TNLA

သျှမ်း/မြောက် နမ္မတူတွင် RCSS နှင့် TNLA တို့ပစ်ခတ်မှုဖြစ်ပွါး 

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်အတွင်း ယနေ့ မနက်ပိုင်းက RCSS/SSA နှင့် TNLA တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာလ ၇ ရက် ယနေ့မနက်ပိုင်း နမ္မတူမြို့နယ်ရှိ မန်စံကျေးရွာအုပ်စု ပန်တောင်းတံတား တွင် ( RCSS/SSA) နှင့် TNLA တို့...

မိုးကုတ်တွင် TNLA နှင့် အစိုးရတပ် တိုက်ပွဲဖြစ်၊ ဒေသခံတချို့စစ်ရှောင်နေရ

မိုးကုတ်မြို့နယ် အတွင်း တအာင်း(ပလောင်) တပ်မတော် TNLA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတချို့ မြို့ပေါ်သို့ ထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာ ၂၄ ရက် ယမန်နေ့ည ၈နာရီဝန်းကျင်က မိုးကုတ်မြို့ ကျောက်ဝါကျေးရွာအနီးတွင် TNLA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားရာ ဒေသခံတချို့ မိုးကုတ်မြို့ပေါ်ရှိနီးစပ်ရာ...

၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ် FPNCC မတက်ရောက်နိုင်ကြောင်းကြေညာ

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးကို ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC ) အဖွဲ့ဝင်များ မတက်ရောက်နိုင်ကြောင်း ယနေ့ သြဂုတ် ၁၃ ရက်စွဲဖြင့်ကြေညာချက်ထုတ်လိုက်သည်။ FPNCC အဖွဲ့ဝင်များသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်...

RCSS နှင့် TNLA စစ်ရေးတင်းမာမှု နမ္မတူမြို့နယ် စစ်ရှောင် ၂၀၀ ကျော်ရှိ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်း RCSS နှင့် TNLA တို့ကြားစစ်ရေးတင်းမာမှုကြောင့် မန်စံ ကျေးရွာ ဘုန်းကြီးကျောင်းသို့ စစ်ရှောင် ၂၃၀ ကျော် ရောက်ရှိတိမ်းရှောင်နေကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်းနမ္မတူမြို့နယ် မန်စံကျေးရွာ အနီး သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး...

ကွတ်ခိုင်မြို့နယ် အတွင်း TNLA နှင့်အစိုးရတပ် တိုက်ပွဲ ဆက်တိုက်ဖြစ်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း ယခုရက်ပိုင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နှင့် မူဆယ်မြို့နယ် အတွင်း မေ ၂၉ ရက်မှ စတင်ကာ ယနေ့ ဇွန် ၄ ရက်ထိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်...

မူဆယ်မြို့နယ် TNLA နှင့် အစိုးရတပ်မတော် တိုက်ပွဲ ၂ကြိမ်ဖြစ်ပွား

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်အွမ်ရွာ အနီး တွင် ယနေ့မနက်ပိုင်း တိုက်ပွဲ ၂ကြိမ် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ မေလ ၃၁ ရက် ယနေမနက်ပိုင်းက တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်အစိုးရတပ်မတော်တို့ကြာတိုက်ပွဲဖြစ်ပွါးခြင်းဖြစ်သည်။ “ ဒီမနက် ၆ နာရီခွဲ မှာ...

ကွတ်ခိုင်-နမ့်ဖတ်ကာ ကြား စစ်တပ် ကားတစီး တိုက်ခိုက်ခံရ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားကာ မြန်မာစစ်တပ် ကားတစီး လက်နက်ကြီးထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ မနက် ၁၀နာရီတွင် ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ကျေးရွာ အနီးတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာ့စစ်တပ် ကားထိမှန်ခဲ့သည် ဟု တအာင်း...

နမ့်ခမ်းမြို့နယ် အတွင်း တိုက်ပွဲပြင်းထန် ၂ ဦးသေဆုံး

သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်း တိုက်ပွဲ နေရာ ၅ နေရာဖြစ်ပွားကာ ၂ ဦးကျဆုံးကြောင်း သတင်းရရှိသည်။ ့မတ်လ ၁၅ ရက် မနက် ၅ နာရီ အချိန်ကစတင်သည့်တိုက်ပွဲသည် ညနေပိုင်းထိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရ...

ကွတ်ခိုင်မြို့နယ် တွင် အမျိုးသားတဦး သေနတ်ပစ်ခံရ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန် ကျေးရွာအုပ်စု တွင် အမျိုးသားတဦး သေနတ်ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၉ ရက် ည ၇နာရီ ဝန်းကျင်တွင် တာမိုးညဲ ဘက်မှ ဆိုင်ကယ်ဖြင့် ပြန်လာသည့် အမျိုးသား ၂ဦးကို တအာင်း(ပလောင် ) အမျိုးသား...

လားရှိုးမန်ဆူ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် ၅၀၀ ကျော် ရောက်ရှိတိမ်းရှောင်နေ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ မန်ဆူ ဘုန်းကြီးကျောင်းတွင် ယမန်နေ့ (ဒီဇင်ဘာ ၁၉ ) ည ၄နာရီတွင် စစ်ရှောင် ၅၀၀ကျော် ရောက်ရှိလာကြောင်း သတင်းရရှိသည်။ လက်ရှိ လားရှိုး မန်ဆူ ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသူများသည် လွယ်တောက်ကျေးရွာ၊ ပန်ဟုန်းကျေးရွာ မှ ပြည်သူများဖြစ်ကြပြီး ထိုသူများသည်...

Latest news