နမ့်ခမ်းမြို့အနီး TNLA တပ်သားများ အင်အားဖြည့်တင်းလာပြီး ဒေသခံနေအိမ်များထဲ ဝင်ရောက်နေထိုင်

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့ပြင်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်သားတို့က စစ်အင်အားဖြည့်တင်းလာပြီး ဒေသခံပြည်သူများ နေအိမ်များထဲလာရောက်နေထိုင်ကြောင်း စုံစမ်းသိရသည်။

အစိမ်းရောင် နေရာတွင် စစ်ကောင်စီရှိသည့်နေရာဖြစ်ပြီး၊ အနီရောင် အဝိုင်းနေရာသည် TNLA ရောက်ရှိနေသည့်နေရာဖြစ်သည်။

ယခု မတ်လ တတိယပတ်က စတင်ပြီး TNLA တပ်သားများသည် နမ့်ခမ်းမြို့ပြင်တွင် စတင်ဝင်ရောက်လာပြီး ယနေ့ မတ်လ ၃၀ တွင် မြို့တွင်း နှင့် နီးစပ်လာကာ ပြည်သူများ၏ နေအိမ်ထဲသို့ ဝင်ရောက်နေထိုင် စားသောက်နေလျက်ရှိသည်။

“ သူတို့ နမ့်ခမ်းဘက်ကိုလာနေတာတော့ ၁၀ ရက်ကျော်လောက်ရှိနေပြီ။ အခုက နမ့်ခမ်းမြို့နဲ့ပိုနီးလာတယ်။ အင်အား ၁၀၀ လောက်ရှိတယ်။ သူတို့ ပြည်သူတွေအိမ်မှာနေတယ်။ အဲအိမ်တွေမှာပဲ စားကြတယ်။ စာသင်ကျောင်းတွေထဲမှာလည်း သွားနေတယ်။ သွားစားတယ်” ဟု နမ့်ခမ်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ TNLA တပ်သည် စစ်ကောင်စီ တပ်စခန်း နှင့် နီးစပ်လာသည့်အတွက်ကြောင့် စစ်ကောင်စီက မြို့ဝင်မြို့ထွက်ဂိတ်ကို ပိတ်ထားလိုက်ပြီး ပြည်သူများကို မြို့ထွက်ခွင့် ယာယီပိတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

နမ့်ခမ်းမြို့

“ TNLA ရောက်လာတဲ့နေရာက စစ်ကောင်စီ တပ်စခန်းနဲ့ နီးတယ်။ မနက်ပိုင်းတုန်းကတော့ မုဉ်ဦးတွေကို စစ်ကောင်စီက ပိတ်လိုက်တာ။ အခုလည်းမုဉ်ဦးတံခါးဖွင့်လိုက်ပြီး။ ပြည်သူတွေကိုလည်း မြို့ပြင်မပေးသွားဘူး” ဟု နမ့်ခမ်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

TNLA တပ်သားများသည် နမ့်ခမ်းမြို့ အနီး စယ်ဟိုင်းသို့ရောက်ရှိလာသည့်အတွက်ကြောင့် ပြည်သူများက တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်နေကြသည်။

တစ်ဖက်တွင်လည်း စယ်ဟိုင်းသည် စစ်ကောင်စီ တပ်စခန်းနှင့် မနီးမဝေး တွင်တည်ရှိထားသည်။

“ TNLA တပ်သားတွေက ရွာသားအိမ်တွေမှာလည်း နေချင်သလိုနေတယ်။ စားချင်တာစားတယ်။ သူတို့ ဒီလိုမြို့ထဲဝင်လာတော့ ပြည်သူတွေကတော့ တိုက်ပွဲဖြစ်ပွားမှု စိုးရိမ်ကြတယ်။ ဖြစ်နိုင်ရင်တော့ တိုက်ပွဲမဖြစ်စေချင်ဘူး” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့နယ်အတွင်းတို့ စစ်ကောင်စီတပ်အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့လည်း သွားလာလှုပ်ရှားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...