Wednesday, January 28, 2026

နမ့်ဆန်မြို့နယ် စစ်ကောင်စီလက်နက်ကြီးကြောင့် ကျောင်းသူ ၁ ဦး ပွဲချင်းပြီးသေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် နမ့်ဆန်မြို့နယ် အုမ်းစွမ်ကျေးရွာတွင် စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကျောင်းသူ ၁ ဦး ပွဲချင်းပြီး သေဆုံး၍ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

နမ့်ဆန်နေအိမ် လက်နက်ကြီးထိမှန်

နမ့်ဆန်မြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၂၀ ရက်) ညသန်းခေါင် ၁၁ နာရီခွဲကျော်၌ နမ့်ဆန်မြို့နှင့် မိုင်းငေါ့မြို့တို့ရှိ စစ်ကောင်စီတပ်များမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အုမ်းစွမ်ကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၄ နှစ်အရွယ်ရှိ လွေးမြသန္တာလင်း ဆိုသည့် ၆ တန်းကျောင်းသူတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ဆန်ဒေသခံများက ပြောသည်။

“ညသန်းခေါင် ၁၁ နာရီခွဲကျော်လောက်မှာ လက်နက်ကြီးကျတာတော့ အုမ်းစွမ်ရွာရဲ့ ကုန်းပေါ် ရွာသစ်ဘက်ပေါ့။ အဲမှာ နေအိမ်တစ်လုံးပေါ် ကျပြီးတော့ ၆ တန်းကလေး ထိသွားတယ်။ မ ၂ ယောက်နဲ့ ကျား ၂ ယောက်လဲ ဒဏ်ရာရတာပေါ့။ ဘေးအိမ်က တစ်ယောက်လည်း ပါတယ်။ ဆုံးသွားတဲ့ တစ်ယောက်က လွေးမြသန္တာလင်း၊ အသက်က ၁၄ နှစ်။ ဒဏ်ရာရရှိတဲ့ သူ့အဖေအမေနဲ့ အစ်ကိုရယ်၊ အိမ်သားတွေထဲ ၃ ယောက် ဒဏ်ရာရတယ်”ဟု နမ့်ဆန်မြို့နယ် အုမ်းစွမ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ၆ တန်းကျောင်းသူ လွေးမြသန္တာလင်းသည် ရင်ဘတ်ထိမှန်ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ ၎င်း၏ မိဘဖြစ်သူတို့တွင် နဖူးနှင့် ကျောကုန်းထိမှန်ဒဏ်ရာ၊ အသက် ၁၉ နှစ်အရွယ်ရှိ အစ်ကိုဖြစ်သူတွင် လက်မောင်းထိမှန်ဒဏ်ရာ အသီးသီးရရှိခဲ့ပြီး အုမ်းစွမ်ကျေးရွာတွင် ဆေးကုသပေးလျက်ရှိကြောင်း နမ့်ဆန်မြို့နယ်မှ ၎င်းအုမ်းစွမ်ဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ထို့အပြင် အုမ်းစွမ်ကျေးရွာတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲခြင်းကြောင့် အနီးရှိ နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးကာ ၎င်းနေအိမ်ရှိ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးတွင်လည်း ဦးခေါင်းထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း နမ့်ဆန်မြို့နယ် အုမ်းစွမ်ဒေသခံများထံမှ သိရသည်။

အလားတူ နမ့်ဆန်မြို့နယ် ပန်နင်းရွာတွင်လည်း ယမန်နေ့ (နိုဝင်ဘာ ၂၀ ရက်) နေ့လည် ၁၂ နာရီအချိန်ခန့်က နမ့်ဆန်မြို့အခြေစိုက် စစ်တပ်စခန်းကုန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အသက် ၈၅ နှစ်အရွယ် အဖွားအိုတစ်ဦး ဘယ်ဘက်ခြေထောက် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့ (TWO)က ယနေ့ (နိုဝင်ဘာ ၂၁ ရက်)တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက် ည ၁၁ နာရီကျော်အချိန်ခန့်တွင်လည်း စစ်ကောင်စီတပ်က နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာသို့ လေကြောင်းမှ ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချသဖြင့် ဦးဆန်နော၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးဆန်နောနှင့် ကလေး ၂ ဦးမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နမ့်ဆန်ဒေသခံများက ပြောသည်။

နမ့်ဆန်မြို့နယ်တွင် တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေး ၃ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၄ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူနေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...