TNLA

နမ့်ခမ်းမြို့ တပ်စွဲထားသည့် စစ်ကောင်စီ ပြည်သူပိုင် ကုန်ပစ္စည်းများကို အဓမ္မယူစား

သျှမ်းပြည် နမ့်ခမ်းမြို့အတွင်း တပ်စွဲနေရာ ယူထားသည့် စစ်ကောင်စီတပ်သည် ပြည်သူပိုင် ကုန်စုံဆိုင်မှ ကုန်ပစ္စည်းများကို အဓမ္မယူဆောင်စားသုံးနေကြောင်းသိရသည်။ နမ့်ခမ်းမြို့ နမ့်ခမ်းဖောင်၊ ပေါက်တိုက်၊ ဟိုနောင်၊ အောင်မေတ္တာ ရပ်ကွက် နှင့် ဂျာမေ့ဗလီ တို့၌ စစ်ကောင်စီက တပ်စွဲ နေရာယူထားပြီး ပြည်သူပိုင် ကုန်ပစ္စည်းများကို ယူဆောင်စားသုံးနေကြောင်း လုံခြုံရေး...

“၁၀၂၇ စစ်ဆင်ရေး” ရက်တစ်ပတ်အတွင်း စစ်ရှောင် ၂ သောင်းခွဲအထိ ထွက်ပြေးတိမ်းရှောင်

သျှမ်းပြည် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ဖော်ဆောင်နေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့၏ “၁၀၂၇ စစ်ဆင်‌ရေး”တစ်ပတ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂ သောင်းခွဲအထိ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စုံစမ်းသိရသည်။ ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်အပေါ် ဆင်နွှဲနေသည့် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် ယနေ့ (နိုဝင်ဘာ ၄...

လားရှိုးမြို့ရှိ ဂျာယန် ပ.သ.စ စခန်း နှင့် မိုင်းယန်း ပ.သ.စ စခန်း နှစ်ခုကို TNLA မှ ထပ်မံသိမ်းပိုက်

သျှမ်းပြည်မြောက်ပိုင်း၊လားရှိုးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဂျာယန် ပ.သ.စ စခန်း နှင့် မိုင်းယန်း ပ.သ.စ စခန်း (၂)ခုတို့ကို ယနေ့ (နိုဝင်ဘာ ၄)ရက် နံနက်ပိုင်းတွင် ထပ်မံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း PSLF/TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။ နိုဝင်ဘာလ ၄ရက်နေ့ နံနက် ၅ နာရီ...

နမ့်ခမ်းမြို့ တိုက်ပွဲကြောင့် စစ်ရှောင် (၁,၅၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရ

မြန်မာ-တရုတ်နယ်စပ်ဒေသ နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲကြောင့် စစ်ရှောင် (၁,၅၀၀) ကျော် ထွက်ပြေးတိမ်း ရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။ ယမန်( နိုဝင်ဘာလ ၃ ရက် ) နံနက်အစောပိုင်းမှစ၍ စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်)...

နောင်ချိုတွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၁ ‌ထောင်ကျော် ထွက်ပြေးတိမ်းရှောင်

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီနှင့် TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲ ပြင်းထန်နေခြင်းကြောင့် စစ်ဘေးရှောင် ၁ ‌ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စုံစမ်းသိရသည်။ ပြင်ဦးလွင်မြို့မှ နောင်ချိုမြို့သို့ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို TNLA နှင့် မန္တလေး-PDF...

နမ့်ခမ်းမြို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ( နိုဝင်ဘာလ ၃ ရက်) နံနက်အစောပိုင်းမှစပြီး နမ့်ခမ်းမြို့ အောင်မြတ်သာ ရပ်ကွက်အတွင်း...

မိုင်းရယ် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်၊ ဗုံးခိုကျင်းများ တူးထားရ

သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့၏ စစ်ရေးလှုပ်ရှားမှုများကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး ဗုံးခိုကျင်းများ တူးထားရကြောင်း စုံစမ်းသိရသည်။ ယခု နိုဝင်ဘာ လဆန်းပိုင်းမှစပြီး မိုင်းရယ်မြို့နယ်အတွင်း TNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ စစ်ရေးလှုပ်ရှားမှုများကြောင့် မိုင်းရယ်မြို့ပေါ် ရပ်ကွက်များတွင် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး ဗုံးခိုကျင်းများ တူးထားရကြောင်း မိုင်းရယ်ဒေသခံများက...

ပန်ဆိုင်းမြို့ လက်နက်ကြီးကျပေါက်ကွဲ အရပ်သား ၁ ဦးသေဆုံး၊ ၁ ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ပန်ဆိုင်းမြို့ (ကြူဂုတ်) ရှိ ရဲစခန်းအနီး လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် အမျိုးသား တစ် ဦးသေဆုံးပြီး၊ အမျိုးသမီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ပန်ဆိုင်းမြို့ (ကြူဂုတ်) ရပ်ကွက် ၈ အတွင်းရှိ စစ်ကောင်စီ ရဲစခန်းအနီး၌ ယနေ့ (နိုဝင်ဘာ ၁ ) ရက်တွင်...

လားရှိုး-သန္နီကြား မိုင်းပါးစစ်တပ်စခန်းကို TNLA မှဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်

သျှမ်းပြည် လားရှိုး-သန္နီကြားရှိ မိုင်းပါးစစ်တပ်စခန်းကို “ ၁၀၂၇ စစ်ဆင်ရေး “ တွင်ပါဝင်ဆင်နွဲထားသည့် ညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ဝင်ရောက်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းလုံးကျွတ် ထွက်ပြေးသွားခဲ့ကြောင်း TNLA မှ ယနေ့ အောက်တိုဘာလ ၃၁...

သျှမ်းပြည် စစ်ရှောင် ၂ သောင်း နီးပါးရှိလာ၊ စားနပ်ရိက္ခာအကူအညီ အရေးပေါ် လိုအပ်

သျှမ်းပြည် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတလျှောက်ရှိ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၂သောင်းနီးပါးထိရှိလာပြီး၊ စားနပ်ရိက္ခာ အကူအညီ အရေးပေါ်လိုအပ်နေသည်ဟု စုံစမ်းသိရသည်။ ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်အပေါ် ဆင်နွှဲနေသည့် “စစ်ဆင်ရေး-၁၀၂၇”ကြောင့် ယနေ့ (အောက်တိုဘာ ၃၁)ရက်နေ့အထိ သျှမ်းပြည်မြောက်ပိုင်းရှိ လားရှိုး၊ သိန္နီ၊ နောင်ချို၊ ကျောက်မဲ...

Latest news