ကွမ်းလုံမြို့အား ညီနောင်မဟာမိတ်အဖွဲ့ သိမ်းပိုက်၊ လောက်ကိုင်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲ

သျှမ်းပြည် လားရှိုးခရိုင်ရှိ ကွမ်းလုံမြို့အား အပြီးအပိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ်အဖွဲ့မှ ကိုးကန့်တပ်ဖွဲ့ MNDAA က ကိုးကန့်မီဒီယာမှတဆင့် သတင်းထုတ်ပြန်လာသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် သံလွင်မြစ် အရှေ့ဘက်ခြမ်းရှိ ကွမ်းလုံမြို့ကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီး သံချပ်ကာယာဉ်နှင့် လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိကြောင်း သတင်းထုတ်ပြန်ထားသည်။

လောက်ကိုင်

ထို့အပြင် သံလွင်မြစ် အနောက်ဘက်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း တပ်စခန်းကိုလည်း ယမန်နေ့ (နိုဝင်ဘာ ၁၀ ရက်) က သိမ်းပိုက်ရရှိထားသည်ဟု ကြေညာထားသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA က လောက်ကိုင်မြို့အနီး ရှီယွင်ကြည်ရွာရှိ စစ်ကောင်စီ ဗျူဟာကုန်း၏ တွဲဖက်တပ်စခန်းများကို ယမန်နေ့ (နိုဝင်ဘာ ၁၁ ရက်) နံနက် ၈ နာရီကျော်တွင် သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီအထိနာခြင်းကြောင့် လေကြောင်းဖြင့် ညနေပိုင်းတွင် ပြန်လည်တိုက်ခိုက်ခဲ့ရာ လောက်ကိုင်မြို့မှ တိမ်းရှောင်ထွက်ပြေးလာသူ လူအုပ်ကြားထဲ ဗုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း စစ်ဘေးရှောင်နေရသူများက ပြောသည်။

“လောက်ကိုင်ကနေ ထွက်လာတဲ့ စစ်ဘေးရှောင်တွေ ပါစင်ကျော်နားက ဆယ်တန်ဂိတ်မှာ ပိတ်မိနေတဲ့အချိန် လူအုပ်ထဲကို ဗုံးကျကွဲတာ။ လူအုပ်ထဲ ကျတာဆိုတော့ အကုန်လုံးလန့်ဖြန့်ပြီး ဝရုန်းသုန်းကား ပြေးကြတာ။ အဲ့မှာ ဆိုင်ကယ်ကော ကားနဲ့ကော ရှောင်လာကြတဲ့လူတွေအကုန် ပါစင်ကျော်ထဲ ပြန်ပြေးဝင်လာကြတာ။ အသေအပျောက် များတယ်ပြောတယ်”ဟု လောက်ကိုင်တွင် ရောက်ရှိနေသည့် စစ်ဘေး‌ရှောင်တစ်ဦးက ပြောသည်။

စစ်ဘေးရှောင်လူအုပ်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် စစ်ဘေးရှောင် ၁၀ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကာ ၎င်းတို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA က လုံခြုံသည့်နေရာတွင် ဆေးဝါးကုသမှု လုပ်ဆောင်ပေးနေကြောင်း သိရသည်။

“အခု ဆယ်တန်ဂိတ်နဲ့ ပါစင်ကျော် ကြားထဲမှာ လူထောင်ချီ ပိတ်မိနေတုန်းပဲ။ ကလေးငယ်ရှိတဲ့ နို့တိုက်မိခင်တွေကော၊ သက်ကြီးရွယ်အိုတွေကော၊ အရေးပေါ်ဆေးကုရမယ့် လူနာတွေ အများကြီးရှိတယ်။ ရာသီဥတုကလည်း အရမ်းအေးတော့ အဲ့ဒီလူတွေအတွက် အရမ်းအန္တရာယ်ရှိနေတယ်။ ဒီမှာ ဘာဆေးဝါးမှလည်း မရနိုင်ဘူး၊ အစားအသောက်လဲ အခက်အခဲ ဖြစ်နေတယ်”ဟု လမ်းခရီးတွင် ပိတ်မိနေသည့် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၁၀ ရက်)နေ့ကလည်း ကိုးကန့်တပ်ဖွဲ့ MNDAA မှ လမ်းခရီးတွင် ပိတ်မိနေသည့် စစ်ဘေး‌ရှောင် ၃၀၀၀ ကျော်အတွက် ကားများစီစဉ်ပေးပြီး လုံခြုံသည့် နေရာများသို့ ပို့ဆောင်ပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် ချင်းရွှေဟော်သို့ သွားသည့်လမ်းကြောင်းသည် ဆက်လက်ပိတ်ထားနေဆဲဖြစ်ပြီး ပြည်သူများအနေဖြင့် လမ်းတွင် ပိတ်မိခံရခြင်းနှင့် ထိခိုက်မှုများကို ရှောင်ရှားနိုင်ရန်အတွက် ခရီးသွားလာခြင်းကို အထူးဂရုပြုကြရန်လည်း ကိုးကန့်တပ်ဖွဲ့ MNDAA က သတိပေးထားသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...