နမ့်ဆန်မြို့နယ် စစ်ကောင်စီလက်နက်ကြီးကြောင့် ကျောင်းသူ ၁ ဦး ပွဲချင်းပြီးသေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် နမ့်ဆန်မြို့နယ် အုမ်းစွမ်ကျေးရွာတွင် စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကျောင်းသူ ၁ ဦး ပွဲချင်းပြီး သေဆုံး၍ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

နမ့်ဆန်နေအိမ် လက်နက်ကြီးထိမှန်

နမ့်ဆန်မြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၂၀ ရက်) ညသန်းခေါင် ၁၁ နာရီခွဲကျော်၌ နမ့်ဆန်မြို့နှင့် မိုင်းငေါ့မြို့တို့ရှိ စစ်ကောင်စီတပ်များမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အုမ်းစွမ်ကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၄ နှစ်အရွယ်ရှိ လွေးမြသန္တာလင်း ဆိုသည့် ၆ တန်းကျောင်းသူတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ဆန်ဒေသခံများက ပြောသည်။

“ညသန်းခေါင် ၁၁ နာရီခွဲကျော်လောက်မှာ လက်နက်ကြီးကျတာတော့ အုမ်းစွမ်ရွာရဲ့ ကုန်းပေါ် ရွာသစ်ဘက်ပေါ့။ အဲမှာ နေအိမ်တစ်လုံးပေါ် ကျပြီးတော့ ၆ တန်းကလေး ထိသွားတယ်။ မ ၂ ယောက်နဲ့ ကျား ၂ ယောက်လဲ ဒဏ်ရာရတာပေါ့။ ဘေးအိမ်က တစ်ယောက်လည်း ပါတယ်။ ဆုံးသွားတဲ့ တစ်ယောက်က လွေးမြသန္တာလင်း၊ အသက်က ၁၄ နှစ်။ ဒဏ်ရာရရှိတဲ့ သူ့အဖေအမေနဲ့ အစ်ကိုရယ်၊ အိမ်သားတွေထဲ ၃ ယောက် ဒဏ်ရာရတယ်”ဟု နမ့်ဆန်မြို့နယ် အုမ်းစွမ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ၆ တန်းကျောင်းသူ လွေးမြသန္တာလင်းသည် ရင်ဘတ်ထိမှန်ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ ၎င်း၏ မိဘဖြစ်သူတို့တွင် နဖူးနှင့် ကျောကုန်းထိမှန်ဒဏ်ရာ၊ အသက် ၁၉ နှစ်အရွယ်ရှိ အစ်ကိုဖြစ်သူတွင် လက်မောင်းထိမှန်ဒဏ်ရာ အသီးသီးရရှိခဲ့ပြီး အုမ်းစွမ်ကျေးရွာတွင် ဆေးကုသပေးလျက်ရှိကြောင်း နမ့်ဆန်မြို့နယ်မှ ၎င်းအုမ်းစွမ်ဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ထို့အပြင် အုမ်းစွမ်ကျေးရွာတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲခြင်းကြောင့် အနီးရှိ နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးကာ ၎င်းနေအိမ်ရှိ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးတွင်လည်း ဦးခေါင်းထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း နမ့်ဆန်မြို့နယ် အုမ်းစွမ်ဒေသခံများထံမှ သိရသည်။

အလားတူ နမ့်ဆန်မြို့နယ် ပန်နင်းရွာတွင်လည်း ယမန်နေ့ (နိုဝင်ဘာ ၂၀ ရက်) နေ့လည် ၁၂ နာရီအချိန်ခန့်က နမ့်ဆန်မြို့အခြေစိုက် စစ်တပ်စခန်းကုန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အသက် ၈၅ နှစ်အရွယ် အဖွားအိုတစ်ဦး ဘယ်ဘက်ခြေထောက် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့ (TWO)က ယနေ့ (နိုဝင်ဘာ ၂၁ ရက်)တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက် ည ၁၁ နာရီကျော်အချိန်ခန့်တွင်လည်း စစ်ကောင်စီတပ်က နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာသို့ လေကြောင်းမှ ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချသဖြင့် ဦးဆန်နော၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးဆန်နောနှင့် ကလေး ၂ ဦးမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နမ့်ဆန်ဒေသခံများက ပြောသည်။

နမ့်ဆန်မြို့နယ်တွင် တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေး ၃ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၄ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူနေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...