ကောင်းခါးကျေးရွာ ပြည်သူ့နေအိမ်တံခါးကို TNLA ရိုက်ချိုးပြီး ဝင်ရောက်နေထိုင်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်မှာ သျှမ်းပြည် အခြေစိုက် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ကွတ်ခိုင်မြို့ အခြေစိုက် ကောင်းခါးပြည်သူ့စစ် (KDA) တပ်ဖွဲ့တွေက ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာမှာ စစ်ရေးတင်းမာမှု အခြေအနေ တစ်ရပ် ဖြစ်ပေါ်လာခဲ့ပါတယ်။

ကောင်းခါးပြည်သူ့စစ် နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော်

အဲ့နေ့က ညအချိန်မှာ TNLA တပ်ဖွဲ့က ကောင်းခါးရွာထဲ ဝင်ရောက်လာပြီး ပြည်သူပိုင် အိမ်ရာဝန်းတွေထဲ ခွင့်တောင်းပြီး ဝင်ရောက်နေရာယူတာမျိုးတွေ ရှိသလို တံခါးတွေ ခြံဝန်းတွေကို ရိုက်ချိုးပြီး အိမ်တွေထဲ ဝင်ရောက် နေရာယူတာတွေ ရှိပါတယ်။

အဲ့ဒီလို TNLA တပ်သားတွေ နေအိမ်ထဲမှာ နေရာယူထားတဲ့အတွက် ပြည်သူလူထုတွေက ကြောက်လန့်ပြီး ဘုရားကျောင်းတွေမှာ သွားရောက်ခိုလှုံနေရပါတယ်။

လက်ရှိအချိန်မှာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ကောင်းခါး ပြည်သူ့စစ် (KDA) တွေရဲ့ စစ်ရေးတင်းမာမှု အခြေအနေတွေက ဘယ်လိုရှိနေလဲ။ ပြည်သူတွေရဲ့ စိုးရိမ် ကြောက်လန့်မှုက ဘယ်လိုရှိလဲဆိုတဲ့အကြောင်းကို ကွတ်ခိုင်မြို့နယ်အတွင်း အမျိုးသမီးအရေးတက်ကြွ လှုပ်ရှားသူ ဒေါ်ထုရော် (နာမည်လွှဲ) ကို သျှမ်းသံတော်ဆင့် ဝိုင်းတော်သူ နန်းနောင့်နောင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

မေး။ ။ ကောင်းခါးမှာ တအာင်း (ပလောင်) အမျိုးသား လွှတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ကောင်းခါး ပြည်သူ့စစ်တွေ စစ်ရေးတင်းမာမှု ရှိခဲ့တယ်လို့ သိရပါတယ်၊ ဖြစ်စဥ်အကျဥ်းချုံးနဲ့ လက်ရှိ မြေပြင် အခြေအနေ ကို ပြောပြပေးပါအုံး။

ဖြေ ။ ။ ဒီလ ၂၁ ရက် မနက်ပိုင်းမှာတော့ သူတို့ TNLA တပ်ဖွဲ့ ပြန်ဆုတ်သွားပြီ။ ဒါပေမဲ့လည်း အဲ့ဒီနား တစ်ဝိုက်မှာပဲ ရှိနေသေးတယ်။ အစက ပြည်သူလူထုရဲ့ တံခါးတွေ အိမ်တွေကို ရိုက်ဖွင့်ပြီးတော့မှ အထဲမှာ ဝင်နေခဲ့တာလေ။ သူတို့ ဝင်လာတာက လွန်ခဲ့တဲ့ သောကြာနေ့မှာဖြစ်တယ်။ အဲ့ သောကြာ ညမှာ ကောင်းခါးမြို့ထဲကို ဝင်လာပြီး တော့ အိမ်တွေကို ရိုက်ဖွင့်ပြီး တချို့နေရာကျတော့ ခွင့်တောင်းတယ်။ တချို့နေရာကျတော့ အခန်းတွေကို ရိုက်ဖွင့်ပြီး ခြံစည်းရိုး တွေကို ကျော်ဝင် ခုန်ဝင်လုပ်ပြီးတော့မှ လူထုအိမ်ထဲမှာ နေရာယူလိုက်ပြီလေ။

မေး။ ။ TNLA တပ်သားတွေက ပြည်သူ့နေအိမ်ထဲ ဝင်ရောက်နေရာယူလိုက်တော့ ပြည်သူတွေကလည်း TNLA စစ်သားနဲ့အတူ နေနေသလား၊ ဘယ်လို လုပ်ဆောင်နေကြရလဲ။

ဖြေ။ ။ အဲ့လို TNLA စစ်သားတွေက ပြည်သူလူထုနဲ့ သွားနေတဲ့ အခါမှာကျတော့ ပြည်သူတွေက ကြောက်တဲ့အခါမှာ တချို့ကျတော့ ကွတ်ခိုင်က ဆွေမျိုး အိမ်တွေကို လာပြီးရှောင်နေလိုက်ကြတယ်။ တချို့ကလည်း တကယ်လို့ RC အသင်းတော်ဆိုရင် RC က ဘုရားကျောင်းမှာ သွားပြီး စုနေလိုက်ကြတယ်။ နှစ်ခြင်းအသင်းဝင်ဖြစ်တယ် ဆိုရင် လည်း နှစ်ခြင်းဘုရား ကျောင်းတွေကို သွားစုနေလိုက်ကြတာပေါ့။ သူတို့ဝင်နေတာက သောကြာ နေ့ဖြစ်တာ ဆိုတော့ ၊ တနင်္လာ မှာကျတော့ လူထုက ရှောင်နေလိုက် ကြတာဖြစ်တယ်။ ယနေ့အထိ တချို့ကလည်း မပြန်ဖြစ် ကြသေးဘူး။ တချို့ကျတော့လည်း ဘုရားကျောင်း နဲ့ အိမ်နဲ့ သွားလိုက် လာလိုက်လုပ်နေတာ။ တချို့ကလည်း ကတုတ် ကျင်းတွေ တူးနေကြတာ၊ အခုချိန်ထိတော့ စိုးရိမ်စရာကောင်းတယ်လို့ ပြောနိုင်တယ်။

