ကျောက်မဲမြိုန့ယ်အတွင်း TNLA တပ်ဖွဲ့ ပြည်သူပိုင် နေအိမ်သိမ်းယူပြီး စခန်းချ နေထိုင်

သျှမ်းပြည် ကျောက်မဲမြို့နယ် အတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့က ပြည်သူပိုင်အိမ်ကို သိမ်းယူပြီး စခန်းချ နေထိုင်နေကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက် ညနေပိုင်း အချိန်တွင် ကျောက်မဲမြို့နယ် မန်စံကျေးရွာအုပ်စု အုံးငန်းကျေးရွာရှိ ပြည်သူပိုင် နှစ်ထပ်အိမ် တစ်လုံးကို TNLA တပ်ဖွဲ့က သိမ်းယူပြီး ၎င်းတို့ အလံစိုက်ထူကာ စခန်းချ နေထိုင်လျက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“စစ်သား အယောက် ၆၀ လောက်ကာ ရွာထဲဝင်လာပြီးတော့ သူတို့က ဒီရွာထဲမှာ စခန်းချတဲ့ နေရာလုပ်မယ်၊ ပြီးတော့ ရွာထဲမှာ ရှိတဲ့ အဲ့အိမ်ဆီကို သွားပြီးတော့ ဒီမှာတည်းမှာပေါ့၊ ပစ္စည်းတွေချပြီးတော့ သူတို့ အလံပါ ထောင်ထားလိုက်တယ်၊ အိမ်ရှင်ကိုတောင် ခွင့်မတောင်းဘူး” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် TNLA စစ်သားများက အဆိုပါ အိမ်တွင် စခန်းချနေထိုင် လျက်ရှိပြီး အိမ်ရှင်ဖြစ်သူများက အတူ မနေရဲသည့် အတွက် ရသလောက် ပစ္စည်းများကို သိမ်းယူကာ ကျောက်မဲမြို့ပေါ်သို့ ညတွင်းချင်း ထွက်ပြေးလာခဲ့ ရကြောင်း သိရသည်။

ထို့အပြင် တခြားသော ဒေသခံရွာသားများ တချို့ကလည်း ရွာထဲ ဝင်နေသည့် TNLA စစ်သားများကို ကြောက်လန့်သည့် အတွက် နီးစပ်ရာ ဆွေးမျိုးများ ရှိရာ နှင့် မြို့ပေါ်သို့ ထွက်ပြေးလာသူလည်း ရှိနေကြောင်း သိရသည်။

“ညတွင်းချင်း ထွက်လာတော့ ပစ္စည်းများများလည်း မပါလာဘူး၊ ကျောက်မဲက သူတို့ အမျိုးဆီကို အကြောင်း အကျိုးပြောပြီး ခိုလှုံခွင့် တောင်းနေနေရတယ်၊ တော်တော်များများကလည်း ကြောက်နေကြလို့ မြို့ပေါ်ကို အိမ် ငှားနေ ၊ သူများအိမ်မှာ ကပ်နေ အဲ့လိုမျိုးတွေ လုပ်ပြီး ရှောင်နေရတယ်” ဟု အထက်ပါ ပုဂ္ဂိုလက် ဆက်ပြော သည်။

ထို့အပြင် ကျောက်မဲမြို့ နှင့် ကပ်လျက်ရှိ မန်ကျောင်းကျေးရွာအုပ်စု ၊ ကျွဲကုန်းကျေးရွာ အုပ်စု နှင့် ခိုမုန်း ကျေးရွာ အုပ်စု အထိ TNLA စစ်သားများက လူဝင်ရောက် ဖမ်းဆီးမှု ရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။

ထို့အပြင် ကျောက်မဲမြို့ အခြေစိုက် စရဖ၊ စကစ တို့၏ ခွင့်ပြုချက်ဖြင့် မြိုပေါ် KTV များအထိ လူဝင်ဖမ်းခြင်း ရှိကြောင်းလည်း သိရသည်။
“TNLAတွေက ရွာတွေဘက်မှာရော၊ မြို့ပေါ်မှာရော ဝင်ပြီးတော့ လူလိုက်ဖမ်းတာရှိတယ်၊ တပ်သား သစ် စုဆောင်း ဖို့အတွက်တဲ့၊ လူငယ်တွေလည်း မနေရဲတော့ဘူး၊ ထိုင်းသွားတယ်၊ တရုတ်သွားကြတယ်၊ ပြီးတော့ အိမ်ရှင် အဖိုးအဖွား အဖေအမေတွေက သူများ ခြံ၊ ငှက်ပျောတော၊ ဝါးရုံတောတွေမကျန် သွားအိမ်ရတာ” ဟု ကျောက်မဲမြို့ပေါ်က ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA တပ်ဖွဲ့သည် ဒေသခံများကို စစ်သားသစ် စုဆောင်းရေးအတွက် ဖမ်းဆီးခြင်း ဖြစ်သည်ဟု သိရပြီး တအာင်း(ပလောင်) လူမျိုးများအပြင် သျှမ်းလူမျိုးများကိုလည်း ဖမ်းဆီးခေါ်ဆောင်မှု ရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။

ထို့အတူပင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှ ဇူလိုင်လ အထိ ကျောက်မဲမြို့နယ်၊ လွယ်ကုံကျေးရွာအတွင်း TNLA တပ်သား သစ် စုဆောင်းမှုများကြောင့် ဒေသခံများသည် ထိုင်းနိုင်ငံဘက်ခြမ်းထိ ထွက်ပြေးနေရကြောင်း လည်း သတင်း သိရသည်။

ယင်းကိစ္စ ဖြစ်စဥ်များ နှင့် ပတ်သက်ပြီး ဖြစ်စဥ် သိရှိနိုင်ရန် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ပြောရေးဆိုခွင့် ဗိုလ်မှူးကြီး တားအိုက်ကျော်ထံသို့ အကြိမ်ကြိမ် ဖုန်းဆက်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...