မန်တုံမြို့ TNLA မှ အမျိုးသမီးများကိုပါ အတင်းအဓမ္မ တပ်သားစုဆောင်းနေ

သျှမ်းပြည် ကျောက်မဲခရိုင် မန်တုံမြို့နယ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့သည် အမျိုးသမီးများကိုပါ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းနေကြောင်း သတင်းရရှိသည်။

မန်တုံမြို့

ယခုနှစ် မတ်လ မှစပြီး ယနေ့ ဧပြီလထိ မန်တုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့ထဲတွင် TNLA တပ်ဖွဲ့သည် တပ်သားသစ်ကောက်ယူနေပြီး၊ အမျိုးသားမရှိပါက အမျိုးသမီးကို ယူဆောင်သွားကြောင်း သား/သမီး မရှိပါက လူစားထိုးရန် မိဘများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

အလားတူ ယမန်နေ့ ဧပြီ ၂ ရက်တွင်လည်း မန်တုံကျေးရွာတွင်း TNLA က တပ်သားသစ် စုဆောင်းရာမှ နေအိမ်တွင်း စစ်မှုထမ်းဆောင်မည့်သူ မရှိသည့်အတွက်ကြောင့် ဖခင်ဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သမီး နှင့် ပြန်လည် အစားထိုး လာထုတ်ယူခိုင်းကြောင်း ၎င်း မိသားစုဝင် နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောပြလာသည်။

“ သူတို့ တပ်သားသစ် လာကောက်တာ။ အိမ်မှာ သွားလုပ်မဲ့သူမရှိဘူး။ သူ့ သား/သမီးတွေက တစ်ခြားမြို့တွေမှာ အလုပ်သွားလုပ်တာ။ အဲ့ဒါကို သူ့အဖေကို ဖမ်းခေါ်သွားတာ။ အဖေကို ပြန်လွှတ်လာစေချင်ရင်တော့ အစားထိုး ပြန်သွားရမှာပေါ့။ မနေ့ကပဲ အဲ့အမျိုးသားရဲ့ သမီးက လိုက်သွားတာ။ အခုတော့ သူ့အဖေတော့ ပြန်လွှတ်လာပြီ။ သူ့သမီးက စစ်မှုသွားထမ်းရတာ” ဟု ၎င်းတို့ မိသားစု နှင့် ရင်းနှီးသူက ပြောသည်။

TNLA

လက်ရှိ စစ်မှု သွားထမ်းဆောင်ရသည့် အမျိုးသမီးသည် ၂၁ နှစ် အရွယ်သာရှိနေပြီး မိသားစု စားဝတ်နေရေးအတွက် လောက်ကိုင်မြို့တွင် အလုပ်သွားရောက် လုပ်ကိုင်နေသူဖြစ်သည်။

၎င်းသည် ယမန်နေ့ ဧပြီ ၂ ရက်တွင် လောက်ကိုင်မြို့မှ တစ်ဆင့် လားရှိုးသို့ ကားနှင့် ပြန်လာခဲ့ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် ဌာနချုပ်ရှိရာ နမ့်ဆန်မြို့သို့ သွားရောက်ပြီး စစ်မှုထမ်းခဲ့ကြောင်း သိရသည်။

ထိုအပြင် TNLA တပ်ဖွဲ့ ခေါ်ယူသွားသည့် အမျိုးသမီး၏ ဖခင်သည် ယခင်က TNLA တပ်ဖွဲ့ ထဲက အမှုထမ်းဟောင်းတစ်ဦးဖြစ်ကြောင်း၊ ထို့အပြင် စစ်မှုထမ်းဆောင်ရန်အတွက် လူမရှိပါက ငွေပေး အခွန်ဆောင်သော်လည်း မရဘဲ ရှိတဲ့သူကိုသာ ယူဆောင်သွားကြောင်း သိရသည်။

“ စစ်မှုထမ်းဖို့ လူမရှိရင်လည်း တွေ့တဲ့လူ ရှိတဲ့သူကို ခေါ်သွားတာ။ ပိုက်ဆံပေးပြီး အခွန်ဆောင်မယ်ဆို လည်းမရဘူး။ သူတို့ပိုက်ဆံ မလိုချင်ဘူးတဲ့။ လူလိုချင်တာဆိုပြီးတော့ ခေါ်သွားတာ” ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

သျှမ်းပြည်တစ်ဝှမ်းတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အများဆုံးရှိသည့် နယ်မြေဖြစ်ပြီး ပြည်သူများက အခွန်ကိစ္စ နှင့် တပ်သားစုဆောင်းမှု နှင့် နေ့စဉ်နဲ့အမျှ ရင်ဆိုင်ကြုံတွေ့နေရသည်။

ထိုသို့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသည် တပ်သားကောက်ယူနေသည်မှာ စည်းစနစ်မရှိကြောင်း ပြည်သူများက ပြောဆိုလိုက်သည်။

“ သူတို့က စည်းမရှိဘူး။ လိုရင် လိုသလို ပဲလာခေါ်သွားတာ။ ကျောင်းတက်နေသေးတယ်ဆိုရင်လည်း လာခေါ်သွားတယ်။ ကျောင်းပြန်တက် ရရင်လည်း သူတို့ထောက်မယ် ပြီးရင် သူတို့နား အလုပ်ပြန် လုပ်ရမယ်ဆိုတာ ပဲပြောတယ်။ သူတို့တွေက စည်းမရှိဘူး။ တပ်သားသစ်တွေကို ခေါ်ယူတာက စည်းရှိသင့်တယ်။ အခုက အတင်းအဓမ္မခေါ်ယူနေတာနဲ့တူတယ်” ဟု မန်တုံဒေသခံတစ်ဦးက ပြောသည်။

မန်တုံမြို့နယ်အတွင်းရှိ တအာင်းကျေးရွာ ထဲတွင် တစ်အိမ်လျှင် တစ်ယောက် မဖြစ်မနေ စစ်မှုထမ်းဆောင်ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...