သီပေါ ကျင်သီတံတားကို TNLA တပ်ဖွဲ့ ဗုံးခွဲဖျက်ဆီး

သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့ကြားရှိ ကျင်သီတံတားကို TNLA တပ်ဖွဲ့က ယနေ့ (နိုဝင်ဘာ ၁၂)ရက် နံနက် ၄နာရီခွဲတွင် ဗုံးခွဲဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

သီပေါ ကျင်သီးတံတား ပျက်စီး

ကျောက်မဲမြို့နှင့် သီပေါ ဘော်ကြို ကြားရှိ ကျင်သီတံတားကို ယနေ့ (နိုဝင်ဘာ ၁၂ ရက်) နံနက် ၄ နာရီခွဲ အချိန်တွင် TNLA တပ်ဖွဲ့က ဗုံးခွဲဖျက်စီးထားပြီး တံတားအခန်း ၁ ခန်း ပဲ့ကျမှုကြောင့် သွားလာ၍ မရတော့ကြောင်း သီပေါ်မြို့ ဒေသခံများက ပြောသည်။

“၄ နာရီအချိန်လောက်က ကျင်သီတံတားရဲကင်းမှာ စောင့်တဲ့ စစ်သားတွေ လမ်းလျှောက်ပြီး ကျောက်မဲဘက် ထွက်သွားတယ်ပြောတယ်။ ခဏလေးနေတော့ TNLA တပ်သားတွေ သေနတ်သံ အချက်ပေးပြီး ဝင်လာတယ်။ အဲ့နောက်ပိုင်း တံတားမှာ ဗုံးထောင်တယ်ထင်တယ်။ အခုထိတော့ ဗုံးအများစုက ကျောက်မဲဘက် စစ်တပ်ကနေ ပစ်လာတာ။ ဘော်ကြိုနားက ဖိုင်ကန်၊ မူးလေးဘက်ကနေလဲ TNLA တပ်တွေက ပြန်ပစ်လာတာ ရှိတယ်။ သေနတ်သံတော့ မကြားရသေးဘူး”ဟု သီပေါမြို့ ဘော်ကြိုဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါ ကျင်သီး တံတား ဖျက်ဆီး

TNLA တပ်ဖွဲ့က ဗုံးခွဲဖျက်စီးခဲ့သည့် သီပေါ ဘော်ကြိုရှိ ကျင်သီတံတားမှာ အလုံးစုံပျက်စီးသွားခြင်း မဟုတ်ဘဲ တံတားအခန်း ၁ ခန်း ပဲ့ကျမှုကြောင့် သွားလာ၍ မရတော့ကြောင်း၊ လက်ရှိအချိန်ထိ ကျင်သီတံတားနှင့် စံဖိတ်တံတားတို့တွင် TNLA တပ်သားများ နေရာယူထားကြောင်း ဘော်ကြိုဒေသခံများက ပြောသည်။

“အခုထိ သူတို့TNLA တပ်သားတွေ ကျင်သီတံတားပေါ်မှာ ရှိနေတုန်းပဲ။ စစ်တပ်ထောက်ပို့ကို လမ်းကြောင်းဖြတ်ဖို့ သီပေါကို ဝင်မယ့် ကျင်သီတံတားကိုလဲ သိန္နီမြို့ဝင်တံတားလို သွားလို့မရအောင် ဖျက်မှာထင်တယ်။ အခုလဲ တံတားမှာ မိုင်းထောင်ဖို့ ဘက်ထရီမရှိလို့ ဟိုခိုရွာကနေ သွားတောင်းလာတယ်လို့ ပြောသံကြားတယ်”ဟု ၎င်းဘော်ကြိုဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ-၅၀၁/၅၀၂ တို့မှလည်း သီပေါနှင့် ကျောက်မဲအကြားရှိ ဘော်ကြို၊ ကျင်သီ၊ နောင်အန်း၊ ချောင်းချောက်၊ လွယ်ခေါ်နှင့် နားခေါ်ရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သီပေါဒေသခံများက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၁၀/၁၁ ရက်)တွင် ကျောက်မဲမြို့အခြေစိုက် ခမရ-၅၀၁/၅၀၂ သို့ စစ်ကောင်စီတပ်မှ စစ်ရဟတ်ယာဉ်ဖြင့် စစ်အင်အား၊ လူအင်အားဖြည့်တင်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း ကျောက်မဲဒေသခံများထံမှ သိရသည်။

ထို့အပြင် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲနှင့် ရွှေညောင်ပင်ကျေးရွာတို့တွင် တပ်စွဲထားသည့် စစ်ကား ၄၀ စီးခန့်နှင့် သံချပ်ကာ ၄ စီးခန့်မှာ ကျောက်မဲ၊ သီပေါ၊ လားရှိုးသို့ အင်အားဖြည့်တင်းရန် စတင်ချီတက်လျက်ရှိရာ နောင်ချိုဂုတ်တွင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူနှင့်အတူ တိုက်ပွဲပြင်းထန်နေပြီး ကျောက်မဲမြို့တွင်လဲ သေနတ်ပစ်ခတ်သံများ စတင်ကြားနေရကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...