Wednesday, January 28, 2026

ကွတ်ခိုင်မြို့နယ် အတွင်း TNLA နှင့်အစိုးရတပ် တိုက်ပွဲ ဆက်တိုက်ဖြစ်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း ယခုရက်ပိုင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

ယနေ့ ပစ်ခတ်မှုကြောင့် မီးလောင်သွားသည့် စစ်တပ်ကားပေါ် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ TNLA သတင်းပြန်ကြားရေး)

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နှင့် မူဆယ်မြို့နယ် အတွင်း မေ ၂၉ ရက်မှ စတင်ကာ ယနေ့ ဇွန် ၄ ရက်ထိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေ ၂၉ ရက်က  သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်-နမ့်ဖတ်ကာကြား   TNLAနှင့် အစိုးရ တပ်မတော် တို့တိုက်ပွဲဖြစ်ပွားရာ အစိုးရ တပ်ဘက်မှ စစ်ကားတစီး လက်နက်ထိမှန်ခဲ့ပြီးနောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်လာသည်။

ယနေ့ မနက် ၁၀ နာရီကျော်  ကွတ်ခိုင်မြို့နယ် ရွှေမှော်ကြီးကျေးရွာ အနီး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့ ဇွန် ၃ ရက်က ကွတ်ခိုင်မြို့နယ် ကောင်းနိမ့်ကျေးရွာ အနီး မနက် ၈နာရီခွဲ  ခန့်က  မိနစ် ၂၀ ခန့်အကြာ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း TNLA ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး တာ့အိုက်ကျော် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ဒီနေ့ ကတော့ မနက် ၁၀ နာရီ ၁၅ ကနေ စဖြစ်တာ။ နေ့လည် ၁၁ နာရီထိတော့ နမ့်ဖတ်ကာ အခြေစိုက်တပ် ကနေ လက်နက်ကြီး တွေနဲ့ပစ်တယ်” ဟု တာ့အိုက်ကျော် က ဆိုသည်။

အစိုးရ တပ်မတော်သည် TNLA တပ်စခန်း ရှိသည့်နေရာသို့ စစ်အင်အား တိုးချဲ့လာခြင်း၊ ဖြည့်လာခြင်းတို့ကြောင့် ထိတွေ့မှု ဆက်တိုက်ဖြစ်ရကြောင်း တာ့အိုက်ကျော် က ပြောသည်။

“ နမ့်ဖတ်ကာ တပ်ကနေပြီးတော့ တိုက်ပွဲဖြစ်တဲ့နေရာကို လက်နက်ကြီး ၅လုံးပစ်တယ်။ ထိခိုက်မှု ရှိ၊ မရှိတော့ သေချာ မသိရသေးဘူး” ဟု တာ့အိုက်ကျော်က ပြောသည်။

TNLA နှင့် အစိုးရ တပ်မတော် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေသည့်အပေါ် အစိုးရတပ်မတော် သတင်းမှန် ပြန်ကြားရေး ကို သျှမ်းသံတော်ဆင့် က အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ် မရခဲ့ပေ။

ယမန်နေ့ကလည်း သျှမ်းပြည် အရှေ့ပိုင်း ပုံပါကျင် မြို့နယ် အတွင်း အစိုးရ တပ်မတော်နှင့် နယ်ခြားစောင့်တပ်တို့ပူးပေါင်းပြီး သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်  RCSS/SSA ၏ တပ်စခန်းကို ပစ်ခတ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...