သိန္နီမြို့နယ် ထွက်ပြေးတိမ်းရှောင်သူများထံ လက်နက်ကိုင်တပ်ဖွဲ့မှ ဆက်ကြေးကောက်

သျှမ်းပြည် သိန္နီမြို့မှ လားရှိုးမြို့သို့ တောလမ်းမှတစ်ဆင့် ထွက်ပြေးတိမ်းရှောင်သူများထံ လက်နက်ကိုင်တပ်ဖွဲ့မှ ဆက်ကြေးကောက်ခံနေကြောင်း သတင်းသိရှိရသည်။

သိန္နီ-လားရှိုး သွားရာ တောလမ်း

“ ၁၀၂၇ စစ်ဆင်ရေး “ တိုက်ပွဲကြောင့် သိန္နီမြို့အတွင်း ပိတ်မိနေကြသူများနှင့် စစ်ရှောင်များသည် ယခုရက်ပိုင်းအတွင်း ကျေးလက်ဒေသ ကျေးရွာတစ်ရွာမှတစ်ဆင့် နမ့်တူချောင်းကိုဖြတ်ကာ တောလမ်းအတိုင်း ခက်ခက်ခဲခဲဖြင့် လားရှိုးမြို့ဘက်သို့ ထွက်ပြေးတိမ်း ရှောင်နေကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ထွက်ပြေးတိမ်းရှောင်နေစဉ် ကျေးရွာတစ်ရွာ အဝင်ရှိ လက်နက်ကိုင်တပ်ဖွဲ့ဝင် ( ဒေသတွင်း ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်း) တစ်ဦးမှ ဦးဆောင်၍ စစ်ဘေးရှောင်ကားတစ်စီးကို ကျပ်ငွေ ၃ သိန်းခွဲ ကောက်ခံနေကြောင်း ၎င်းကဆက်ပြောသည်။

သိန္နီ-လားရှိုး သွားရာ တောလမ်း

“ တိုက်ပွဲကြာလာတာနဲ့အမျှ သိန္နီမှာ မြို့ထဲပဲ ခိုလှုံနေတဲ့သူရှိသေးသလို မြို့ကနေစွန့်ခွာတဲ့သူလည်း နေ့တိုင်းရှိတယ်။ သိန္နီအရှေ့ဘက် ရွာထဲကို ဝင်ရတယ်။ အဲ့ကိုဝင်ရင် ကားတစ်စီးကို ကျပ်ငွေ ၃ သိန်းခွဲ ပေးရတယ်။ လာကောက်တဲ့သူက အရင်ကဒေသတွင်း ပြည်သူ့စစ်အဖွဲ့ဝင် တစ်ယောက်ပဲ။ မပေးရင် နမ့်တူချောင်း ပေးမဖြတ်ဘူး “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ရှောင်များသည် မြို့တွင်းတိုက်ပွဲကြောင့် လုံခြုံရေးစိုးရိမ်ကာ နဂိုမူလရှိ သိန္နီမြို့ စစ်ရှောင်စခန်းမှနေ၍ အခြားနေရာသို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားသူများ ဖြစ်သည်။

အလားတူ ဒေသခံမြို့ဒေသခံ အသက် ၃၀ ကျော်အမျိုးသားတစ်ဦးက “ အခုသိန္နီမြို့က ပြည်သူတွေနဲ့ စစ်ရှောင်တွေ လမ်းကြောင်းပိတ်ထားတာကြောင့် အကူညီမရောက်ဘူး။ ဘယ်ကူညီမှု အဖွဲ့က မလာရဲ့၊ မသွားရဲတဲ့ အခြေအနေဖြစ်နေတယ်။ မြို့ထဲက ပိတ်မိနေတဲ့သူ အချင်းချင်း ပြန်ကူရတာ။ မြို့နဲ့ ၁၂ မိုင်ပတ်လည် စစ်ဇုန်တွေမို့ ဘယ်မှမထွက်ရဲကြဘူး “ ဟု ပြောသည်။

သျှမ်းမြောက်ဒေသ တိုက်ပွဲသည် အချိန်ကြာလာသည်နှင့်အမျှ စစ်နယ်မြေ ပိုမိုကျယ်ပြန့်လာကာ မြို့တိုင်းလိုပင် စခန်းသိမ်းတိုက်ပွဲဖြစ်ပွားခြင်း၊ လမ်းကြောင်းပိတ်ဆို့ခြင်း၊ ဖြတ်တောက်ခြင်းကြောင့် ဖြတ်သန်းသွားလာ၍ မရကာ သိန္နီမြို့တွင်းပိတ်မိနေသူ ပြည်သူများနှင့် စစ်ရှောင်းများသည် အရေးပေါ်အခြေအနေ ကြုံတွေ့လာပါက ထွက်မပြေးနိုင်သည့်စိန်ခေါ်မှုတစ်ရပ်နှင့် ကြုံတွေ့နေကြောင်း ဒေသခံများပြောချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...