RCSS နှင့် TNLA စစ်ရေးတင်းမာမှု နမ္မတူမြို့နယ် စစ်ရှောင် ၂၀၀ ကျော်ရှိ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်း RCSS နှင့် TNLA တို့ကြားစစ်ရေးတင်းမာမှုကြောင့် မန်စံ ကျေးရွာ ဘုန်းကြီးကျောင်းသို့ စစ်ရှောင် ၂၃၀ ကျော် ရောက်ရှိတိမ်းရှောင်နေကြောင်း စုံစမ်းသိရသည်။

နမ္မတူမြို့နယ် အတွင်း RCSS နှင့် TNLA တို့ကြားစစ်ရေးတင်းမာမှုကြောင့် မန်စံ ကျေးရွာ ဘုန်းကြီးကျောင်းသို့ စစ်ရှောင် ၂၃၀ ကျော် ရောက်ရှိတိမ်းရှောင်သည့်ပုံ (Photo by Myo Thant Zaw/ Facebook )

ယခုရက်ပိုင်းနမ္မတူမြို့နယ် မန်စံကျေးရွာ အနီး သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)တို့ စစ်ရေးတင်းမာမှုကြောင့် အဆိုပါ စစ်ရှောင်များထွက်ပြေးတိမ်းရှောင်လာရခြင်းဖြစ်ကြောင်းသိရသည်။

ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များသည် နမ္မတူမြို့နယ် နားကျဲကျေးရွာ ၊နားကျိုင်းကျေးရွာ နှင့် ပိန်းလုံရွာတို့ မှ ဒေသခံ ၂၃၆ ဦးတို့ဖြစ်ပြီး၊ လက်ရှိမန်စံအုပ်စု ရှိ မန်ဟောင်ဘုန်းကြီးကျောင်းတွင် နားခိုနေကြကြောင်း နမ္မတူမြို့နယ် စစ်ဘေးရှောင် ကော်မတီ အဖွဲ့မှ စိုင်းဘဉာဏ် က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ မနေ့ ညကရောက်လာတယ်။ အဓိကတော့ RCSS နဲ့ TNLA စစ်ရေး တင်းမာလို့၊ အဲ့ရွာနားတဝိုက် မှာ စစ်သားတွေရောက်လာလို့ တိုက်ပွဲဖြစ်မှာ စိုးရိမ်တာနဲ့ ထွက်လာကြတာပါ” ဟု စိုင်းဘဉာဏ်က ဆိုသည်။

ထို စစ်ရှောင်လာသည့် သူများအတွက် နေရာထိုင်ခင်း၊ စားစရာများသည် လက်ရှိ မှာ အခက်အခဲမရှိသေးကြောင်း၊ အလှူရှင် များက လာရောက်ပေးထားကြောင်းလည်း စိုင်းဘဉာဏ် က ပြောသည်။

“ တိုက်ပွဲကတော့ ယနေ့မနက်ထိတော့ သေနတ်သံမကြားသေးဘူး” ဟု စိုင်းဘဉာဏ်က ထပ်လောင်းပြောသည်။

နမ္မတူမြို့နယ် အတွင်း စစ်ရေး တင်းမာမှုနှင့် ပတ်သက်ပြီး RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က “ ကျနော်တို့တပ်နဲ့ TNLAတပ် စစ်ရေးတင်းမာမှုရှိတာတော့ ဟုတ်ပါတယ်။ တိုက်ပွဲတော့မဖြစ်ပါဘူး” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

နမ္မတူမြို့နယ် အတွင်း RCSS နှင့် TNLA တို့ကြားစစ်ရေးတင်းမာမှုကြောင့် မန်စံ ကျေးရွာ ဘုန်းကြီးကျောင်းသို့ စစ်ရှောင် ၂၃၀ ကျော် ရောက်ရှိတိမ်းရှောင်သည့်ပုံ ( Photo by Myo Thant Zaw)

ဆက်လက်ပြီး သျှမ်းသံတော်ဆင့် မှ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာ့အိုက်ကျော်ကို ဆက်သွယ်မေးမြန်းရာ အဆိုပါ စစ်ရေးတင်းမာမှုနှင့် ပတ်သက်ပြီး မသိရှိသေးကြောင်း ဖြေကြားခဲ့သည်။

နမ္မတူမြို့နယ် အတွင်း RCSS/ SSA နှင့် TNLA သည် လွန်ခဲ့သည့် ၂၀၁၆ ခုနစ်မှ စတင်ကာ စစ်ရေးတင်းမာမှု ဖြစ်ပွားပြီး တိုက်ပွဲ မကြာခဏဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...