ဂျာယန် ပြည်သူ့စစ်တပ်သားသစ်ထဲ အသက်မပြည့်သည့် လူငယ်များပါဝင်နေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းယော်တိုက်နယ်၊ ဂျာယန်ကျေးရွာ အနီးရှိ ဂျာယန်ပြည်သူ့စစ် တပ်သားသစ်ထဲတွင် အသက်မပြည့်သေးသည့် ကလေးလူငယ်များ ပါဝင်နေကြောင်း သတင်းရရှိသည်။

အသက်မပြည့်သေးသည့် ကလေးစစ်သား

ဂျာယန်ပြည်သူ့စစ်တပ်စခန်းအတွင်းသို့ စစ်သားလုပ်ရန် ခေါ်ဆောင်သွားခြင်း ခံရသူများအနက် အသက် (၁၈) နှစ် မပြည့်သေးသည့် ကလေးသူငယ် (၂၀) ဦးပါဝင်ခဲ့ကြောင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၏ ပြောရေးဆိုခွင့် ရှိသူ ဒု – ဗိုလ်မှူးကြီး တားအိုက်ကျော်က သျှမ်းသံဆင့်ကို ပြောသည်။

“ကျနော်တို့ တအာင်း လူမျိုးတွေကို အဲ့ဒီ ဂျာယန်ပြည်သူ့စစ် စခန်းထဲကို စစ်သားလုပ်ဖို့အတွက် ခြိမ်းခြောက်မှု နည်းလမ်းတွေ နဲ့ အတင်းအဓမ္မ ခေါ်ဆောင်သွားခံရတယ် ဆိုပြီး ရွာသားတွေ တိုင်ကြားလာလို့ ကျနော်တို့ စစ်အင်အားနဲ့ ပြန်ခေါ်ထုတ်ခဲ့တယ်၊ အဲ့မှာအသက်မပြည့်သေးတဲ့ ကလေးတွေ (၂၀) ဦးလောက်ပါတယ်” ဟု TNLA ၏ ပြောရေးဆိုခွင့် ရှိသူ ဒု – ဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက် နံနက် ၄ နာရီတွင် ပြန်ခေါ်ထုတ်ခဲ့ခြင်းဖြစ်ပြီး TNLA တပ်ဖွဲ့မှ ဂျာယန် ပြည်သူ့စစ် တပ်စခန်းအတွင်းရောက်နေသည့် တအာင်း (ပလောင်) လူမျိုးများကို ပြန်လည် ကယ်ထုတ် လာချိန်၌ စစ်ကောင်စီတပ်ဖွဲ့မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသက်မပြည့်သေးသည့် ကလေးစစ်သား

“ကျနော်တို့ လူကို ခေါ်ထုတ်လာတဲ့အချိန်မှာ စစ်ကောင်စီဘက်ကနေ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ ရှိခဲ့တယ်။ သေနတ်နဲ့လည်း လေယာဥ်ပေါ်ကနေ လှမ်းပစ်တယ်၊ ကျနော်တို့ဘက် ထိခိုက်ကျဆုံးမှုတော့ မရှိဘူး၊ ဂျာယန် ပြည်သူ့စစ်နဲ့လည်း ထိခိုက်ပစ်ခိုက်မှု မရှိဘူး” ဟု တားအိုက်ကျော်က ပြောသည်။

အဆိုပါ ကယ်ထုတ်လာသူများတွင် ကျား (၁၁၂) ဦး၊ မ (၁၅) ဦး စုစုပေါင်း ၁၂၇ ဦးတို့ကို ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပြီး အသက် ၁၈ နှစ်မပြည့်သေးသည့် လူငယ် (၂၀) ဦး ပါဝင်ကြောင်း သိရသည်။

ယင်းကဲ့သို့ TNLA မှ တအာင်းလူမျိုးများကို ကယ်ထုတ်ရန် စစ်ကြောင်းချီတက်သည့် အချိန်တွင် ဒေသခံများကို ဓားစာခံ/လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားမှုလည်း ရှိကြောင်း သတင်းထွက်ပေါ်လာသော်လည်း မဟုတ်မမှန်ကြောင်းသာ ဒု – ဗိုလ်မှူးကြီး တားအိုက်ကျော်က က ပြောသည်။

အသက်မပြည့်သေးသည့် ကလေးစစ်သား

“ကျနော်တို့ သွားတဲ့အချိန်မှာ ကျနော်တို့လူပဲရှိတယ်၊ တခြားသူတွေ မပါပါဘူး၊ ရွာသားတွေကို ခေါ်သွားတာမျိုးလည်း မရှိဘူး” ဟု တားအိုက်ကျော်က ပြောသည်။

ဂျာယန်ပြည်သူ့စစ် တပ်စခန်းသည် ကွတ်ခိုင်မြို့နယ် ကောင်းခါးအခြေစိုက် ကောင်းခါးပြည်သူ့စစ် KDA ၏ တပ်တခု ဖြစ်ပြီး KDA သည် ယခင် ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်၏ သျှမ်းပြည် အခြေစိုက် တပ်မဟာ (၄) ၏ တပ်မဟာမှူးဟောင်း ဦးမထုနော် ခေါင်းဆောင်နေသည်ဟု သိရသည်။

မိုင်းယော်တိုက်နယ်ရှိ ဂျာယန်ပြည်သူ့စစ် အခြေစိုက်ရာ ဂျာယန်ကျေးရွာသည် အိမ်ခြေ ၆၀၀ ကျော်ရှိပြီး သျှမ်း၊ ကချင် နှင့် တအာင်းများ စုပေါင်း နေထိုင်သော ကျေးရွာတစ်ခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...