ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီ နှင့် TNLA တိုက်ပွဲကြောင့် နေအိမ် တစ်လုံး ထိခိုက်ပျက်စီးရ

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ တိုက်ပွဲကြောင့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးရကြောင်း သတင်း သိရသည်။

စစ်ကောင်စီ နဲ့ TNLA

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကျောက်မဲမြို့နယ် နမ့်ခုံကျေးရွာ နှင့် ပန်ဝိုးကြီးကျေးရွာ အနီးတဝိုက်၌ စစ်ကောင်စီ နှင့် TNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုပါ ပြုလုပ်သည့် အတွက် ပန်ဝိုးကြီးရွာမှ နေအိမ်တစ်လုံး လက်နက်ကြီး ထိမှန် ပျက်စီးခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“မြေပြင်မှာ သေနတ် နဲ့ အချင်းချင်း ချနေတုန်းမှာတော့ ရွာသားတွေကလည်း ဘုန်းကြီးကျောင်းကို ထွက်ပြေးတာရှိတယ်၊ လေယာဥ် နဲ့ ဗုံးလာကြဲလိုက်တဲ့ အချိန်မှာတော့ လူမရှိတဲ့ အိမ်တစ်လုံးကို ထိပြီး ပျက်စီးသွားရတယ်၊ လူရှိရင်တော့ လူပါ ထိခိုက်မှာအမှန်ပဲ” ဟု ပန်ဝိုးကြီးမှ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် ဖေဖော်ဝါရီလ ၂၀ ရက် နံနက်ပိုင်း ၇ နာရီဝန်းကျင်မှ ၁၀ နာရီဝန်းကျင်အထိ နမ့်ခုံ ကျေးရွာ အနီးရှိ TNLA တပ်စခန်းနေရာကို စစ်ကောင်စီ စကခ (၁၆) နှင့် ခလရ (၆၈) တို့က မြေပြင် ထိုးစစ်ဆင်ပြီး လေကြောင်းဖြင့်ပါ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း PSLF/TNLA တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြော သည်။

“စကခ (၁၆) နဲ့ ခလရ (၆) အင်အား ၆၀ လောက်နဲ့ TNLA ကို ထိုးစစ်ဆင် တိုက်ခိုက်တယ်၊ မနက် ၇ နာရီ လောက်ကနေ ၉ နာရီ ၄၅ အထိ တိုက်ပွဲက ပြင်းထန်ခဲ့တယ်၊ ဒီကြားထဲမှာ တိုက်လေယာဥ် တစ်စီး နဲ့ လာပြီးတော့ ထိုးစစ် ဆင်တာရှိတယ်၊ မြေပြင်တိုက်ပွဲက သူတို့လူ အထိနာတော့ လေယာဥ် နဲ့ လာတိုက်ပြီး ကယ်ထုတ်တယ်” ဟု အမည်မဖော်လိုသူ PSLF/TNLA မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်တွင် တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း မြေပြင်ရှိ နှစ်ဖက်တပ်ဖွဲ့များမှ စစ်ရေးအင်အား ထပ်မံဖြည့်တင်းမှု နှင့် စစ်ရေးတင်းမာမှုများ ရှိနေသေးသည့် အကြောင်းလည်း သိရသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံးခဲ့သည့်အပြင် ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့သည့် အကြောင်းလည်း သိရသည်။

TNLA တပ်ဖွဲ့သည် တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် လက်မှတ်ရေးထိုးထားခြင်း မရှိသည့်အပြင် စစ်ကောင်စီက ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုလည်း တက်ရောက်ခြင်း မရှိသည့် တပ်ဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင်လည်း နောင်ချိုမြို့အတွင်းရှိ MDF – PDF ကို စစ်ကောင်စီဘက်မှ လေကြောင်း တိုက်ခိုက်မှု အပါအဝင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် လုံခန်ရွာမှ သာသနာအဆောက်အအုံများ နေအိမ် အများအပြားက ထိိခုက်ပျက်စီးရသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စပြီး ဒီဇင်ဘာ (၃၁) ရက်ထိ တစ်နှစ်ကြာ အပစ်ရပ် ကြေညာထားသော်လည်း စစ်ကောင်စီတပ်၏ တိုင်းရင်းသား ဒေသများထံ တိုက်လေယာဥ်ဖြင့် ထိုးစစ်ဆင်မှု နှင့် စစ်မြေပြင် ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...