TNLA
မိုင်းဝီးပြည်သူများ မြို့တက်စပါးမရောင်းရန် လက်နက်ကိုင်တပ်ဖွဲ့ မှ တားဆီးပိတ်ပင်
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသခံများကို မြို့တက်ပြီး စပါးမရောင်းရန် လက်နက်ကိုင်တပ်ဖွဲ့မှ တားဆီးနေကြောင်း စုံစမ်းသိရှိရပါသည်။ ယခု အောက်တိုဘာလသည် စပါးရိတ်သိမ်းချိန်ဖြစ်ပြီး မိုင်းဝီးပြည်သူများ စပါးစိုက်ချိန်တွင် ချေးယူထားသည့် အရင်းအနှီးငွေကြေးများကို ပြန်ဆပ်ရမည် အချိန်ဖြစ်နေကြောင်း မိုင်းဝီးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “လက်ရှိ အချိန်က တောင်သူလယ်သမားတွေ ကောက်စိုက်စရိတ်တို့...
TNLA နှင့် PDF တို့ ပူးပေါင်းပြီး မူဆယ် – မန္တလေး ကားလမ်းမပေါ် ပိုက်ဆံကောက်
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ် - မန္တလေး ကားလမ်းမပေါ်တွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ပူးပေါင်းပြီး အရင်ထက် ပိုမို အခွန် (ဆက်ကြေး) ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၈...
နမ်ႉခမ်းမြို့နေ ပြည်သူများ အခွန်ပေးဆောင်မှုပျက်ကွက်ပါက အရေးယူမည်ဟု KIA ထုတ်ပြန်
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရောက်ရှိ လှုပ်ရှားနယ်မြေအတွင်းနေ ဒေသခံ ပြည်သူများအနေဖြင့် အခွန်ဆက်ကြေး ပေးဆောင်မှု ပျက်ကွက်ပါက အရေးယူသွားမည်ဟု KIA ထုတ်ပြန် ထားသည်။ အဆိုပါ အခွန်ဆက်ကြေး ပေးဆောင်ရမည်မှာ KIA အမှတ် (၄) ၊ အမှတ် (၆)...
နောင်ချိုမြို့နယ် စစ်ကောင်စီ နှင့် TNLA စစ်အင်အားဖြည့်နေ
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် စစ်အင်အား အပြိုင်ဖြည့်တင်းမှုကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။ ယခု အောက်တိုဘာလအတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ တပ်အမှတ် ၁၁၄...
နမ့်ခမ်းမြို့မဈေးထဲ TNLA နှစ်ရက်ဆက်တိုက် ဝင်ရောက် ဆက်ကြေးကောက်
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မဈေးအတွင်း ယနေ့ (စက်တင်ဘာ ၂၆) ရက် နံနက် ၁၀ နာရီခွဲတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA ) က ဝင်ရောက်လာခဲ့ကြောင်း သတင်းရရှိသည်။ TNLA တပ်ဖွဲ့သည် နမ့်ခမ်းမြို့မစျေးထဲသို့ ယမန်နေ့ (စက်တင်ဘာ ၂၅)...
နမ့်ခမ်းမြို့မစျေးထဲ ပစ်ခတ်သံကြားရ
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မစျေးအတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့မှ ယနေ့ (စက်တင်ဘာ ၂၅)ရက် မွန်းတည့်ချိန် (၁၂)နာရီခန့် ရောက်လာပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရသည်။ ယနေ့ စက်တင်ဘာ (၂၅) ရက် မွန်းတည့်ချိန် (၁၂)နာရီခန့် နမ့်ခမ်းမြို့မစျေးထဲသို့ အမည်မသိလက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်လာပြီး စျေးအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မြို့မစျေးက...
မူဆယ်မြို့ (၁၀) အိမ်မှူး ဖမ်းဆီးခံထားရပြီး လက်ရှိအချိန်ထိ အဆက်သွယ်မရသေး
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် စက်မှုနယ်မြေ (၁၀) အိမ်မှူး ဖမ်းဆီးခံထားရပြီး လက်ရှိအချိန်ထိ အဆက်အသွယ် မရသေးကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ (၁၀) အိမ်မှူးသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်တွင် အမည်မသိ အဖွဲ့အစည်းတစ်ခုက လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။ “ဘယ်သူ လာဖမ်းသွားလဲမသိရဘူး။ အခုချိန်ထိ...
ကျောက်မဲမြို့တွင်း TNLA လူဖမ်းဆီးပြီးနောက် ညမထွက်ရ အမိန့် ထုတ်ပြန်လာ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှ ကျောက်မဲမြို့ အခွန်လွတ်ဈေးဘက်ရှိ လက်ဘက်ရည်ဆိုင်အတွင်း လူဝင်ဖမ်းဆီးမှု ပြုလုပ်ပြီးနောက် စစ်ကောင်စီမှ ညမထွက်ရအမိန့် ထုတ်ပြန်လာကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၉) ရက် ည ၇ နာရီဝန်းကျင်တွင်...
ကျောက်မဲမြို့နယ် TNLA တပ်သားသစ်စုဆောင်းနေ လူငယ်များ ထွက်ပြေးနေရ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့မှ တပ်သားသစ်အတွက် ဖမ်းဆီးမှုများကြောင့် ဒေသခံ လူငယ်များက ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက် ည ၈ နာရီဝန်းကျင်တွင် တောင်ပေါ် ကျေးရွာများမှ မြို့အနီး ၂...
စစ်ကောင်စီ နှင့် ဒု-ကြိမ်တွေ့ဆုံဖို့ “ဝ” ၊ မိုင်းလား နှင့် SSPP တို့ ပန်ဆန်းတွင် ကြိုတင်တွေ့ဆုံမည်
“ဝ”၊ မိုင်းလား နှင့် SSPP တို့ အာဏာသိမ်း စစ်ကောင်စီ နှင့် ဒုတိယ အကြိမ်တွေ့ဆုံရန် အတွက် ဘုံသဘောတူညီချက်ရအောင် ပန်ဆန်းမြို့တွင် ကြိုတင် ပြင်ဆင်သည့် အစည်းအဝေး ပြုလုပ်သွားမည်ဟု စုံစမ်းသိရသည်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့ ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA)...





