နောင်ချို ဂုတ်တွင်း လာရောက်ပစ်ခတ်သည့် ရဟတ်ယာဉ်နောက်မြီး ရှပ်ထိ၍ မီးခိုးထွက်

သျှမ်းပြည် ကျောက်မဲ- နောင်ချိုအကြားရှိ နောင်ပိန်ဂုတ်တွင်းအနီးတွင် လာရောက်ပစ်ခတ်နေသည့် တိုက်ခိုက်ရေး စစ်ကောင်စီ ရဟတ်ယာဉ်တစ်စင်း နောက်မြီး ကျည်ရှပ်ထိ၍ မီးခိုးထွက်ကာ ပြန်လှည့်သွားရကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီ စစ်ရဟတ်ယာဥ် ပျံဝဲနေစဥ်

ကျောက်မဲမြို့နယ်ဘက်ရှိ နောင်ပိန်ဂုတ်တွင်းအနီးတွင် ယနေ့ (နိုဝင်ဘာလ ၁၄ ရက်) ၁၁ နာရီဝန်းကျင်၌ စစ်ကောင်စီတပ်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့မှ ပြန်လည်ပစ်ခတ်ခဲ့ခြင်းကြောင့် ရဟတ်ယာဉ်တစ်စီး၏ နောက်မြီးသို့ ကျည်ရှပ်ထိ၍ မီးခိုးထွက်ကာ ပြင်ဦးလွင်ဘက်သို့ ပျံသန်းသွားကြောင်း စုံစမ်းသိရသည်။

“ဟုတ်တယ်၊ မနက် ၁၀ နာရီကျော်ကတည်းက စစ်တပ်က ရဟတ်ယာဉ် ၂ စီးနဲ့ ပစ်နေတာ။ လေယာဉ်ပေါ်ကလဲ အောက်ကိုပစ်၊ အောက်က PDF ပူးပေါင်းအဖွဲ့တွေကလည်း ပြန်ပစ်။ ဒီနေ့တော့ အရမ်းကိုကြမ်းနေတာ။ အောက်က ပွိုင့်ဖိုက် စက်သေနတ်နဲ့ ပြန်ပစ်တာ ရဟတ်ယာဉ်တောင်ပံလား အမြီးလားမသိဘူး ရှပ်ထိတော့ မီးခိုးအူထွက်လာပြီး မေမြို့ဘက် ပြန်ပျံသွားတယ်”ဟု နောင်ချိုမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နယ် ဂုတ်တွင်းဘက်ခြမ်း လုံကြိမ်ကျေးရွာအနီးတွင် စခန်းချတပ်စွဲထားသည့် TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့ကို နိုဝင်ဘာလ ဒုတိယပတ်မှစပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် ခပ်စိပ်စိပ် ဗုံးကျဲတိုက်ခိုက်လာပြီး နောင်ချိုနှင့် ကျောက်မဲတပ်များမှလည်း နောင်ပိန်ဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း နောင်ပိန်ဒေသခံများက ပြောသည်။

“ဒီတခေါက်လာတဲ့ ဟက်စကီးက ထိသွားတယ်ထင်တယ်။ အောက်ကနေ PDF ပူးပေါင်းအဖွဲ့တွေက ပွိုင့်ဖိုက် စက်သေနတ်ကြီးနဲ့ ပြန်ပစ်တာ။ ပြီးခဲ့တဲ့ လေးငါးရက်က လာပစ်တဲ့တစ်ခေါက်ကလဲ လေယာဉ်အမြီးပိုင်း ထိသွားတယ်၊ ပျက်တော့မကျဘူး။ ထိတဲ့အချိန်ဆို လေယာဉ်သံက ဟန်ချက်ပျက်သွားတယ်။ ရဟတ်ယာဉ်က စက်သံမမှန်ဘဲနဲ့ ရုန်းနေရတာမျိုး။ အခုလဲ နောင်ချိုနဲ့ ကျောက်မဲတပ်တွေကနေ လက်နက်ကြီးနဲ့ နောင်ပိန်ဘက်ကို ပစ်လာနေတယ်”ဟု ကျောက်မဲမြို့ နောင်ပိန်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချို-ကျောက်မဲကြားရှိ ဂုတ်တွင်းလမ်းပိုင်းတွင် ယခုဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နောင်ပိန်တိုက်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၁၅၀၀ ကျော်သည် အောင်ဓမ္မာရုံ၊ ပုဗ္ဗာရုံ၊ ကုန်းညောင်၊ ထန်းတပင်၊ ခေးနင်း၊ လွယ်ကုံ စသည့် နီးစပ်ရာ ကျေးရွာဘုန်းကြီးကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့အပြင် ပြင်ဦးလွင်မြို့မှ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသော စစ်ကား ၄၀ စီးကျော်နှင့် သံချပ်ကာယာဉ် ၄ စီးတို့သည် ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့များသို့ ချီတက်နိုင်ရန်အတွက် စစ်ကောင်စီတပ်မှ ဂုတ်တွင်းလမ်းပိုင်းကို အစွမ်းကုန် ထိုးဖောက်လျက်ရှိရာ TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲပြင်းထန်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...