မိုးကုတ်တွင် TNLA နှင့် အစိုးရတပ် တိုက်ပွဲဖြစ်၊ ဒေသခံတချို့စစ်ရှောင်နေရ

မိုးကုတ်မြို့နယ် အတွင်း တအာင်း(ပလောင်) တပ်မတော် TNLA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတချို့ မြို့ပေါ်သို့ ထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။

Photo by Kone Khur Leng /Facebook https://www.facebook.com/photo/?fbid=2177660122364094&set=a.198223403641119

နိုဝင်ဘာ ၂၄ ရက် ယမန်နေ့ည ၈နာရီဝန်းကျင်က မိုးကုတ်မြို့ ကျောက်ဝါကျေးရွာအနီးတွင် TNLA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားရာ ဒေသခံတချို့ မိုးကုတ်မြို့ပေါ်ရှိနီးစပ်ရာ ဆွေမျိုးများထံ တိမ်းရှောင်နေထိုင်နေရကြောင်း မိုးကုတ်ဒေသခံ စိုင်းလှမောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တိုက်ပွဲသံကြောင့် အဲ့ဒေသက လီဆူတွေနဲ့ရှမ်းတွေ မြို့ပေါ်ရောက်လာတယ်။ အများကြီးတော့မဟုတ်ဘူး။ စိုးရိမ်လို့ ထွက်ပြေးလာကြတာ” ဟု စိုင်းလှမောင် က ဆိုသည်။

ယမန်နေ့ဖြစ်ပွားသည့် တိုက်ပွဲသည် ခေတ္တသာ ဖြစ်ပွားခဲ့သော်လည်း တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်နေကြကြောင်း၊ ထိုနေရာတွင် TNLAနှင့် အစိုးရတပ်မတော် ထိတွေ့မှု မကြာခဏဖြစ်ပွားသည့်နေရာဖြစ်ကြောင်းလည်း စိုင်းလှမောင်က ပြောသည်။

“ မနေ့ကတိုက်ပွဲက ထိတွေ့မှုတိုက်ပွဲပါ။ အချိန်က ၁၅မိနစ်၊၂၀လောက်ပဲဖြစ်တာ။ အရမ်းကြီး စိုးရိမ်စရာ မလိုပါဘူး။ တပ်တွေက ဆုတ်သွားပါပြီ” ဟု TNLA ၏ ပြောရေးဆိုခွင့်ရှိသူ တားအိုက်ကျော် ကသျှမ်းသံတော်ဆင့်ကို ပြောသည်။

လွန်ခဲ့သည့် နိုဝင်ဘာ ၁၉ ရက်တွင်လည်း မိုးကုတ်မြို့တွင် TNLA နှင့် အစိုးရတပ်မတော် တိုက်ပွဲတကြိမ် ဖြစ်ခဲ့သေးကြောင်း၊ ထိတွေ့မှုသာဖြစ်ကြောင်း လည်း တားအိုက်ကျော်က ပြောပြသည်။

ထို့အပြင် ယမန်နေ့ ပစ်ခတ်သည့် လက်နက်နှင့် ပတ်သက်ပြီး ဒေသခံ တချို့ ပြောပြချက် အရ လက်နက်ကြီးများ ပါကြောင်း၊ မိုးကုတ်မြို့အနီးပစ်ခတ်မှုကြောင့် စိုးရိမ်မှုများရှိနေကြခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာသည် ကျောက်တွင်းများရှိနေပြီး၊ အဆိုပါကျောက်တွင်းများမှာ သက်တမ်းကုန်နေသည့်ကျောက်တွင်းများဖြစ်သဖြင့် တူးဖော်မှုရပ်နားထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...