နောင်ချို ဒိုးပင်ရဲစခန်းပေါ် စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ စစ်သုံ့ပန်း ၄ ဦး သေဆုံး

သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ ဒိုးပင်ရဲစခန်းကို စစ်ကောင်စီမှ လေကြောင့်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ၄ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းယူထားသည့် နောင်ချိုမြို့နယ်ရှိ ဒိုးပင်ရဲစခန်းကို စစ်ကောင်စီတပ်မှ ယမန်နေ့ (နိုဝင်ဘာ ၁၉ ရက်) ည ၉ နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုဗုံးကြဲမှုကြောင့် TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသော စစ်ကောင်စီလက်အောက်ခံ အကျဥ်းဦးစီးဌာန မှ စစ်သုံ့ပန်း ၄ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“အရင်ည (နိုဝင်ဘာ ၁၉ ရက်)က ဒိုးပင်ရဲစခန်းကို ည ၉ နာရီလောက် လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ။ အဲ့မှာ TNLA နဲ့ PDF တွေခေါ်လာတဲ့ အကျဉ်းဦးစီးက လူတွေလို့ပြောတယ်။ ကုန်းစံတို့ ဟိုခိုတို့ဘက်က ဖမ်းလာတဲ့ အကျဉ်းဦးစီးက သုံ့ပန်းတွေလို့ ပြောတာပဲ။ ၄ ယောက်သေပြီး အများကြီး ထိတယ်။ စစ်ကောင်စီတပ်နဲ့ ရဲတွေတော့ ဒီမှာမရှိဘူး”ဟု နောင်ချိုမြို့ ဒိုးပင်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၁၉ ရက်)က နောင်ချိုမြို့နယ်ရှိ လွင်ကြီး၊ ကြူအင်း၊ ဟိုခိုနှင့် ကုန်းစံ အကျဉ်းဦးစီးစခန်း (၄)ခုတို့ကို TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၎င်းစခန်း ၄ ခုမှ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများကို ဒိုးပင်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်လာခြင်းဖြစ်ကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။

နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ ဒိုးပင်ရဲစခန်းကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူနေအိမ် ၁ လုံး ထိခိုက်ပျက်စီးပြီး ဒေသခံပြည်သူ ထိခိုက်မှုမရှိကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“ရဲစခန်းမှာ လာချတုန်းကတောင်မှ ဘုန်းကြီးကျောင်းဘက်ထိ ဗုံးဆံရောက်တယ်။ ဘုန်းကြီးကျောင်း အရှေ့က အိမ်တစ်လုံးပေါ်မှာလဲ ကျတယ်၊ သွပ်လဲပေါက်တယ်။ ကွပ်ပျစ်ခင်းထားတဲ့ ၆/၃ မတ် ပျဉ်တောင်မှ ပေါက်သွားတယ်။ အဲ့အစက ကြီးတယ်၊ ၁ ထွာလောက်ရှိတယ်၊ ထက်လဲ ထက်တယ်။ ရွာထဲက လူထိတာတော့ မရှိဘူး”ဟု နောင်ချိုမြို့နယ်မှ ၎င်းဒိုးပင်ဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

နောင်ချိုမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး”စတင်ပြီး ၃ ပတ်အတွင်း ကလေး ၂ ဦးအပါအဝင် ၅ ဦးထက်မနည်း သေဆုံးပြီး ပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိကာ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ကျောက်ကြမ်း၊ အုမ္မသီးနှင့် နမ့်တိန်းဝမ်းကျေးရွာရှိ လူငယ်များကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းများလည်း ရှိနေသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...