TNLA
သီပေါ ကျင်သီတံတားကို TNLA တပ်ဖွဲ့ ဗုံးခွဲဖျက်ဆီး
SHAN -
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့ကြားရှိ ကျင်သီတံတားကို TNLA တပ်ဖွဲ့က ယနေ့ (နိုဝင်ဘာ ၁၂)ရက် နံနက် ၄နာရီခွဲတွင် ဗုံးခွဲဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နှင့် သီပေါ ဘော်ကြို ကြားရှိ ကျင်သီတံတားကို ယနေ့ (နိုဝင်ဘာ ၁၂ ရက်) နံနက် ၄ နာရီခွဲ...
စစ်ရေးပဋိပက္ခအတွင်း ပြည်သူလူထုအား အကာအကွယ်ပေးရန် သျှမ်းလူထုနှင့် အရပ်ဖက် အဖွဲ့အစည်းများ ထုတ်ပြန်
SHAN -
“၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲနေသော ညီနောင်မဟာမိတ်တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့် စစ်ကောင်စီတပ်တို့ကို စစ်ရေးပဋိပက္ခအတွင်း ပြည်သူလူထုအား အကာအကွယ်ပေးရန် သျှမ်းလူထုနှင့် အရပ်ဖက် အဖွဲ့အစည်းများက ယနေ့ (နိုဝင်ဘာ ၁၁ ရက်)တွင် ထုတ်ပြန်လာသည်။ စစ်ရေးပဋိပက္ခတွင် ပါဝင်ကြသော နှစ်ဘက်လက်နက်ကိုင် တပ်ဖွဲ့အားလုံးသည် ပြည်သူလူထုအား ခြိမ်းခြောက်ခိုင်းစေခြင်း၊...
နမ့်ခမ်းမြို့ကို TNLA မှ ထိန်းချုပ်နိုင်ပြီဟု ကြေညာပြီးနောက် လက်နက်ကြီး ပစ်ခတ်သံများကြောင့် နေအိမ် (၁၀)လုံးထက်မနည်း မီးလောင်ပျက်စီး
သျှမ်းမြောက် နမ့်ခမ်းမြို့ကို ညီနောင်မဟာမိတ် (၃) ဖွဲ့ နှင့် ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်နိုင်ပြီး TNLA အုပ်ချုပ်မှုအောက်မှာ ပုံမှန်လည်ပတ်နိုင်ပြီးဟု ကြေညာပြီးနောက် ယနေ့ (နိုဝင်ဘာ ၁၀) ရက် ညတွင် လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရပြီး နေအိမ်(၁၀) လုံးခန့် မီးလောင် ပျက်စီးနေကြောင်း...
မိုင်းရယ်တွင် “ဝ”နယ်မှ ပို့ဆောင်လာသော စစ်ဘေးရှောင် ၅၀၀ ကျော်ရှိ
SHAN -
သျှမ်းပြည် မိုင်းရယ်မြို့တွင် “ဝ”နယ် နမ့်တစ်မြို့မှတဆင့် ပို့ဆောင်လာသော စစ်ဘေးရှောင် ၅၀၀ ကျော် ရောက်ရှိလာပြီး မြို့ပေါ်ဘုန်းကြီးကျောင်းနှင့် ဘောလုံးကွင်းတို့တွင် ခေတ္တညအိပ် တည်းခိုခဲ့ကြောင်း စုံစမ်းသိရသည်။ “ဝ”နယ် နမ့်တစ်မြို့တွင် ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်းလုံမြို့တို့မှ ထွက်ပြေး တိမ်းရှောင်လာသော စစ်ဘေးရှောင်များကို “ဝ”တပ်ဖွဲ့ UWSA မှ...
