ကွတ်ခိုင်-နမ့်ဖတ်ကာ ကြား စစ်တပ် ကားတစီး တိုက်ခိုက်ခံရ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားကာ မြန်မာစစ်တပ် ကားတစီး လက်နက်ကြီးထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ ပစ်ခတ်မှုကြောင့် မီးလောင်သွားသည့် စစ်တပ်ကားတဦး (ဓာတ်ပုံ TNLA သတင်းပြန်ကြားရေး)

ယနေ့ မနက် ၁၀နာရီတွင် ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ကျေးရွာ အနီးတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာ့စစ်တပ် ကားထိမှန်ခဲ့သည် ဟု တအာင်း တပ်မတော် သတင်းထုတ်ပြန်ချက် အရသိရသည်။

မြန်မာ စစ်တပ် သည် မူဆယ်မြို့ဘက်မှ ကွတ်ခိုင်မြို့ သို့ဆင်းလာရာ TNLA စစ်ကြောင်း နှင့် ထိတွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု TNLAထုတ်ပြန်ချက်တွင်ရေးသားသည်။


ယနေ့ ပစ်ခတ်မှုကြောင့် မီးလောင်သွားသည့် စစ်တပ်ကားပေါ် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ TNLA သတင်းပြန်ကြားရေး)

ထို့ပြင် တပ်စစ်ကား လက်နက်ထိမှန်ပြီး မီးလောင်ကာ၊ ထိုကားပေါ်တွင် လက်နက်ခဲယမ်းများကို လည်း TNLA ဘက်မှ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်တပ်ကား ကို TNLA က မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ လောလောဆယ် သတင်းအရ လူတဦးတယောက်မှ သေဆုံးခြင်းမရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဧရာဝတီသတင်းဌာနကို ဖြေကြားခဲ့သည်။

ယနေ့ ပစ်ခတ်မှုကြောင့် မီးလောင်သွားသည့် စစ်တပ်ကားပေါ် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ TNLA သတင်းပြန်ကြားရေး)

သို့သော် သျှမ်းသံတော်ဆင့် သတင်းဌာန အနေဖြင့် အဆိုပါ တိုက်ပွဲ နှင့် ပတ်သက်ပြီး အသေးစိတ် သတင်းအချက်အလက် ကို သီးသန့် အတည်ပြုချက်ရယူရန် အတွက် TNLA နှင့် မြန်မာ့တပ်မတော် သတင်းမှန်ပြန်ကြားရေး ကို ဆက်သွယ်သော်လည်း ဆက်သွယ်မရခဲ့ပေ။

ကွတ်ခိုင်မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ကွတ်ခိုင်-နမ့်ဖက်ကာ လမ်းကြောတွင် ခရီးသည်တင် ကုန်တင်ကား ရာကျော် ညနေ ၅နာရီထိ ပိတ်မိကြောင်းကားသမားအသိုင်းအဝန်းက ပြောသည်။

“ အခုတော့ လက်နက်သံတွေ မကြားရဘူး။ ကျနော်တို့ ကားတွေ ကွတ်ခိုင်တိုးဂိတ်မှာ တနေကုန် စောင့်နေရတယ်။ ညနေ ၅နာရီမှ ထွက်ရတယ်။ ရှေ့မှာ ဘာဖြစ်မလဲတော့မသိဘူး” ဟု ကားသမားတဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

ထို့ပြင် ကွတ်ခိုင် မှ နမ့်ဖတ်ကာဘက်ကို စစ်ကား ၁၀ စီးနှင့် တပ်သားများ ညနေ ၄နာရီခွဲတွင် တက်သွားကြောင်းလည်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

ယနေ့ဖြစ်ပွားသည့် တိုက်ပွဲမှ မြန်မာ့စစ်တပ် ၏ကား လက်နက်ထိမှန်၊ လက်နက်ခဲယမ်းများဆုံးရှုံးရသည့်အပေါ် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည်ဟုလည်း ကွတ်ခိုင်ဒေသခံများ က သုံးသပ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...