မူဆယ်မြို့နယ် TNLA နှင့် အစိုးရတပ်မတော် တိုက်ပွဲ ၂ကြိမ်ဖြစ်ပွား

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်အွမ်ရွာ အနီး တွင် ယနေ့မနက်ပိုင်း တိုက်ပွဲ ၂ကြိမ် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

မေ ၂၉ ရက်တွင် TNLA နှင့် အစိုးရ တပ်မတော် တိုက်ပွဲဖြစ်ပွားပြီး အစိုးရ တပ်ကး တစီး လက်နက်မှန်သည့် ပုံ ( Photo by TNLA)

မေလ ၃၁ ရက် ယနေမနက်ပိုင်းက တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်အစိုးရတပ်မတော်တို့ကြာတိုက်ပွဲဖြစ်ပွါးခြင်းဖြစ်သည်။

“ ဒီမနက် ၆ နာရီခွဲ မှာ မူဆယ်မြို့ နမ့်အွမ်ရွာ အထက် တောထဲမှာ တကြိမ်၊ နောက် ၇ နာရီခွဲကျော်မှာ နမ့်အွမ်ရွာ အထွက် သကြားစက်ရုံ နားမှာ တကြိမ် ဖြစ်ပွားခဲ့တယ်” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာ့အိုက်ကျော် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

အစိုးရတပ်မတော်မှ TNLA လှုပ်ရှားသည့် တောပိုင်းသို့ဝင်ရောက်လာသဖြင့် ထိတွေ့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲသည် ၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့ကြောင်း ဗိုလ်မှူး တာ့အိုက်ကျော် က ပြောသည်။

လက်ရှိ မှာ တိုက်ပွဲများ မဖြစ်ပွားသော်လည်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ အခြေစိုက် မြန်မာ့တပ်မတော် က နမ့်အွမ်ရွာ ဘက်သို့လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေကြောင်း ဗိုလ်မှူး တာ့အိုက်ကျော် က ထပ်လောင်းပြောသည်။

“နမ့်ဖတ်ကာ ဘက်ကနေ တော့ လက်နက်ကြီးတွေ ပစ်နေတုန်းပဲ” ဟု ဗိုလ်မှူး တာ့အိုက်ကျော် က ဆိုသည်။

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင် မြို့နယ် နှင့် မူဆယ်မြို့နယ် အတွင်း တိုက်ပွဲများ ဆက်တိုက်ပြန်လည် ဖြစ်ပွားမှုကြောင့် ခရီးသွားပြည်သူများနှင့် ဒေသခံများ စိုးရိမ်မှု ဖြင့် သွားလာနေရကြောင်း သိရသည်။

“ ဒီမနက် သေနတ်သံတော့ ပြန်ကြားတယ်။ သေနတ်သံက သိပ်မကြာဘူး၊ လက်နက်ကြီးသံရောပဲ။ တိုက်ပွဲတွေ ဒီထက်ဆိုးလာမှာတော့ ကြောက်နေရတယ်” ဟု နမ့်အွမ်ဒေသခံတဦး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

TNLA နှင့် မြန်မာ တပ်မတော်သည် လက်ရှိကမ္ဘာတဝှမ်းနှင့် အတူ မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသည့် ကူးစက်မြန် အဆုတ်ရောင် ရောဂါ ကိုဗစ်-၁၉ ကာကွယ် တားဆီးရန် အတွက် တိုက်ပွဲများရပ်တန့်ရန် သက်တမ်းတိုးထားသည် ကို ကြေညာထားသည့် တပ်ဖွဲ့များဖြစ်ကြောင်းသိရသည်။

မေ ၂၉ ရက်တွင်လည်း သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်-နမ့်ဖတ်ကာ ကြား တွင် TNLA နှင့် မြန်မာတပ်မတော်တို့တိုက်ပွဲဖြစ်ပွားကာ မြန်မာ့တပ်မတော်ဘက်မှ ကားတစီး လက်နက်ထိမှန်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...