နမ့်ခမ်းမြို့ပေါ် ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ပစ်ခတ် အရပ်သားနေအိမ်ထိ

သျှမ်းပြည် နမ့်ခမ်းမြို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်များ ထိခိုက် ပျက်စီးမှု ရှိကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းမြို့မရဲစခန်း

နမ့်ခမ်းမြို့တွင် ယနေ့ (နိုဝင်ဘာလ ၂၀ ရက်) နံနက် ၇ နာရီကျော်မှ စပြီးစစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲများပြင်းထန်ပြီး ညနေ (၄)နာရီကျော်တွင် စစ်ကောင်စီဘက်မှ ဂျက်လေယာဥ်ဖြင့် ပစ်ခတ်ကာ နမ့်ခမ်းမြို့ စာရေးတန်းရပ်ကွက်တွင် နေအိမ်တစ်လုံး ထိခိုက်ကာ မီးလောင်ခဲ့ပြီး ဘေးအိမ်များလည်း ထိခိုက်မှုရှိကြောင်း နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ဒီနေ့ စာရေးတန်းက အိမ်ကို လက်နက်ကြီးထိတယ်။ ။ လူတော့ မထိဘူး။ ဘေးအိမ်က မှန်တွေတော့ထိတာရှိတယ်။ ပစ်နေတာတော့ လေယာဥ်တစ်စီးပဲ” ဟု နမ့်ခမ်းမြို့ ဒေသခံအမျိုးသားက ဆိုသည်။

ထို့အပြင် နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံ အနီးအနားတွင် TNLA တပ်သားများလှုပ်ရှားမှုရှိပြီး၊ ဆေးရုံထဲ တပ်စွဲထားခြင်း ရှိ၊ မရှိကို အတည်ပြု မပြောဆိုနိုင်ကြောင်းလည်း နမ့်ခမ်း သတင်းရင်းမြစ်များက ပြောသည်။

“ နမ့်ခမ်းဆေးရုံပတ်ဝန်းကျင်မှာတော့ TNLA တပ်သားတွေသွားလာနေတာ။ ဆေးရုံက ဆရာဝန်တွေ၊ ဆရာမတွေတော့ လူနာတွေတော့မရှိဘူး၊ TNLA တော့ ဝင်၊ထွက်နေတာပဲ။ ကျနော်တို့လည်း လှမ်းပဲမြင်ရတာ သွားကြည့်လို့မရဘူးလေ” ဟု နမ့်ခမ်းမြို့ ဒေသခံ သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ဆိုပြန်သည်။

လက်ရှိ လူမှုကွန်ရက် သတင်းများအရ TNLA တပ်သားများသည် နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံတွင် တပ်စွဲထားပြီး ဆေးကုသနေကြောင်း၊ TNLA တပ်သားများရှိနေသည့်အတွက် လူနာများနှင့် ဆရာဝန်၊ သူနာပြုများလည်း ဆေးရုံတွင် မနေရဲကြောင်း ရေးသားပြောဆိုထားသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်အနေဖြင့် အတည်ပြုနိုင်ရန် TNLA မှ ပြောရေးဆိုခွင့်ကို ဆက်သွယ်သော်လည်း မရရှိခဲ့ပေ။

စစ်ကောင်စီနှင့် TNLA တပ်ဖွဲ့သည် နမ့်ခမ်းမြို့နယ်အတွင်း အောက်တိုဘာ ၂၉ရက်မှ စတင်ပြီး စစ်ရေးထိတွေ့မှုဖြစ်ပွားခဲ့ရာ နိုဝင်ဘာ ၃ရက်တွင် နမ့်ခမ်းမြို့ပေါ်သို့ တိုက်ပွဲ ကျယ်ပြန့်လာခဲ့သည်။

ထို နှစ်ဖက် စစ်ရေးပြင်းထန်မှုများကြောင့် နမ့်ခမ်းမြို့နယ်မှ စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ကျော်သည် တရုတ်နယ်စပ်နှင့် မူဆယ်မြို့နယ်တို့တွင် ထွက်ပြေးတိမ်းရှောင်‌နေရသည်။ ထိုစစ်ဘေးရှောင်များကို ယနေ့ထိ သျှမ်းလူထုများက ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

နမ့်ခမ်း #ဂျက်ဖိုက်တာ #လေကြောင်းတိုက်ခိုက် #အရပ်သားနေအိမ်ထိ #စစ်ကောင်စီ #TNLA

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...