TNLA
မူဆယ်မြို့နယ်အတွင်း SSPP နှင့် TNLA ထိတွေ့တိုက်ပွဲဖြစ်
မြန်မာ - တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရှိရသည်။ ယနေ့ (နိုဝင်ဘာလ ၇ ရက်) မနက်ပိုင်းအချိန်တွင် မူဆယ် - နမ့်ခမ်းကြားရှိ စယ်လန့်ကျေးရွာတွင်...
နမ့်ခမ်းမြို့အတွင်း တိုက်ပွဲ ဘုန်းကြီးကျောင်း အပါအဝင် နေအိမ်အများအပြားပျက်စီး
မြန်မာ - တရုတ်နယ်စပ်ဒေသ နမ့်ခမ်းမြို့တွင် စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲကြောင့် ဘုန်းကြီးကျောင်း အပါအဝင် နေအိမ် အများအပြား ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ ( နိုဝင်ဘာလ ၇ ရက်...
နမ့်ခမ်းမြို့လယ်ဘုရားတွင် စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲ ထပ်မံဖြစ်ပွား
မြန်မာ - တရုတ်နယ်စပ်ဒေသ နမ့်ခမ်းမြို့ရှိ မြို့လယ်ဘုရားတွင် ယနေ့ ( နိုဝင်ဘာလ ၆ ရက်) ည ၇ နာရီ ဝန်းကျင်မှစပြီး စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ တိုက်ပွဲ ထပ်မံဖြစ်ပွားကာ...
ကျောက်မဲ-နောင်ချို ဂုတ်တွင်းလမ်းပိုင်း တိုက်ပွဲပြင်းထန် နှစ်ဘက်ထိခိုက်သေဆုံးမှုရှိ
SHAN -
သျှမ်းပြည် ကျောက်မဲနှင့်နောင်ချိုမြို့အကြားရှိ ဂုတ်တွင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် TNLA ၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ကာ နှစ်ဘက်ထိခိုက် သေဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် ဂုတ်တွင်းလမ်းပိုင်းတွင် နေရာယူထားသော စစ်ကောင်စီတပ်စခန်းအား TNLA တပ်ဖွဲ့နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့သည် ယနေ့ (နိုဝင်ဘာလ ၆ ရက်) နံနက်...
နမ့်ခမ်းမြို့ စစ်ရှောင်ဦးရေ ၂,၅၀၀ ဝန်းကျင်ထိရှိလာ
မြန်မာ-တရုတ်နယ်စပ်ဒေသ နမ့်ခမ်းမြို့တွင် စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး TNLA တို့ သုံးရက်ကျော်ကာလအတွင်း တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ဦးရေ ၂,၅၀၀ ဝန်းကျင်အထိ ရှိလာပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့်ရက်ပိုင်း (နိုဝင်ဘာလ ၃ ရက်)တွင် နမ့်ခမ်းမြို့တွင် မြေပြင်တိုက်ပွဲအပြင် စစ်ကောင်စီဘက်မှ...
နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို TNLA တပ်ဖွဲ့က ဝိုင်းရံပိတ်ဆို့ထား
SHAN -
သျှမ်းပြည် နမ့်ခမ်းမြို့နယ် စစ်ကောင်စီလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ရဲစခန်းတို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့က ဝိုင်းရံပိတ်ဆို့ထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၅ ရက်) နံနက် ၆ နာရီခန့်မှပြီး နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို TNLA တပ်ဖွဲ့က ဝိုင်းရံပိတ်ဆို့ထားပြီး...
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ ပြည်သူကို အကာအကွယ်ယူပြီး တိုက်ခိုက်နေ
SHAN -
ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်ကို ဆင်နွှဲနေသည့် “၁၀၂၇ စစ်ဆင်ရေး”အတွင်း နှစ်ဘက်တပ်ဖွဲ့များသည် ပြည်သူကို အကာအကွယ်ယူပြီး တိုက်ခိုက်နေကြကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် နောင်ချိုမြို့နယ်တွင် ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ (နိုဝင်ဘာ ၁ ရက်)မှ...
နမ့်ခမ်းမြို့ တပ်စွဲထားသည့် စစ်ကောင်စီ ပြည်သူပိုင် ကုန်ပစ္စည်းများကို အဓမ္မယူစား
သျှမ်းပြည် နမ့်ခမ်းမြို့အတွင်း တပ်စွဲနေရာ ယူထားသည့် စစ်ကောင်စီတပ်သည် ပြည်သူပိုင် ကုန်စုံဆိုင်မှ ကုန်ပစ္စည်းများကို အဓမ္မယူဆောင်စားသုံးနေကြောင်းသိရသည်။ နမ့်ခမ်းမြို့ နမ့်ခမ်းဖောင်၊ ပေါက်တိုက်၊ ဟိုနောင်၊ အောင်မေတ္တာ ရပ်ကွက် နှင့် ဂျာမေ့ဗလီ တို့၌ စစ်ကောင်စီက တပ်စွဲ နေရာယူထားပြီး ပြည်သူပိုင် ကုန်ပစ္စည်းများကို ယူဆောင်စားသုံးနေကြောင်း လုံခြုံရေး...
“၁၀၂၇ စစ်ဆင်ရေး” ရက်တစ်ပတ်အတွင်း စစ်ရှောင် ၂ သောင်းခွဲအထိ ထွက်ပြေးတိမ်းရှောင်
SHAN -
သျှမ်းပြည် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ဖော်ဆောင်နေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့၏ “၁၀၂၇ စစ်ဆင်ရေး”တစ်ပတ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂ သောင်းခွဲအထိ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စုံစမ်းသိရသည်။ ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်အပေါ် ဆင်နွှဲနေသည့် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် ယနေ့ (နိုဝင်ဘာ ၄...
လားရှိုးမြို့ရှိ ဂျာယန် ပ.သ.စ စခန်း နှင့် မိုင်းယန်း ပ.သ.စ စခန်း နှစ်ခုကို TNLA မှ ထပ်မံသိမ်းပိုက်
SHAN -
သျှမ်းပြည်မြောက်ပိုင်း၊လားရှိုးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဂျာယန် ပ.သ.စ စခန်း နှင့် မိုင်းယန်း ပ.သ.စ စခန်း (၂)ခုတို့ကို ယနေ့ (နိုဝင်ဘာ ၄)ရက် နံနက်ပိုင်းတွင် ထပ်မံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း PSLF/TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။ နိုဝင်ဘာလ ၄ရက်နေ့ နံနက် ၅ နာရီ...





