နောင်ချို စစ်ဘေးရှောင်တချို့ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း စစ်ဘေးရှောင်များတချို့ စစ်ကောင်စီ နှင့် PDF များရွာပတ်လည်တွင် တည်ရှိနေသဖြင့် တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်ရကြောင်း စုံစမ်းသိရသည်။

နောင်ချို စစ်ဘေးရှောင်တချို့

ပြီးခဲသည့် ဖေဖော်ဝါရီ ၁၄ ရက်တွင် နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအုပ်စု ဟိုခိုကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ရှိ စစ်ဘေးရှောင် ၅၀၀ ဝန်းကျင်သည် နေရပ်သို့ ပြန်သွားခဲ့ကြောင်း သိရသည်။

“ စစ်ဘေးရှောင်တွေကတော့ ကြောက်ကြောက်နဲ့ပဲ ပြန်သွားလိုက်ပြီ။ စစ်ကောင်စီတပ်ကတော့ တပ်မဆုတ်သေးဘူး။ ကျေးရွာဘက်တွေ သွားလာနေသေးတယ်။ ပြီးတော့ PDF , TNLA တို့ကလည်း တောတွေထဲ ရှောင်တိမ်းနေတာရှိတယ်။ ပြည်သူတွေက ပြန်သွားပြီးတော့ အခြေနေစောင့်ကြည့်နေကြတာပေါ့။ ပြန်သွားလဲ လုံခြုံမှုတွေ အပြည့်မရှိသေးဘူး။ စိတ်ပူနေရသေးတယ်။ ဖြစ်နိုင်ရင်တော့ ကျေးရွာတွေထဲမှာ တိုက်ပွဲမဖြစ်စေချင်ဘူး” ဟု နောင်ချိုမြို့ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် နေရပ်သို့ ပြန်သွားရခြင်းသည် အလုပ်အကိုင် ပြန်လုပ်ရန် နှင့် တိုက်ပွဲငြိမ်သွားသည့်အတွက်ကြောင့် ပြန်သွားကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

လက်နက်ကြီးထိမှန်သည့် နေရာများ

“ ကျနော်တို့ ရွာမှာ အလုပ်ပြန်လုပ်ရအုံးမယ်လေ။ အခုက ပြောင်းဖူးချိန်ဆိုတော့ ပြောင်းဖူးတွေကို ပြန်ကြည့်ရအုံးမယ်။ အလုပ်ကလည်း မလုပ်ရင်လည်း မဖြစ်ဘူးလေ။ ပြီးတော့ လက်နက်သံတွေကလည်း ငြိမ်သွားပြီဆိုတော့ ပြန်လာခဲ့တာ။ ပြန်လာလည်း လုံခြုံမှုတွေကလည်း မရှိသေးဘူး။ အလုပ်ပြန်လာလုပ်ဖို့ ပြန်လာခဲ့တာ” ဟု စစ်ဘေးရှောင် အမျိုးသားက ပြောသည်။

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့သည် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှစပြီး တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက်ကြောင့် ပြည်သူ နေအိမ်တချို့ ပျက်စီးခဲ့သည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လ အတွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ဒိုးပင်ကျေးရွာ ၊ ဟိုခိုရွာ နှင့် ကုလားကွဲရွာတို့က ဒေသခံ ၁,၀၀၀ ကျော် စစ်ရှောင်ထွက်ပြေးခဲ့ရသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စပြီး ဒီဇင်ဘာ (၃၁) ရက်နေ့ထိ တစ်နှစ်ကြာ အပစ်ရပ် ကြေညာထားသော်လည်း စစ်မြေပြင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...