ကျောက်မဲခရိုင်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေ

သျှမ်းပြည် ကျောက်မဲခရိုင် အခြေစိုက်သော စစ်ကောင်စီတပ်များမှ အနီးအနား ဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီ လက်နက်ကြီး ရမ်းပစ်ခတ်

ယမန်နေ့ (နိုဝင်ဘာလ ၁၃ ရက်) ည ၉ နာရီခန့်မှ စ၍ သီပေါမြို့ရှိ စစ်ကောင်စီ ခလရ-၂၃ တပ်စခန်းမှ ပြည်သူနေထိုင်ရာ ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သီပေါဒေသခံများက ပြောသည်။

“မနေ့ညက သီပေါ ခလရ-၂၃ တပ်ထဲကနေ ပစ်လာတဲ့ လက်နက်ကြီးက နားလွယ်ရွာအနောက်ဘက် တောင်ယာခင်းထဲကို ကျတာ။ နှစ်လုံးကျတာမှာ တစ်လုံးကွဲတယ်၊ မကွဲတာ တစ်လုံးကျန်သေးတယ်။ ဒီနားလေးက နှမ်းခင်းထဲမှာလဲ နောက်ထပ် ၃ လုံး ကျကွဲသေးတယ်။ စုစုပေါင်း ၅ လုံးကျတဲ့အထဲမှာ နှစ်နေရာကျတာကို ပေ ၁၀၀ လောက်ပဲ ခြားတယ်”ဟု သီပေါမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ယမန်နေ့ (နိုဝင်ဘာလ ၁၃ ရက်) ည ၇ နာရီဝန်းကျင်မှ စ၍ ကျောက်မဲမြို့ရှိ ခမရ-၅၀၁/၅၀၂ တပ်တို့မှ တိုက်ပွဲဖြစ်ပွားရာ ဂုတ်တွင်းနှင့် အနီးအနား ကျေးရွာများသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူနေအိမ် ထိခိုက်မှုရှိကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

စစ်ကောင်စီ လက်နက်ကြီး

“မနေ့ည ၇ နာရီလောက်က ကျောက်မဲ ၅၀၁ တပ်ကနေ ပစ်တာ။ မိုင်းတင်းဘက်က ပြိန်းခါးမှာ လက်နက်ကြီးက လယ်ထဲကျတာဆိုတော့ လူထိခိုက်မှုတော့ မရှိဘူး။ ဂုတ်တွင်းထဲမှာလဲ တိုက်ပွဲဖြစ်တဲ့ဘက်ကို ကျောက်မဲတပ်ကနေ လက်နက်ကြီးနဲ့ ပစ်တာရှိတယ်။ နောင်ပိန် ဇီးပင်စခန်းက တည်းခိုခန်းတစ်ခု ဗုံးစာမှန်ပြီး ခေါင်မိုးတွေ ပျက်စီးကုန်တယ် ပြောတယ်။ မနေ့ညက တိုက်ပွဲတွေကြောင့် နောင်ပိန်ဘက်မှာ ဖုန်းလိုင်းတွေလဲ ပျက်သွားတယ်”ဟု ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်ကလည်း ကျောက်မဲမြို့နယ် ဟိုင်းပုနှင့် ကြူရှော၊ ပန်လင်ကျေးရွာတို့တွင် ပြည်သူနေအိမ်အနီးသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ အိမ်နောက်ဖေးနှင့် နေအိမ်ခေါင်မိုး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၁၂ ရက်တွင်လည်း နောင်ပိန်ဂုတ်တွင်း၌ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နောင်ပိန်တိုက်နယ်အတွင်းရှိ နောင်ပစ်၊ ခဲလုံ၊ လုံကြိမ်၊ ဇီးပင်စခန်း၊ ပင်တီး၊ ပင်တိန်ကျေးရွာများမှ စစ်ဘေးရှောင် ၁၀၀၀ ကျော်သည် နီးစပ်ရာ ကျေးရွာဘုန်းကြီးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နောင်ပိန်ဒေသခံများက ပြောသည်။

ပြင်ဦးလွင်မြို့မှ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသော စစ်ကား ၄၀ စီးကျော်နှင့် သံချပ်ကာယာဉ် ၄ စီးတို့သည် ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့များသို့ ချီတက်နိုင်ရန်အတွက် စစ်ကောင်စီတပ်မှ ဂုတ်တွင်းလမ်းပိုင်းကို အပြင်းအထန် ထိုးဖောက်လျက်ခဲ့သည်။

ထို နောက် TNLA တပ်ဖွဲ့မှ စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်နိုင်ရန်အတွက် သီပေါ ဘော်ကြိုအဝင်ရှိ ကျင်သီတံတားကို နိုဝင်ဘာ ၁၂ ရက်တွင် ဗုံးခွဲဖျက်ထားဆီးခြင်းကြောင့် တံတားထက်ပိုင်းကျိုးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...