နမ့်ဆန်တိုက်ပွဲအတွင်း ပျက်စီးသည့် အိမ်များ ပြန်လည်ပြုပြင်ရန် အကူအညီလိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် နမ့်ဆန်မြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ပျက်စီးသွားသည့် နေအိမ်များ ပြန်လည်ပြုပြင်ရန်အတွက် အကူအညီများ လိုအပ်နေကြောင်း သတင်းသိရသည်။

ပျက်စီးသွားသည့် ကုန်းသာရွာ

ဒီဇင်ဘာ ၇ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အထိ တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်တပ်မှ Mi-17, Mi-35 ဂျက်လေယာဥ်ဖြင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကို တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် တိုက်ပွဲကြောင့် ကုန်းသာရွာ လုံးကျွတ်နီးပါး နေအိမ် ပျက်စီးရသည့်အတွက် ဒေသခံများက ဘုန်းကြီးကျောင်းတွင် ဆက်လက် နေထိုင်ရသေးကြောင်း သတင်းသိရသည်။

“ကျန်တဲ့ရွာတွေက ပြန်ကုန်ကြပြီ၊ ဒါပေမဲ့ ကုန်းသာရွာကတော့ အိမ်တွေပျက်စီးထားလို့ ပြန်လို့မရသေးဘူး၊ အခုချိန်ထိ ဘုန်းကြီးကျောင်းမှာပဲ နေရသေးတယ်၊ စုစုပေါင်း ၁၀၀ ကျော်လောက်တော့ ကျန်အုံးမယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် နေအိမ်ပျက်စီးသွားသည့် ဒေသခံများက နေအိမ်ပြန်လည်တည်ဆောက်ဖို့အတွက် အကူအညီများ လိုအပ်နေပြီး နိုင်ငံတော် ဘက်ဂျတ် တောင်းခံရန်အတွက် တင်ပြမှုများလည်း ပြင်ဆင်ထားကြောင်း သတင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်တွင်လည်း PSLF/TNLA ၏ တာဝန်ရှိ ပုဂ္ဂိုလ်များက ကုန်းသာရွာသို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပြီး ပျက်စီးသွားသည့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း နှင့် လူထုနေအိမ် နေရာ ပြန်လည်ထူထောင်ရေးအတွက် အတူတကွ လက်တွဲဆောင်ရွက်မည်ဟု ဒေသခံများကို ပြောဆို အားပေးခဲ့ ကြောင်းလည်း သိရသည်။

“ထိပ်ပိုင်း ခေါင်းဆောင်တွေက ကွင်းဆင်းစစ်ဆေးမှု လာလုပ်ဆောင်တာပေါ့၊ အဲ့နေရာ ပြန်လည်နေရာချထားရေး အတွက်လည်း ကူညီဆောင်ရွက်သွားမယ်လို့ အားပေး စကားပြောသွားတယ်၊ တစ်ဖက်မှာလည်း သက်ဆိုင်ရာတွေ က နိုင်ငံတော် ဘက်ဂျတ် တောင်းဖို့လည်း စီစဥ်ထားတယ်လို့ သိရတယ်၊ အခုထိတော့ ရွာသားတွေရဲ့ နေအိမ် မပြင်ရသေးဘူး” ဟု စစ်ရှောင်များကို ကူညီသည့် အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် PSLF/TNLA မှ စစ်ဒဏ်ကြောင့် ပျက်ဆီးသွားသည့် ကျေးရွာနှင့် စစ်ဘေးသင့် ပြည်သူများကို ပြန်လည် ထူထောင်ရေးလုပ်ငန်း လုပ်ဆောင်ပေးရန်အတွက် ကော်မတီ ဖွဲ့စည်းထားပြီး ကော်မတီ ဥက္ကဌ ဒုဗိုလ်မှူးကြီး တားမိုးဟိန်း၊ ဒုဥက္ကဌ ဒုဗိုလ်မှူးကြီး တားညွံတ်မျံမ်နဲ့ အတွင်းရေးမှူး ဗိုလ်ကြီး/မှူး ဂူ;ရဲင်း တို့ဖြစ်ကြောင်းလည်း သတင်းသိရသည်။

စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲကြား ထိခိုက်ပျက်စီးရသည့် ဒေသခံ နေအိမ်များသည် ကုန်းသာကျေးရွာမှ အများဆုံးဖြစ်နေပြီး တိုက်ပွဲဖြစ်ပွားရာ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှာလည်း နေအိမ်ထိခိုက် ပျက်စီးမှု ရှိနေကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...