မေး။ ။ အခုလိုမျိုး TNLA တပ်ဖွဲ့နဲ့ ကောင်းခါးပြည်သူ့စစ်က စစ်ရေးတင်းမာမှု ဖြစ်ပေါ်လာတာဟာ ဘာကြောင့် ဖြစ်မယ်လို့ ထင်မိပါသလဲ။

ဖြေ။ ။ အရင်ကလည်း ဂျာယန် (မိုင်းယော်တိုက်နယ်) မှာ စခန်းဝင်စီးပြီး လူသားဒိုင်းကာ ဖမ်းဆီးတာတွေ ရှိခဲ့ဖူးတော့ အဲ့ဒီနောက်ဆက်တွဲက အခု ကောင်းခါးကို ပြန်လာဖြစ်တဲ့ သဘောပဲ။ အခုလည်း ကောင်းခါး ပြည်သူ့စစ် (KDA) ဌာနချုပ် ရုံးကလည်း ကောင်းခါးမြို့ထဲမှာပဲ ရှိတယ်လေ။ ထိတွေ့တိုက်ပွဲတော့ မရှိဘူး။ KDA ဌာနချုပ်နေရာဆီကို တန်းမသွားဘဲနဲ့ ပြည်သူနေအိမ်ထဲ ဝင်ပြီး ကောင်းခါး (မြို့သစ်) တစ်မြို့လုံးနီးပါးကို နေရာယူထားတယ်။ အဲ့တနင်္လာနေ့ မှာကျတော့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ကြောင်း တစ်ကြောင်းက ကောင်းခါးဘက်ကို ဦးတည်လာတယ်။ အဲ့ နားတစ်ဝိုက်မှာ နေရာယူပြီး စခန်းချထားတယ်၊ အဲ့ဒီနောက်မှာတော့ ကောင်းခါးထဲ နေရာယူထားတဲ့ TNLA တွေကလည်း ဆုတ်သွားတယ်။

မေး။ ။ လက်ရှိမှာ ဒီ စစ်ရေးတင်းမာမှုတွေအကြားမှာ ဒေသခံပြည်သူလူထုတွေက ဘယ်လို နေထိုင်ကြရသလဲ။ စိုးရိမ်ကြောက်လန့်မှုတွေက ဘယ်လိုရှိလဲ။

ဖြေ။ ။ TNLA တွေက ဆုတ်သွားပေမဲ့ အနား နားမှာပဲ ရှိနေသေးတဲ့အခါမှာတော့ ဘယ်အချိန်မှာ ပြန်ပြီး စဖြစ်မလဲ ဆိုတာမျိုးတော့ ကြောက်နေရတာပေါ့၊ အဲ့လိုမျိုးတွေ ကြောက်ရလို့ ပြည်သူတွေကလည်း အိမ်ကို ခဏတဖြုတ် လာပြီး သက်ဆိုင်ရာ ဘုရားကျောင်းကို ပြန်သွားတာမျိုးတွေ လုပ်နေတယ်။ ခန့်မှန်းလူဦးရေတော့ မပြောတတ်ဘူး။

မေး။ ။ အရင်တုန်းကလည်း စစ်ကောင်စီတပ်တွေကနေ စစ်ရှောင်တပ်တွေ ရှိတဲ့နေရာတွေ၊ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကို လက်နက်ကြီးတွေနဲ့ လှမ်းထုတာမျိုးတွေက ရှိခဲ့ဖူးတယ်လေ၊ အခုလို စစ်ရေးတင်းမာမှုမှာ ပြည်သူတွေက ဘုရားကျောင်းကို မှီခိုပြီး ခုံလှုံနေတာကရော လုံခြုံရေးအတွက် ဖြစ်စေနိုင်လား။

ဖြေ။ ။ ကျမတို့ အနေနဲ့က လုံခြုံရေးအကြောင်း ပြောရရင် မြို့ပေါ်မှာရော၊ တောင်တွေ ရွာတွေဘက်မှာရော လုံခြုံစိတ်ချ ရတဲ့ အပိုင်းကတော့ လုံးဝမရှိဘူး။ ဒီလိုမျိုး နှစ်ဖက်စစ်တပ်တွေ တိုက်ပွဲဖြစ်ပြီး ပစ်ကြ ခတ်ကြ လုပ်နေကြတဲ့ အခါမှာ ပြည်သူလူထု အနေနဲ့ကတော့ ကျီးလန့်စာ စားနေရတယ်၊ အဲ့တာတော့ ကျမတစ်ယောက် တည်း မဟုတ်ဘူး၊ အားလုံးကနေ စိုးရိမ်ကြောက်လန့်နေရတာပေါ့။ မလုံမခြုံမှုတွေက ပိုပြီးတော့မှ စိတ်ဖိစီးမှု ဖြစ်စေတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...