လားရှိုး စစ်ကောင်စီတပ် ဆင့်ကဲပေါက်ကွဲသည့် ဗုံးကြောင့် အရပ်သား ၂ ဦးဒဏ်ရာရ၊ နေအိမ် ပျက်စီးမှုရှိ
SHAN -
သျှမ်းပြည် လားရှိုးမြို့နယ် မက်ချိနုကျေးရွာအုပ်စုတွင် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ ပစ်လွှတ်လိုက်သည့် ဆင့်ကဲပေါက်ကွဲတတ်သော ဗုံးကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ် မက်ချိနုကျေးရွာအုပ်စု ဝမ်မွန်းကျေးရွာတွင် ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) ညသန်းခေါင်အချိန်တွင် လားရှိုးအခြေစိုက်...
ကျောက်မဲ အမျိုးသားတစ်ဦး မိုင်းနင်းမိ ပွဲချင်းပြီး သေဆုံး
SHAN -
သျှမ်းပြည် ကျောက်မဲမြို့နယ် မန်ကောင်းမူးရွာနေ အမျိုးသားတစ်ဦးသည် ခြံသွားနေစဥ် မြေမြုပ်မိုင်း နင်းမိပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ကျောက်မဲမြို့နယ် မန်ကောင်းမူးရွာ ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် အမျိုးသားတစ်ဦး ခြံသွားနေစဥ် မြေမြုပ်မိုင်းနင်းမိကာ ထိုနေရာတွင် ပွဲချင်းပြီး...
မူဆယ် နာမကျန်းသူအချို့ ဆေးရုံသို့ အချိန်မီ မပိုနိုင် သေဆုံးမှုများရှိနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ပိတ်ထားခံရသဖြင့် မူဆယ်မြို့မှ နာမကျန်းသူအချို့ကိုလားရှိုးနှင့် မန္တလေး ဆေးရုံသို့ အချိန်မီ မပို့နိုင်၍ သေဆုံးမှုများ ရှိနေကြောင်း မူဆယ်မြို့ခံများထံမှ သိရသည်။ မန္တလေး- လားရှိုး- မူဆယ်လမ်းပိုင်းကို အောက်တိုဘာလ ၂၇ ရက်မှ စတင်၍ ညီနောင်မဟာမိတ်သုံးဖွဲ့မှပိတ်ထားခဲ့ပြီး သိန္နီမြို့ရှိ နမ္မတူချောင်းတံတားပါ...
မူဆယ်-နမ့်ခမ်းလမ်း တိုက်ပွဲကြား အမျိုးသားတစ်ဦး ပျောက်ဆုံးနေ
သျှမ်းပြည် မူဆယ်-နမ့်ခမ်းလမ်းကြား တစ်နေရာတွင် တိုက်ပွဲဖြစ်ပွားနေစဉ် ကာလအတွင်း အမျိုးသားတစ်ဦး ပျောက်ဆုံးနေပြီး လက်ရှိအချိန်ထိ အသတင်းအချက်အရမရှိသေးကြောင်း သတင်းသိရှိရသည်။ ဖြစ်စဉ်မှာ (အောက်တိုဘာလ ၂၈ ရက်)တွင် အသက် ၂၃ နှစ်အရွယ်ရှိ မောင်မရန်ယောင်ထန် ဆိုသည့် အမျိုးသားတစ်ဦးသည် မူဆယ်-နမ့်ခမ်းလမ်းပိုင်း ဖြတ်သန်းသွားလာစဉ်အတွင်း ပျောက်ဆုံးသွားခဲ့သည်ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက...
လားရှိုး စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦး သေဆုံး
SHAN -
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းတင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် ကလေးအပါအဝင် အမျိုးသမီး ၃ ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၉ ရက်) နံနက် ၇ နာရီကျော်အချိန်က လားရှိုးမြို့နယ် မိုင်းတင်ကျေးရွာတွင် အသက် ၆၀ အရွယ်ရှိ...
နားလည်မှုကွဲလွှဲခြင်းကြောင့် SSPP နှင့် TNLA တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ရ
မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား နားလည်မှုကွဲလွှဲခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( နိုဝင်ဘာလ ၈ ရက် ) နံနက်ပိုင်းအချိန်တွင် ဖြစ်ပွားခဲ့သည့် စယ်လန့်ကျေးရွာအတွင်း...





