Tuesday, January 27, 2026

ဂျာယန် ပြည်သူ့စစ်တပ်သားသစ်ထဲ အသက်မပြည့်သည့် လူငယ်များပါဝင်နေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းယော်တိုက်နယ်၊ ဂျာယန်ကျေးရွာ အနီးရှိ ဂျာယန်ပြည်သူ့စစ် တပ်သားသစ်ထဲတွင် အသက်မပြည့်သေးသည့် ကလေးလူငယ်များ ပါဝင်နေကြောင်း သတင်းရရှိသည်။

အသက်မပြည့်သေးသည့် ကလေးစစ်သား

ဂျာယန်ပြည်သူ့စစ်တပ်စခန်းအတွင်းသို့ စစ်သားလုပ်ရန် ခေါ်ဆောင်သွားခြင်း ခံရသူများအနက် အသက် (၁၈) နှစ် မပြည့်သေးသည့် ကလေးသူငယ် (၂၀) ဦးပါဝင်ခဲ့ကြောင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၏ ပြောရေးဆိုခွင့် ရှိသူ ဒု – ဗိုလ်မှူးကြီး တားအိုက်ကျော်က သျှမ်းသံဆင့်ကို ပြောသည်။

“ကျနော်တို့ တအာင်း လူမျိုးတွေကို အဲ့ဒီ ဂျာယန်ပြည်သူ့စစ် စခန်းထဲကို စစ်သားလုပ်ဖို့အတွက် ခြိမ်းခြောက်မှု နည်းလမ်းတွေ နဲ့ အတင်းအဓမ္မ ခေါ်ဆောင်သွားခံရတယ် ဆိုပြီး ရွာသားတွေ တိုင်ကြားလာလို့ ကျနော်တို့ စစ်အင်အားနဲ့ ပြန်ခေါ်ထုတ်ခဲ့တယ်၊ အဲ့မှာအသက်မပြည့်သေးတဲ့ ကလေးတွေ (၂၀) ဦးလောက်ပါတယ်” ဟု TNLA ၏ ပြောရေးဆိုခွင့် ရှိသူ ဒု – ဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက် နံနက် ၄ နာရီတွင် ပြန်ခေါ်ထုတ်ခဲ့ခြင်းဖြစ်ပြီး TNLA တပ်ဖွဲ့မှ ဂျာယန် ပြည်သူ့စစ် တပ်စခန်းအတွင်းရောက်နေသည့် တအာင်း (ပလောင်) လူမျိုးများကို ပြန်လည် ကယ်ထုတ် လာချိန်၌ စစ်ကောင်စီတပ်ဖွဲ့မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသက်မပြည့်သေးသည့် ကလေးစစ်သား

“ကျနော်တို့ လူကို ခေါ်ထုတ်လာတဲ့အချိန်မှာ စစ်ကောင်စီဘက်ကနေ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ ရှိခဲ့တယ်။ သေနတ်နဲ့လည်း လေယာဥ်ပေါ်ကနေ လှမ်းပစ်တယ်၊ ကျနော်တို့ဘက် ထိခိုက်ကျဆုံးမှုတော့ မရှိဘူး၊ ဂျာယန် ပြည်သူ့စစ်နဲ့လည်း ထိခိုက်ပစ်ခိုက်မှု မရှိဘူး” ဟု တားအိုက်ကျော်က ပြောသည်။

အဆိုပါ ကယ်ထုတ်လာသူများတွင် ကျား (၁၁၂) ဦး၊ မ (၁၅) ဦး စုစုပေါင်း ၁၂၇ ဦးတို့ကို ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပြီး အသက် ၁၈ နှစ်မပြည့်သေးသည့် လူငယ် (၂၀) ဦး ပါဝင်ကြောင်း သိရသည်။

ယင်းကဲ့သို့ TNLA မှ တအာင်းလူမျိုးများကို ကယ်ထုတ်ရန် စစ်ကြောင်းချီတက်သည့် အချိန်တွင် ဒေသခံများကို ဓားစာခံ/လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားမှုလည်း ရှိကြောင်း သတင်းထွက်ပေါ်လာသော်လည်း မဟုတ်မမှန်ကြောင်းသာ ဒု – ဗိုလ်မှူးကြီး တားအိုက်ကျော်က က ပြောသည်။

အသက်မပြည့်သေးသည့် ကလေးစစ်သား

“ကျနော်တို့ သွားတဲ့အချိန်မှာ ကျနော်တို့လူပဲရှိတယ်၊ တခြားသူတွေ မပါပါဘူး၊ ရွာသားတွေကို ခေါ်သွားတာမျိုးလည်း မရှိဘူး” ဟု တားအိုက်ကျော်က ပြောသည်။

ဂျာယန်ပြည်သူ့စစ် တပ်စခန်းသည် ကွတ်ခိုင်မြို့နယ် ကောင်းခါးအခြေစိုက် ကောင်းခါးပြည်သူ့စစ် KDA ၏ တပ်တခု ဖြစ်ပြီး KDA သည် ယခင် ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်၏ သျှမ်းပြည် အခြေစိုက် တပ်မဟာ (၄) ၏ တပ်မဟာမှူးဟောင်း ဦးမထုနော် ခေါင်းဆောင်နေသည်ဟု သိရသည်။

မိုင်းယော်တိုက်နယ်ရှိ ဂျာယန်ပြည်သူ့စစ် အခြေစိုက်ရာ ဂျာယန်ကျေးရွာသည် အိမ်ခြေ ၆၀၀ ကျော်ရှိပြီး သျှမ်း၊ ကချင် နှင့် တအာင်းများ စုပေါင်း နေထိုင်သော ကျေးရွာတစ်ခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...