်ပေးပြီး ၎င်းကျွန်းများတွင် သွားရောက်အလုပ်လုပ်သူ များပြားလာနေကြောင်း မလေးကျွန်းရောက် ကျားဖြန့်လူငယ်တစ်ဦးက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၇ ရက်) နံနက်ပိုင်းအချိန်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဒုဝန်ကြီးနှင့် အဖွဲ့သည် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်-(၁) မှ တဆင့် မြဝတီမြို့သို့ ဝင်ရောက်ခဲ့ပြီး ကျားဖြန့်ဂိုဏ်းများထံမှ လွတ်မြောက်လာသူများကို ထိန်းသိမ်းထားသည့် ယာယီစခန်းနေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...