TNLA

ကျောက်မဲမြို့နယ် TNLA နှင့် တိုက်ပွဲဖြစ်သည့် စစ်ကောင်စီ ၁၅ ဦးထက် မနည်းသေဆုံး

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်အတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကို ထိုးစစ်ဆင် တိုက်ခိုက်သည့် စစ်ကောင်စီဘက်မှ ၁၅ ဦးထက် မနည်း သေဆုံးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက် နံနက်ပိုင်း ၇ နာရီဝန်းကျင်မှ...

စယ်လန့်ရှိ ကုန်စုံဆိုင်များကို TNLA တပ်သားများ ဝင်ရောက်စစ်ဆေး

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ နှင့် နမ့်ခမ်းကြား စယ်လန့်ကျေးရွာရှိ ကုန်စုံဆိုင်များကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က စစ်ကောင်စီ ထုတ်ကုန်ရောင်းချမှု ရှိမရှိကို ဝင်ရောက် စစ်ဆေးကြောင်း သတင်းရရှိသည်။ ယနေ့ (ဖေဖော်ဝါရီ ၁၅) ရက် တွင် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာရှိ...

နောင်ချို စစ်ဘေးရှောင်တချို့ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း စစ်ဘေးရှောင်များတချို့ စစ်ကောင်စီ နှင့် PDF များရွာပတ်လည်တွင် တည်ရှိနေသဖြင့် တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်ရကြောင်း စုံစမ်းသိရသည်။ ပြီးခဲသည့် ဖေဖော်ဝါရီ ၁၄ ရက်တွင် နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအုပ်စု ဟိုခိုကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ရှိ စစ်ဘေးရှောင် ၅၀၀ ဝန်းကျင်သည်...

ဂျာယန် ပြည်သူ့စစ်တပ်သားသစ်ထဲ အသက်မပြည့်သည့် လူငယ်များပါဝင်နေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းယော်တိုက်နယ်၊ ဂျာယန်ကျေးရွာ အနီးရှိ ဂျာယန်ပြည်သူ့စစ် တပ်သားသစ်ထဲတွင် အသက်မပြည့်သေးသည့် ကလေးလူငယ်များ ပါဝင်နေကြောင်း သတင်းရရှိသည်။ ဂျာယန်ပြည်သူ့စစ်တပ်စခန်းအတွင်းသို့ စစ်သားလုပ်ရန် ခေါ်ဆောင်သွားခြင်း ခံရသူများအနက် အသက် (၁၈) နှစ် မပြည့်သေးသည့် ကလေးသူငယ် (၂၀) ဦးပါဝင်ခဲ့ကြောင်း တအာင်း (ပလောင်) အမျိုးသား...

TNLA တပ်စခန်း နေရာကို စစ်ကောင်စီမှ စစ်ကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့နယ်အတွင်းရှိ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၅၀၄) သည် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ် စခန်းနေရာကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၉) ရက်...

RCSS စစ်သုံ့ပန်း နှင့် အကျဥ်းသားများကို PSLF/TNLA ဒုတိယအကြိမ် လွှတ်ငြိမ်းချမ်းသာခွင့်ပေး

သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ စစ်သုံ့ပန်း နှင့် တခြား အကျဥ်းသားများကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA ) က ဒုတိယအကြိမ် လွှတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့်...

တရုတ် အထူးကိုယ်စားလှယ် အသစ် နှင့် မြောက်ပိုင်းမဟာမိတ် EAOs (၇) ဖွဲ့ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် အသစ်သည် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် EAOs (၇) ဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် တရုတ် အထူးကိုယ်စားလှယ်သစ် မစ္စတာ တိန့်ရှီးဂျွန် (Deng Xijun) နှင့်...

တိုင်းရင်းသား လက်နက်ကိုင်တွေကြောင့် ဘဝသစ် ထူထောင်နေရတဲ့သူများ

“တိုက်ပွဲတွေက ဘာကြောင့် ခဏခဏ ဖြစ်တယ်ဆိုတာ မသိပေမယ့် ကျမတို့တွေကတော့ တိုက်ပွဲကြောင့် ခဏခဏ ပြေးခဲ့ရတယ်”လို့ အသက် ၂၇ နှစ်အရွယ် နန်းမိုခမ်းက စိတ်မကောင်းစွာနဲ့ ပြောပြလာပါတယ်။ သူမက သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် နားပုံကျေးရွာအုပ်စု ဝမ်မိုင်ပန်လုံကျေးရွာသစ်မှာ နေထိုင်တဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးပါ။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တွင်းက သျှမ်းပြည်မြောက်ပိုင်း...

နမ့်ဆန်တိုက်ပွဲအတွင်း ပျက်စီးသည့် အိမ်များ ပြန်လည်ပြုပြင်ရန် အကူအညီလိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် နမ့်ဆန်မြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ပျက်စီးသွားသည့် နေအိမ်များ ပြန်လည်ပြုပြင်ရန်အတွက် အကူအညီများ လိုအပ်နေကြောင်း သတင်းသိရသည်။ ဒီဇင်ဘာ ၇ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အထိ တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်တပ်မှ Mi-17, Mi-35 ဂျက်လေယာဥ်ဖြင့် တအာင်း (ပလောင်)...

နမ့်ဆန်မြို့ တိုက်ပွဲငြိမ်ပေမယ့် စစ်ရှောင်တွေ နေရပ်မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲငြိမ်သက်နေသော်လည်း ဇယန်းကြီး ဘုန်းကြီးကျောင်းတွင် စစ်ရှောင် (၁၀၀၀) နီးပါး ကျန်ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ (၇) ရက်က စစ်ကောင်စီ နှင့် တအာင်း ( ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...

Latest news