နမ့်ခမ်းမြို့နယ် အတွင်း တိုက်ပွဲပြင်းထန် ၂ ဦးသေဆုံး

သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်း တိုက်ပွဲ နေရာ ၅ နေရာဖြစ်ပွားကာ ၂ ဦးကျဆုံးကြောင်း သတင်းရရှိသည်။

Photo Credit to PSLF/TNLA

့မတ်လ ၁၅ ရက် မနက် ၅ နာရီ အချိန်ကစတင်သည့်တိုက်ပွဲသည် ညနေပိုင်းထိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရ တပ်မတော်၊ ပန်းဆေး ပြည်သူ့စစ် တို့နှင့် ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ မနက် ၄ နာရီ လောက်က စဖြစ်တာ။ နမ့်ခမ်းမြို့နယ် ထဲက နေရာ ၅ နေရာဖြစ်ပါတယ်။ လက်နက်ကြီးတွေက နေအိမ်တွေ ဈေးတွေထဲကျတယ်။ အခုထိ တိုက်ပွဲက ဖြစ်နေတုန်းပါ ” ဟု ခိုလုံ လီရှော လူငယ်အဖွဲ့ မှ တာဝန်ခံ အမျိုးသမီး တဦးက ပြောသည်။

ယမန်နေ့ကတိုက်ပွဲဖြစ်ပွားသည့် နမ့်ခမ်းမြို့နယ် ၅ နေရာမှာ လီရှောမန်ပန်ရွာ၊ ရှောက်ကုန်းကန်ရွာ၊ ပန်းဆေးရွာ၊ တာကွန်ရွာ နှင့် မန့်မိုင် ကျေးရွာတို့ဖြစ်ကြောင်းသိရသည်။

“ မန့်မိုင် မှာက ၂ ဦးသေတယ်။ အရပ်သားတွေ ပိတ်မိနေသေးတယ်” ဟု ၎င်း အမျိုးသမီး က ဆိုသည်။

ထို တိုက်ပွဲသည် TNLA မှ စတင်တိုက်ခိုက်လာပြီး ပန်းဆေးပြည်သူ့စစ် အနေဖြင့် မိမိတပ်စခန်းကို ကာကွယ်ရသဖြင့် ပြန်လည်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ အစိုးရ တပ်မတော် မှ တပ်သားများ ပါဝင်ခြင်း ရှိ၊ မရှိ မသိရှိသေးကြောင်းလည်း အဆိုပါ အမျိုးသား က ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲနှင့် ပတ်သက်ပြီး TNLA မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး တားအိုက်ကျော် က “ တိုက်ပွဲက နေရာ ၃ နေရာ ၅ နေရာလောက်ဖြစ်တယ်။ ဖြစ်တဲ့နေရာတွေက ပန်းဆေးပြည်သူ့စစ်စခန်း ဝန်းကျင်မှာဖြစ်ပါတယ်” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ယနေ့ တိုက်ပွဲဖြစ်ရသည့် အကြောင်းရင်းမှာ TNLAအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်နေစဉ် အစိုးရ တပ်မတော် နှင့် ပန်းဆေး ပြည်သူ့စစ် တို့မှ စတင်ပစ်ခတ် ခြင်းဖြစ် ကြောင်း ဗိုလ်မှူး တားအိုက်ကျော် က ပြောသည်။

“ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်တိုင်း တိုက်ပွဲက ပြင်းထန်ပါတယ်။ သေဆုံးဦးရေ ကတော့ ကျနော် စာရင်း အတိအကျမသိရသေးဘူး” ဟုလည်း ဗိုလ်မှူး တားအိုက်ကျော် ကဆိုသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲ အခြေအနေကို သျှမ်းသံတော်ဆင့်မှ တပ်မတော်သတင်းမှန် ပြန်ကြားရေး ကို ဆက်သွယ်မေးမြန်းရာ ပြန်လည် ဖြေကြားခြင်းမရှိပေ။

သေဆုံးသူ ၂ ဦးသည်လည်း အရပ်သား ဟုတ်မဟုတ် အတိအကျ မသိရသေးပေ။

တိုက်ပွဲသည် နမ့်ခမ်းမြို့ နှင့် မိုင် ၃၀ ခန့်သာ ဝေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...