သိန္နီမြို့နယ် ကိုးကန့်တပ်ဖွဲ့ MNDAA က လူငယ် ၂၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က လူငယ် ၂၀ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

လက်ရှိ MNDAA မှ အရပ်သားလူငယ်များကို ဖမ်းဆီးနေသည့်နေရာ

“၁၀၂၇ စစ်ဆင်ရေး” စတင်လာသည့် အောက်တိုဘာ ၂၇ ရက်မှစ၍ သိန္နီမြို့နယ် နမ့်စလပ်နှင့် စယ်အူကျေးရွာအုပ်စုရှိ ကျေးရွာများမှ လူငယ် ၂၀ ဦးထက်မနည်းကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိန္နီမြို့နယ် ဒေသခံများက ပြောသည်။

“နမ့်စလပ်နဲ့ စယ်အူထဲက ရွာတွေမှာ ကိုးကန့်တပ်က ယောကျ်ားလေးကော၊ မိန်းကလေးကော လာဖမ်းပြီး ခေါ်သွားတယ်။ အဲ့လိုလိုက်ဖမ်းနေလို့ ကျတော်တို့လဲ မနေနိုင်တော့ လားရှိုးဘက်ကို ထွက်ပြေးလာတာ။ ကိုးကန့်တပ်တွေ ဖမ်းသွားတာ ကျတော်သိသလောက်ဆိုရင် နမ့်စလပ်အုပ်စုထဲက တန့်ဆော်ရွာက ၁၂ ယောက်၊ မိုင်းပွန်းနဲ့ နမ့်စလီး ဘက်မှာလဲ ပြီးခဲ့တဲ့အပတ်ကပဲ ၈ ယောက် လာဖမ်းသွားတယ်။ ကျနော်မသိတဲ့ တခြားရွာတွေလဲ ရှိသေးတယ်”ဟု သိန္နီမြို့နယ်မှ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီမြို့

ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယပတ်အတွင်း မူစယ်မြို့နယ်မှ သီပေါမြို့သို့ နေရပ်ပြန်လာသည့် အသက် ၁၅ နှစ် အရွယ်ရှိ စိုင်းဘုန်းနိုင်ဦး၊ အသက် ၁၀ နှစ်အရွယ်ရှိ နန်းအွန်ဖွေး တို့ လူငယ် ၂ ဦးနှင့် စိုင်းသာဦး အမည်ရှိ ကားသမားတစ်ဦးတို့အား ကိုးကန့်တပ်ဖွဲ့ MNDAA က သိန္နီမြို့ ပန်လော့တိုးဂိတ်၌ ဖမ်းဆီးခဲ့ရာ ယနေ့အထိ ပြန်မလွှတ်မြောက်သေးကြောင်း ၎င်းတို့၏ မိသားစုဝင်များထံမှ သိရသည်။

အလားတူ နိုဝင်ဘာ ၁၃ ရက်ကလည်း မူဆယ်မြို့နယ် မုံးကိုးမြို့ရှိ ဘုန်းကြီးကျောင်းတစ်ခုမှ ကိုရင်များကို ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်မည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ပြီး ကိုရင် ၄ ပါးအား ပြန်မလွတ်ပေးဘဲ စစ်မှုထမ်းရန် လူဝတ်လဲလိုက်ရကြောင်း မုံးကိုးဒေသခံများထံမှ သိရသည်။

ထို့အပြင် မုံးကိုးမြို့တွင်လည်း MNDAA တပ်ဖွဲ့က ရပ်ကွက်တိုင်းရှိ နေအိမ်များတွင် အိမ်ထောင်စုစာရင်းများ ကောက်ယူနေပြီး စစ်မှုထမ်းနိုင်မည့် လူငယ်မရှိလျှင် သက်ကြီးရွယ်အိုများကိုပါ စစ်ဝတ်စုံဝတ်ခိုင်းပြီး ချက်ပြုတ်ရေးအတွက် ခေါ်ဆောင်သွားကြောင်း မုံးကိုးဒေသခံများက ပြောသည်။

မုံးကိုးမြို့

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်း က ” ကျနော်တို့ စစ်မှုထမ်းဥပဒေက အထူးဒေသ(၁) အတွင်း အရပ်သားတွေအနေနဲ့ အသက် ၁၆နှစ်ကနေစထမ်းရပါတယ်” ဟု သျှမ်းသံတော်ဆင့်ကိုပြောသည်။

သို့သော် လက်ရှိမှာ အသက် (၁၂) အရွယ် ကလေးငယ်များပါ ခေါ်ဆောင်သွားကြောင်း၊ အထူးဒေသ (၁) နေထိုင်သူမဟုတ်သည့် သိန္နီမြို့နယ် ပြည်သူများပါ ဖမ်းခေါ်နေသည့်အတွက် ပြည်သူများစိုးရိမ်နေကြောင်း ဒေသခံများက ပြေသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA သည် “၁၀၂၇ စစ်ဆင်ရေး” တစ်လနီးပါး ကာလအတွင်း စစ်ကောင်စီ၏ တပ်စခန်း ၁၅၀ ကျော်နှင့် ချင်းရွှေဟော်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် လောက်ကိုင်မြို့ကို ဝိုင်းရံပိတ်ဆို့လျက်ရှိကာ အလုံးစုံထိန်းချုပ်နိုင်ရန်အတွက် စစ်အင်အား အများအပြား ဖြန့်ကျက်ထားကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...