SSPP နှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များ ပန်ဆန်းတွင် တွေ့ဆုံ ဆွေးနွေးနေ

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့ နှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင် တချို့တို့သည် “ဝ” တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေကြောင်း သတင်းသိရသည်။

ပုံ – ဟောင်း ( FPNCC တွေ့ဆုံဆွေးနွေးစဥ်)

ယခု ရက်သတ္တပတ်အတွင်းတွင် သျှမ်းပြည် ပန်ဆန်းမြို့၌ ရှမ်းပြည်တိုးတက်ရေးတပ်မတော် SSPP နှင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ဝင် တချို့တို့က တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးမှု နှင့် ပတ်သက်ပြီး SSPP/SSA ၏ ပြောရေးဆိုခွင့် ရှိသူကို ဆက်သွယ်မေးမြန်းရာ မဟာမိတ်ကြား ဆက်ဆံရေး မြှင့်တင်ရန်အတွက် ဆွေးနွေးမှု လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး ဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ ကိုယ်စားလှယ်အဖွဲ့ ပန်ဆန်း ရောက်နေတာက ဟုတ်ပါတယ်၊ မဟာမိတ် အချင်းချင်းကြား ဆက်ဆံရေး မြှင့်တင်ဖို့အတွက် ဆွေးနွေးနေတာလို့ပဲ ကျနော်ပြောနိုင်သေးတယ်၊ FPNCC က အစည်းအဝေးတော့ မဟုတ်ဘူး” ဟု ဗိုလ်မှူး ဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင် တပ်ဖွဲ့တချို့တို့မှ ပန်ဆန်းတွင် တွေ့ဆုံခြင်းသည် FPNCC အနေဖြင့် ကျင်းပပြုလုပ်သည့် တွေ့ဆုံမှု မဟုတ်ကြောင်းလည်း ဗိုလ်မှူး ဖုန်းဟန်က ပြောသည်။

SSPP/SSA တပ်ဖွဲ့နှင့်အတူ တွေ့ဆုံဆွေးနွေးမှု၌ ပါဝင်သည့် တပ်ဖွဲ့များကို မေးမြန်းရာ၌ ဆွေးနွေးမှု ပြီးမှ ပြောနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်ဆိုသည်။

“ကျနော်တို့ တပ်ဖွဲ့ နဲ့အတူ ဘယ်တပ်ဖွဲ့တွေ ပါလဲ ဆိုတာကိုတော့ မပြောနိုင်သေးပါဘူး၊ တခြား မဟာမိတ်တွေရဲ့ သဘောထားလည်း ဘယ်လိုရှိလဲ ဆိုတာ ရှိအုံးမယ်လေ၊ တွေ့ဆုံဆွေးနွေးမှုပြီးမှပဲ ပြောနိုင်မှာပါ” ဟု ဗိုလ်မှူးဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ဝင် (၇) ဖွဲ့မှ တပ်ဖွဲ့တချို့ ပါဝင်ကြောင်း သတင်း သိရသော်လည်း ပါဝင်သည့် တပ်ဖွဲ့များကို သျှမ်းသံတော်ဆင့်မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ EAOs (၇) ဖွဲ့တွင် “ဝ”ပြည် သွေးစည်း ညီညွှတ်ရေးပါတီ (UWSA) ၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)၊ ရက္ခိုင့်တပ်တော် (AA) ၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ ပါဝင်ကြောင်း သိရသည်။

တရုတ် အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန် နေရာကို ဆက်ခံနေသည့် မစ္စတာ တိန့်ရှီးဂျွန်း သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် တစ်ကြိမ်၊၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် တစ်ကြိမ် တရုတ်နယ်စပ် တလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်များ နှင့် သီးခြား တွေ့ဆုံမှုအပြီး ယခုလို မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တချို့က တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

သျှမ်းပြည် အခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူများက မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တချို့ တွေ့ဆုံ ဆွေးနွေးခြင်း သည် တရုတ် အထူးကိုယ်စားလှယ် နှင့် တွေ့ဆုံဆွေးနွေးရန် ကြိုတင်ဆွေးနွေးမှုများ ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုထားသည်။

မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့ တွေ့ဆုံဆွေးနွေးမှု လုပ်နေသည့် ပန်ဆန်းသည် စစ်အင်အား ၃ သောင်းကျော် ရှိသည့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ထိန်းချုပ်ထားသော မြို့လည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...