Monday, May 6, 2024

မူဆယ်မြို့နယ် တိုက်ပွဲကြား အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရ

Must read

သျှမ်းပြည် မူဆယ်မြို့နယ် (၁၀၅ မိုင် ကုန်သွယ်ရေးဇုန်) ရှိ တုန့်ခန်ကျေးရွာတွင် ယနေ့ ( နိုဝင်ဘာလ ၁၆ ရက်) နံနက်ပိုင်းမှစ၍ စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်တို့အကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦး ကျည်ထိမှန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

တုန်ခန်

ထို ထိခိုက်ဒဏ်ရာရရှိသည့် အရပ်သား (၅)ဦးထဲတွင် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၃ ဦးတို့ ဖြစ်ကြပြီး ၎င်းထိခိုက်ဒဏ်ရာသူများကို မူဆယ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း မူဆယ်မြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ မနက်ပိုင်းက တန့်ခန်ကျေးရွာမှာ တိုက်ပွဲဖြစ်တယ်။ အပြန်အလှန်ပစ်တယ်။ အရပ်သား (၅)ဦးထိတယ်။ အခု မူဆယ်ဆေးရုံပို့ထားတယ်။ မူဆယ်မြို့နယ်မှာတော့ နေ့တိုင်းပစ်ခတ်သံတွေပ” ဟု ၎င်းအမျိုးသားက ဆိုသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သတ်ပြီး တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ရဲ့ ပြန်ကြားရေးရုံးကလည်း အခြေအနေ အသေးစိတ်ကို မသိရှိရသေးကြောင်း ပြောသည်။

မူဆယ်မြို့အတွင်း စစ်ဘေးရှောင် တစ်ထောင်ကျော်နှင့် ပန်ဆိုင်း( ကြူကုတ်) တွင် စစ်ရှောင် ၂ထောင်ကျော်ရှိကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများကပြောသည်။

“ စစ်ရှောင်တွေကိုတော့ ကျနော်တို့ ပြည်သူတွေ အချင်းချင်းပဲကူညီနေရတာ။ ဘယ်တပ်ဖွဲ့မှ လာကူညီတာမရှိဘူး။ တိုက်ပွဲက နေ့တိုင်းဖြစ်တော့ ထိခိုက်မှုကလည်း နေ့တိုင်းနီးပါးပဲ။ အရပ်သားထိခိုက်တာတော့ တော်တော်ဆိုးတယ်။ တရုတ်ပြည်ကိုလည်း ပြေးဝင်လို့မရဘူး”ဟု မူဆယ်စစ်ရှောင်ကူညီပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ မူဆယ်ခရိုင် ပန်ဆိုင်းမြို့ (ကြူကုတ်)တွင်လည်း စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တို့အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article