စယ်လန့်ရှိ ကုန်စုံဆိုင်များကို TNLA တပ်သားများ ဝင်ရောက်စစ်ဆေး

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ နှင့် နမ့်ခမ်းကြား စယ်လန့်ကျေးရွာရှိ ကုန်စုံဆိုင်များကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က စစ်ကောင်စီ ထုတ်ကုန်ရောင်းချမှု ရှိမရှိကို ဝင်ရောက် စစ်ဆေးကြောင်း သတင်းရရှိသည်။

TNLA တပ်သားမှ ဝင်ရောက်စစ်ဆေးပုံ

ယနေ့ (ဖေဖော်ဝါရီ ၁၅) ရက် တွင် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာရှိ ကုန်စုံဆိုင်များကို စစ်ကောင်ီစ ထုတ်ကုန်များကို မရောင်းချရန်အတွက် TNLA က ဝင်ရောက်စစ်ဆေးပြီး တားမြစ်ခဲ့ကြောင်း စယ်လန့် ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ ဆိုင်တွေထဲမှာ လာရောက် စစ်ဆေးနေတာ။ သူတို့ ဆိုင်တွေထဲမှာ စစ်ကောင်စီ ထုတ်ကုန်တွေ ရောင်းတာမျိုး ရှိလားဆိုတာ လာစစ်ဆေးတာ။ မရောင်းဖို့ လာတားမြစ်တာ” ဟု စယ်လန့် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆေးရာတွင် စစ်ကောင်စီ ထုတ်ကုန်များကို ရောင်းချခြင်းရှိထားသည့် ဆိုင်များကိုလည်း အရေးယူခြင်းမရှိသေးဘဲ နောက် ၃ ရက် ထပ်မံလာစစ်ဆေးမည်ဖြစ်သောကြောင့် မရောင်းချရန် တားမြစ်ထားကြောင်း သိရသည်။

TNLA တပ်သားမှ ဝင်ရောက်စစ်ဆေးပုံ

ထပ်မံလာစစ်ဆေးရာမှ ရောင်းချထားသည်ကိုတွေ့ရှိပါက အရေးယူ ပြစ်ဒဏ်ပေးသွားမည် ဟု TNLA ဘက်မှ ဆိုင်ရှင်များကို ခြိမ်းခြောက်သွားကြောင်း စယ်လန့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ ဒီတစ်ခေါက် လာစစ်တာ အရေးယူတာမျိုးလည်း မရှိဘူးတဲ့။ နောက် ၃ ရက်နေပြီးရင် ထပ်လာစစ်မယ်တဲ့။ အဲ့ခါမှ ထပ်တင်ရောင်းထားရင် ပြစ်ဒဏ်ပေးသွားမယ်လို့ ပြောတယ်။ စယ်လန့်ထဲမှာ ရှိတဲ့ ဆိုင်ကြီး ၊ ဆိုင်ငယ်တွေ အားလုံးကို စစ်ဆေးသွားတာပဲ” ဟု ၎င်းက ပြောသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့သည် ၎င်းတို့ သွားလာလှုပ်ရှားသည့် နယ်မြေအတွင်း စစ်ကောင်စီ ထုတ်ကုန်များကို မရောင်းချရန်အတွက် တားမြစ်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့အနီးထိ MNDAA ဒရုန်းဗုံးကျရောက်

0
သျှမ်းပြည် နမ့်ခမ်းမြို့အနီးထိ ကိုးကန့်တပ်ဖွဲ့ MNDAA ပစ်ခတ်သည့် ဒရုန်းဗုံးများ ကျရောက်နေခြင်းကြောင့် မြို့ပေါ်ရှိ အရပ်ဖက်လူမှုအဖွဲ့အစည်း ဝန်ထမ်းများကို TNLA ဘက်မှ တိမ်းရှောင်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) နံနက် ၆ နာရီခွဲကျော်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA...

ကွတ်ခိုင်-နမ့်ခမ်းကြား TNLA နှင့် MNDAA တိုက်ပွဲပြင်းထန်၊ မိုင်းယုလေးဒေသကို MNDAA ထိန်းချုပ်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် ဖြစ်ပွားနေသည့် TNLA နှင့် MNDAA ကြား မြေပြင်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေပြီး နမ့်ခမ်းမြို့ဘက်သို့ ဦးတည်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၅ ရက်) နံနက် ၃ နာရီကျော်မှ စတင်၍ ကွတ်ခိုင်မြို့ပြင်ဘက်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

သိန္နီတွင် MNDAA က ညမထွက်ရအမိန့်ထုတ်ပြန်၊ MNDAA နှင့် TNLAကြား စစ်ရေးတင်းမာနေ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ယနေ့ညမှ စတင်ကာ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ရန် ညမထွက်ရအမိန့်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ရုတ်တရက် ထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါအမိန့်သည် ကွတ်ခိုင်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်းတပ်ဖွဲ့ (TNLA) တို့ကြား တိုက်ပွဲများ...

ကွတ်ခိုင်မြို့နယ် TNLA တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် MNDAA တိုက်ခိုက်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းနေရာများကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊...