Tuesday, January 27, 2026

နမ့်ခမ်းမြို့နယ် အတွင်း တိုက်ပွဲပြင်းထန် ၂ ဦးသေဆုံး

သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်း တိုက်ပွဲ နေရာ ၅ နေရာဖြစ်ပွားကာ ၂ ဦးကျဆုံးကြောင်း သတင်းရရှိသည်။

Photo Credit to PSLF/TNLA

့မတ်လ ၁၅ ရက် မနက် ၅ နာရီ အချိန်ကစတင်သည့်တိုက်ပွဲသည် ညနေပိုင်းထိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရ တပ်မတော်၊ ပန်းဆေး ပြည်သူ့စစ် တို့နှင့် ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ မနက် ၄ နာရီ လောက်က စဖြစ်တာ။ နမ့်ခမ်းမြို့နယ် ထဲက နေရာ ၅ နေရာဖြစ်ပါတယ်။ လက်နက်ကြီးတွေက နေအိမ်တွေ ဈေးတွေထဲကျတယ်။ အခုထိ တိုက်ပွဲက ဖြစ်နေတုန်းပါ ” ဟု ခိုလုံ လီရှော လူငယ်အဖွဲ့ မှ တာဝန်ခံ အမျိုးသမီး တဦးက ပြောသည်။

ယမန်နေ့ကတိုက်ပွဲဖြစ်ပွားသည့် နမ့်ခမ်းမြို့နယ် ၅ နေရာမှာ လီရှောမန်ပန်ရွာ၊ ရှောက်ကုန်းကန်ရွာ၊ ပန်းဆေးရွာ၊ တာကွန်ရွာ နှင့် မန့်မိုင် ကျေးရွာတို့ဖြစ်ကြောင်းသိရသည်။

“ မန့်မိုင် မှာက ၂ ဦးသေတယ်။ အရပ်သားတွေ ပိတ်မိနေသေးတယ်” ဟု ၎င်း အမျိုးသမီး က ဆိုသည်။

ထို တိုက်ပွဲသည် TNLA မှ စတင်တိုက်ခိုက်လာပြီး ပန်းဆေးပြည်သူ့စစ် အနေဖြင့် မိမိတပ်စခန်းကို ကာကွယ်ရသဖြင့် ပြန်လည်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ အစိုးရ တပ်မတော် မှ တပ်သားများ ပါဝင်ခြင်း ရှိ၊ မရှိ မသိရှိသေးကြောင်းလည်း အဆိုပါ အမျိုးသား က ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲနှင့် ပတ်သက်ပြီး TNLA မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး တားအိုက်ကျော် က “ တိုက်ပွဲက နေရာ ၃ နေရာ ၅ နေရာလောက်ဖြစ်တယ်။ ဖြစ်တဲ့နေရာတွေက ပန်းဆေးပြည်သူ့စစ်စခန်း ဝန်းကျင်မှာဖြစ်ပါတယ်” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ယနေ့ တိုက်ပွဲဖြစ်ရသည့် အကြောင်းရင်းမှာ TNLAအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်နေစဉ် အစိုးရ တပ်မတော် နှင့် ပန်းဆေး ပြည်သူ့စစ် တို့မှ စတင်ပစ်ခတ် ခြင်းဖြစ် ကြောင်း ဗိုလ်မှူး တားအိုက်ကျော် က ပြောသည်။

“ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်တိုင်း တိုက်ပွဲက ပြင်းထန်ပါတယ်။ သေဆုံးဦးရေ ကတော့ ကျနော် စာရင်း အတိအကျမသိရသေးဘူး” ဟုလည်း ဗိုလ်မှူး တားအိုက်ကျော် ကဆိုသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲ အခြေအနေကို သျှမ်းသံတော်ဆင့်မှ တပ်မတော်သတင်းမှန် ပြန်ကြားရေး ကို ဆက်သွယ်မေးမြန်းရာ ပြန်လည် ဖြေကြားခြင်းမရှိပေ။

သေဆုံးသူ ၂ ဦးသည်လည်း အရပ်သား ဟုတ်မဟုတ် အတိအကျ မသိရသေးပေ။

တိုက်ပွဲသည် နမ့်ခမ်းမြို့ နှင့် မိုင် ၃၀ ခန့်သာ ဝေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...