ကွတ်ခိုင်မြို့နယ် အတွင်း TNLA နှင့်အစိုးရတပ် တိုက်ပွဲ ဆက်တိုက်ဖြစ်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း ယခုရက်ပိုင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

ယနေ့ ပစ်ခတ်မှုကြောင့် မီးလောင်သွားသည့် စစ်တပ်ကားပေါ် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ TNLA သတင်းပြန်ကြားရေး)

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နှင့် မူဆယ်မြို့နယ် အတွင်း မေ ၂၉ ရက်မှ စတင်ကာ ယနေ့ ဇွန် ၄ ရက်ထိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေ ၂၉ ရက်က  သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်-နမ့်ဖတ်ကာကြား   TNLAနှင့် အစိုးရ တပ်မတော် တို့တိုက်ပွဲဖြစ်ပွားရာ အစိုးရ တပ်ဘက်မှ စစ်ကားတစီး လက်နက်ထိမှန်ခဲ့ပြီးနောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်လာသည်။

ယနေ့ မနက် ၁၀ နာရီကျော်  ကွတ်ခိုင်မြို့နယ် ရွှေမှော်ကြီးကျေးရွာ အနီး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့ ဇွန် ၃ ရက်က ကွတ်ခိုင်မြို့နယ် ကောင်းနိမ့်ကျေးရွာ အနီး မနက် ၈နာရီခွဲ  ခန့်က  မိနစ် ၂၀ ခန့်အကြာ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း TNLA ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး တာ့အိုက်ကျော် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ဒီနေ့ ကတော့ မနက် ၁၀ နာရီ ၁၅ ကနေ စဖြစ်တာ။ နေ့လည် ၁၁ နာရီထိတော့ နမ့်ဖတ်ကာ အခြေစိုက်တပ် ကနေ လက်နက်ကြီး တွေနဲ့ပစ်တယ်” ဟု တာ့အိုက်ကျော် က ဆိုသည်။

အစိုးရ တပ်မတော်သည် TNLA တပ်စခန်း ရှိသည့်နေရာသို့ စစ်အင်အား တိုးချဲ့လာခြင်း၊ ဖြည့်လာခြင်းတို့ကြောင့် ထိတွေ့မှု ဆက်တိုက်ဖြစ်ရကြောင်း တာ့အိုက်ကျော် က ပြောသည်။

“ နမ့်ဖတ်ကာ တပ်ကနေပြီးတော့ တိုက်ပွဲဖြစ်တဲ့နေရာကို လက်နက်ကြီး ၅လုံးပစ်တယ်။ ထိခိုက်မှု ရှိ၊ မရှိတော့ သေချာ မသိရသေးဘူး” ဟု တာ့အိုက်ကျော်က ပြောသည်။

TNLA နှင့် အစိုးရ တပ်မတော် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေသည့်အပေါ် အစိုးရတပ်မတော် သတင်းမှန် ပြန်ကြားရေး ကို သျှမ်းသံတော်ဆင့် က အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ် မရခဲ့ပေ။

ယမန်နေ့ကလည်း သျှမ်းပြည် အရှေ့ပိုင်း ပုံပါကျင် မြို့နယ် အတွင်း အစိုးရ တပ်မတော်နှင့် နယ်ခြားစောင့်တပ်တို့ပူးပေါင်းပြီး သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်  RCSS/SSA ၏ တပ်စခန်းကို ပစ်ခတ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...