Friday, January 30, 2026

TNLA

သျှမ်းမြောက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံး၊ ဗိုလ်ကြီးအပါအဝင် လက်နက်ခဲယမ်းများ ဖမ်းဆီးသိမ်းဆည်းရမိ

သျှမ်းပြည် မြောက်ပိုင်းဒေသတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီးအပါအဝင် စစ်သုံ့ပန်းနှင့်အတူလက်နက်ခဲယမ်း အများအပြား ဖမ်းဆီးသိမ်းဆည်းရမိကြောင်း BPLA မှထုတ်ပြန်ထားသည်။ ယမန်နေ့ (အောက်တိုဘာလ ၂၈ ရက်) နံနက်ပိုင်းအချိန်မှစပြီး သျှမ်းမြောက်ဒေသရှိ မဟာမိတ်တပ်ဖွဲ့များ လှုပ်ရှားရာနေရာတစ်ခုသို့ တပ်မ (၃၃) လက်အောက်ခံတပ်ရင်း...

နောင်ချို စစ်ကောင်စီတပ် ခမရ-၁၁၄ မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ

သျှမ်းပြည် နောင်ချိုမြို့အနီး ကျောက်ကြမ်းရွာရှိ စစ်ကောင်စီတပ် ခမရ-၁၁၄ မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၂၉ ရက်) နံနက် ၄ နာရီအချိန်ခန့်မှ စတင်ပြီး နောင်ချိုမြို့အနီး ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီတပ်ကို TNLA တပ်ဖွဲ့နှင့် မန္တလေး-PDF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ...

နောင်ချိုမြို့အနီး ကျောက်ကြမ်းရွာရှိ စစ်ကောင်စီတပ်ကို TNLA နှင့် မန္တလေး-PDF ပူးပေါင်းတိုက်ခိုက်၊ တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည် နောင်ချိုမြို့အနီး ကျောက်ကြမ်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၂၉ ရက်) နံနက် ၄ အချိန်ခန့်မှ စတင်ပြီး နောင်ချိုမြို့အနီး ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီတပ်ကို TNLA တပ်ဖွဲ့နှင့် မန္တလေး-PDF တပ်ဖွဲ့တို့က...

သိန္နီမြို့ ညီနောင်မဟာမိတ်များ ခေတ္တထိန်းချုပ်ခဲ့

သိန္နီမြို့တွင် ယနေ့ (အောက်တိုဘာ ၂၉)ရက် နံနက်အစောပိုင်း၌ ညီနောင်မဟာမိတ်တပ်များက ခေတ္တထိန်းချုပ်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ညီနောင်မဟာမိတ်ဖြစ်သည့် MNDAA၊ TNLAနဲ့ AAတို့ သည် ယနေ့ (အောက်တိုဘာ ၂၉)ရက် နံနက် ၇ နာရီခွဲဝန်းကျင်တွက် ထိန်းချုပ်လိုက်ခဲ့ကြောင်း သိရသည်။ "သိန္နီမြို့ကို ညီနောင်မဟာမိတ်တပ်တွေ ထိန်းချုပ်နိုင်ခဲ့ပြီပြောတယ်။အခုထိတော့ ပစ်နေတုနိးပဲ။ ဘယ်မှထွက်လို့လဲမရဘူး"ဟု...

နမ္မတူ မြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ အရပ်သား (၃)ဦးထိမှန်

သျှမ်းပြည် နမ္မတူမြို့နယ် ရွာသစ်ပါင်ဆာကျေးရွာအတွင်းသို့ ယနေ့ (အောက်တိုဘာ ၂၈)ရက် မွန်းလွဲ ၁နာရီတွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ ဖြင့် ဗုံး (၃)လုံးလာရောက်ကြဲကာ အမျိုးသား ၂ဦး၊ အမျိုသမီး (၁)ဦး ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (အောက်တိုဘာ ၂၈)ရက် မွန်းလွဲ၁နာရီတွင် စစ်ကောင်စီဘက်မှ...

လားရှိုး စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနေအိမ် ၄ လုံး ထိခိုက်ပျက်စီး

သျှမ်းပြည် လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် မိုင်းတင်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ် ၄ အိမ် ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်) ည ၇ နာရီခန့်တွင် စစ်ကောင်စီတပ် ခလရ-၆၈ မှ ၁၂၀ မမ (120 mm)အရွယ်ရှိ...

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းဇုံလမ်းကြော ပိတ်ထားဆဲ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်-လားရှိုး-ချင်းရွှေဟော် ကုန်သွယ်ရေးလမ်းဇုံများ ပိတ်ထားနေဆဲဖြစ်သဖြင့် ဖြတ်သန်းသွားလာ၍ မရသေးကြောင်း ကားသမားထံများထံမှ သတင်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၈ )ရက်အထိ လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် လမ်းပိုင်အား လုံခြုံရေး အခြေအနေအရ ဖြတ်သန်းသွားလာ၍ မရသေးကြောင်း၊ ဖြတ်သန်းသွားလာနေသူ အချို့သည်လည်း စစ်ကောင်စီ၏ စစ်ရေးဂိတ်၌ ရပ်နားနေရကြောင်း မူဆယ်ကားသမားတစ်ဦးက...

လားရှိုးမြို့ပေါ် ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင် ၃၀၀၀ ကျော်ထိ တိုးလာ

သျှမ်းပြည် လားရှိုးမြို့နယ်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့၏ “စစ်ဆင်ရေး-၁၀၂၇”ကြောင့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၃၀၀၀ ကျော်အထိ တိုးလာသည်ဟု စုံစမ်းသိရသည်။ လားရှိုးမြို့နယ်၌ ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်) ညပိုင်းတွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားမှုကြောင့် လားရှိုးမြို့ပေါ်နှင့် ကျေးရွာဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင် ၃၀၀၀...

နမ့်ခမ်းမြို့နယ် TNLA မှ စစ်ကောင်စီ တပ်စခန်း (၃) ခု သိမ်းပိုက်နိုင်ခဲ့

သျှမ်းပြည် နမ့်ခမ်းမြို့နယ်အတွင်း ဒီနေ့ အောက်တိုဘာ (၂၇) ရက် မနက်ပိုင်းက PSLF/TNLA မှ စစ်ကောင်စီ တပ်စခန်း (၃) ခုကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ လားရှိုးမြို့နယ်ရှိ တပ်မဟာ (၆) စစ်ဒေသ က မိုင်းကျက်တပ်စခန်း နဲ့ တိန်တန်တပ်စခန်းတွေကိုလည်း တအာင်း...

လားရှိုးတွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူ ၆၀၀ နီးပါး ရှိလာ

သျှမ်းပြည် လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် အရေအတွက်မှာ ၆၀၀ နီးပါး ရှိလာပြီဖြစ်ကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ်၌ ယနေ့ (အောက်တိုဘာ ၂၇ ရက်) နံနက် ၄ နာရီအချိန်ခန့်တွင် စတင်ဖြစ်ပွားသည့် တိုက်ပွဲကြောင့် လားရှိုးမြို့...

Latest news