နမ့်ခမ်းမြို့ကို TNLA မှ ထိန်းချုပ်နိုင်ပြီဟု ကြေညာပြီးနောက် လက်နက်ကြီး ပစ်ခတ်သံများကြောင့် နေအိမ် (၁၀)လုံးထက်မနည်း မီးလောင်ပျက်စီး

သျှမ်းမြောက် နမ့်ခမ်းမြို့ကို ညီနောင်မဟာမိတ် (၃) ဖွဲ့ နှင့် ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်နိုင်ပြီး TNLA အုပ်ချုပ်မှုအောက်မှာ ပုံမှန်လည်ပတ်နိုင်ပြီးဟု ကြေညာပြီးနောက် ယနေ့ (နိုဝင်ဘာ ၁၀) ရက် ညတွင် လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရပြီး နေအိမ်(၁၀) လုံးခန့် မီးလောင် ပျက်စီးနေကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ နိုဝင်ဘာ (၁၀) ရက် ည ၁၀ နာရီကျော်အချိန်မှာ နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ နေအိမ်တစ်လုံး လက်နက်ကြီးကျည် ထိမှန်ရာမှ မီးလောင်သွားကြောင်း စုံစမ်းသိရှိရသည်။

“မီးညွှန့်တွေက မကျိုးသေးဘူး။ မီးသတ်တွေလဲ အခုကာလမှာ ဘယ်ရပ်ကွက်မှ လှုပ်ရှားရဲမှာ မဟုတ်ဘူး။ ဘယ်အဖွဲ့က ပစ်လိုက်တဲ့ လက်နက်ကြီးမှန်းတော့ မသိရဘူး” ဟု နမ့်ခမ်းဒေသခံ တစ်ဦး ကပြောသည်။

လက်ရှိ သတင်းရေးသားချိန်ထိ လက်နက်ကြီးကြောင့် နေအိမ် (၁၀) အိမ်နီးပါးခန့် မီးကူးလောင်နေကြောင်း ဒေသခံတစ်ဦးထံမှ သိရှိရသည်။

“ခု အိမ်တွေ (၁၀) အိမ်လောက်ရှိနေပြီ မီးကူးလောင်တာ။ ဘယ်သူမှ မသွားရဲဘူး အဲ့ဘက် ဖုန်းလိုက်ဆက်လည်း ဘယ်သူမှ မရှိဘူး။” ဟု နမ့်ခမ်းဒေသခံ တစ်ဦး ကပြောသည်။

TNLA မှ နမ့်ခမ်းမြို့ကို နိုဝင်ဘာ (၁၀) ရက်နေ့မှ သေချာစွာ ထိန်းချုပ်နိုင်ပြီး ပြည်သူများလည်း ပုံမှန် အရောင်းအဝယ် လုပ်ကာ မြို့ထဲ စည်ကားနေပြီဟု ပြောဆိုသော်လည်း နမ့်ခမ်းမြို့သည် မြို့ပျက်သဖွယ် ဖြစ်ပွားကာ ထိတ်လန့်ဖွယ်ရာ ဖြစ်နေကြောင်း ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ကျနော်တို့ ဒီနေ့ နမ့်ခမ်းမြို့ပုံကို သတင်းတွေမှာ မြင်နေရတာက ဒီနေ့ ကပုံမဟုတ်ဘူး။ မြို့ထဲ မပစ်ခင်တဲ့နေ့က ပုံတွေနဲ့ မြို့ထဲစဝင်လာတဲ့နေ့က ပုံတွေဖြစ်ပါတယ်။ မြို့ထဲလမ်းမ မှာ အမှိုက်ပြည့်နှက်နေတယ်၊ ပြီးတော့ စျေးနဲ့ မြို့လယ်ဘုရားကြား လမ်းမတလျောက် လက်နက်ကြီးထိတဲ့အိမ်တွေလဲ ပျက်ဆီးနေတာမြင်နေရတော့ မြို့ပျက်ကြီးလိုပဲ လို့”ဟု အမည်မဖော်လိုသူ နမ့်ခမ်းဒေသခံ တစ်ဦး ကပြောသည်။

နမ့်ခမ်းမြို့ကို နိုဝင်ဘာ (၃) ရက်မှ စပြီး ညီနောင်မဟာမိတ် (၃) ဖွဲ့ နှင့် စစ်ကောင်စီ တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး လက်ရှိချိန်ထိ စစ်ကောင်စီ တပ်စခန်း (၁) ခန်း ကျန်ရှိနေသေးကြောင်း သိရှိရသည်။

အလားတူ သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်တွင်လည်း လက်နက်ကြီးပစ်ခတ်သံများ (၁၀) ချက်ထက်မနည်း ကြားနေရပြီး လေယာဥ်များလည်း ပျံဝဲနေကြောင်း စုံစမ်းသိရှိရသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့ နှင့် စစ်ကောင်စီတို့ သျှမ်းမြောက်မှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး စစ်ရှောင်များ မိုင်းရယ်မြို့နယ်သို့ ထွက်ပြေးတိမ်းရှောင် (၅၀၀) ကျော် ရောက်ရှိထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...