လားရှိုးမန်ဆူ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် ၅၀၀ ကျော် ရောက်ရှိတိမ်းရှောင်နေ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ မန်ဆူ ဘုန်းကြီးကျောင်းတွင် ယမန်နေ့ (ဒီဇင်ဘာ ၁၉ ) ည ၄နာရီတွင် စစ်ရှောင် ၅၀၀ကျော် ရောက်ရှိလာကြောင်း သတင်းရရှိသည်။

Photo by ဆရာတော် ပုညနန္ဒ

လက်ရှိ လားရှိုး မန်ဆူ ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသူများသည် လွယ်တောက်ကျေးရွာ၊ ပန်ဟုန်းကျေးရွာ မှ ပြည်သူများဖြစ်ကြပြီး ထိုသူများသည် ဒီဇင်ဘာ ၁၆ ရက်နေ့ တွင် လားရှိုးမြို့နယ် အီနိုင်းကျေးရွာ သို့ တကြိမ် စစ်ဘေးရှောင် ခဲ့ဖူးသူများဖြစ်ကြသည်။

“ မနေ့ကညနေ ၄နာရီ မှ စစ်ရှောင် ၅၀၀ကျော် ရောက်လာတယ်။ သူတို့က အီနိုင်းကျေးရွာ မှာ တခါရှောင်ဖူးတယ်။ တိုက်ပွဲတွေ ငြိမ်ပြီဆိုပြီး ရွာပြန်သွားတယ်။ အခု နောက်ထပ် ပြန်ရှောင်ရပြန်တယ်” ဟု လားရှိုး မန်ဆူဘုန်းကြီးကျောင်းမှာ ဆရာတော် ဦးပုညနန္ဒ က မိန့်ကြားသည်။

စစ်ရှောင် ၅၀၀ ကျော် အတွက် အစားအသောက်ကို အလှူရှင်များ လာရောက် လှူဒါန်းပြီး၊ စစ်ရှောင် အတွက် ကျန်းမာရေး ကိုလည်း ကြည့်ရှု့ပေးကြောင်း ဆရာတော် ဦးပုညနန္ဒ က မိန့်သည်။

Photo by ဆရာတော် ပုညနန္ဒ

“ စစ်ရှောင်ထဲမှာ ကလေးတွေ က ပိုများတယ်။ အေးတဲ့အချိန်ဆိုတော့နှာစေး၊ ချောင်းဆိုး အဖြစ်များတယ်” ဟု ဆရာတော် က ထပ်မံ မိန့်သည်။

တိုက်ပွဲများငြိမ်သွားပြီး စိတ်ချသည့် အချိန်မှ နေရပ်ပြန်ရန်၊ ထိုသို့မဟုတ်ပါက မကြာခဏ စစ်ရှောင်နေရမည် ဟုလည်း ဆရာတော် က ဆိုသည်။

ထို့ပြင် နမ့်ဆန်မြို့နယ် လွယ်ပျက် ကျေးရွာ အနီးတွင် TNLA နှင့် မြန်မာ့ တပ်မတော် တို့ယနေ့ ထိ နေ့တိုင်းတိုက်ပွဲဖြစ်ပွားနေသေးကြောင်း လွယ်ပျက်ဒေသခံများ ပြောပြချက် အရသိရသည်။

“ ဒီနေ့မနက် အစောပိုင်းမှာ သေနတ်သံ ကြားနေရတယ်။ မြန်မာတပ်တွေက ကျနော်တို့ ရွာထဲမှာနေတယ်။ ဘုန်းကြီးကျောင်းနဲ့ နေအိမ်မှာ လာအိပ်တယ်။ကျနော်တို့အခု ရွာထဲမှာပဲ တခြားနေရာ မှာ စုနေရတယ်” ဟု လွယ်ပျက်ဒေသခံ ဦးလှအောင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ဆက်လက်ပြီး အစိုးရတပ်မတော်သည် ကျေးရွာအတွင်း ဝင်အိပ်သည့် အပြင် ပြည်သူများ၏ နေအိမ်ကို မွှေနှောက်ကာ အဝတ်များ၊ဆန်၊ဆီ များနှင့် ပိုက်ဆံများကို ယူဆောင် သွားသည် ဟုလည်း ဦးလှအောင် က ပြောသည်။

“ ပြည်သူတွေ ရဲ့ အိမ်မှာလည်း အိပ်တယ်။ နောက် အိမ်က ပစ္စည်းလည်း ယူတယ်။ အဝတ်အစားတောင် မိန်းမ အဝတ်တွေပါ မကျန် ယူတာ ကျနော် အံ့သြတယ် ” ဟု ဦးလှအောင်က ထပ်လောင်းပြောသည်။

ဒီဇင်ဘာ ၁၅ ရက်တွင် နမ့်ဆန်မြို့နယ် လွယ်ပျက်ကျေးရွာတွင် လက်နက်ကြီး ၃လုံးကျကာ တလုံးသည် နေအိမ်တလုံးပေါ်ကျကာ မီးလောင်ခဲ့ကြောင်း၊ ကျန် ၂လုံးမှာ လွယ်ပျက် ဘုန်းကြီးကျောင်း ဝန်းထဲသို့ ကျကာ ဘုန်းကြီးကျောင်း ပျက်စီးမှု ရှိခဲ့ကြောင်း လွယ်ပျက် ဒေသခံများက ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၉ ) နေ့လည် ၁နာရီ ဝန်းကျင်တွင် လားရှိုးမြို့နယ် လားရှိုး- နမ္မတူ ကားလမ်းပေါ် တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတာ် (TNLA ) နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ထုတ်ပြန်ချက် အရသိရသည်။

ထို့ပြင် ဒီဇင်ဘာ ၁၈ ရက်တွင် လည်းလားရှိုးမြို့နယ် နမ့်ဆန်မြို့နယ် နှင့်မန်တုံမြို့နယ် တွင် TNLA နှင့် မြန်မာ့တပ်မတော် တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...