Tuesday, January 27, 2026

တိုက်ပွဲအတွင်း TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ တားအိုက်ကျော် ကျဆုံးဆိုတဲ့ သတင်းအမှား ဖြန့်ဝေနေ

သျှမ်းပြည် သီပေါမြို့အနီး ဖြစ်ပွားခဲ့သော တိုက်ပွဲထဲတွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော် ကျဆုံးဆိုသော သတင်းမှား ဖြန့်ဝေနေသည်။

စစ်ကောင်စီ ဝါဒဖြန့် တယ်ရီဂရမ်ချယ်နယ်ဖြစ်သော Ko Thet ဆိုသည့် အကောင့်မှ “ နိုဝင်ဘာလ ၁၂ ရက်က သီပေါမြို့အနီး တိုက်ပွဲမျာ TNLA မှ ဘဏ္ဍာရေးမှူး (တပ်မဟာမှူး) အဆင့်ရှိသူ တားအိုက်ကျော်သည် TNLA ၂၀ ကျော်နှင်အ့တူ မြေလျှိုးမိုးပျံသွားပါကြောင်း “ (မူရင်းရေးသား) ဟုဆိုကာ ပြည်သူလူထုကို လှည့်ဖြားမှားယွင်းစွာ တင်ဆက်ချက်ဖြင့် ရေးသားဖြန့်ချိနေကြောင်း TNLA ရဲ့ ရုပ်ပုံနဲ့အတူ ဖြန့်ဝေထားသည်။

Archive link – https://archive.ph/0gFEM

သျှမ်းသံတော်ဆင့် အချက်အလက် စစ်ဆေးသည့် အဖွဲ့အနေဖြင့် တိုက်ပွဲအတွင်း TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော် ကျဆုံးသွားသည်ဆိုတဲ့ သတင်းကို စီစစ်ဆေးမှု ပြုလုပ်ခဲ့သည်။ ယင်းမှာ မှားယွင်းနေကြောင်း တွေ့ရသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ရဲ့ ပြန်ကြားရေးရုံးကလည်း မဟုတ်မှန်ကြောင်း ယခုလို ပြောဆိုထားပါသည်။

“ သီပေါမြို့တိုက်ပွဲမှာ ကျမတို့တပ်သား ကျဆုံးတာမရှိသလို တားအိုက်ကျော် အကောင်း ပဂတိရှိနေပါတယ်။ သက်ရှိ ထင်ရှားနေပါတယ်။ သတင်းအမှားသာ ဖြစ်ပါတယ် “ ဟု သျှမ်းသံတော်ဆင့်ကို အတည်ပြုပြော ဆိုထားသည်။

တခြားသော မီဒီယာများနှင့် တိုက်ဆိုင်စစ်ဆေးတဲ့အခါမှာလည်း ကျဆုံးကြောင်း မတွေ့ရပေ။

ထိုထဲမှ ဓာတ်ပုံဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ကထွက်ရှိထားတဲ့ ဓာတ်ပုံအဟောင်းသာဖြစ်ပြီး TNLA ရဲ့ စစ်သား ဝတ်စုံနှင့် ဘတ်တံဆိပ်မှာ အဟောင်း ဖြစ်နေသည်။

၂၀၁၉ ခုနစ်က သတင်းဓာတ်ပုံ

မူရင်းလင့်-

https://ichef.bbci.co.uk/news/800/cpsprodpb/35E7/production/_108299731_e4e6a992-1ae2-4742-b47c-b6f2df890260.jpg

ထို့ကြောင့် တိုက်ပွဲအတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော် သေဆုံးသည်ဆိုတဲ့ သတင်းမှာ အမှားဖြစ်ပြီး၊ ပြည်သူလူထုကို လှည့်ဖြားမှားယွင်းတင်ဆက်ချက်ဖြင့် ရေးသားဖြန့်ချိနေတဲ့ သတင်းမှား ဖြစ်သည်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိသတ်များအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သျှမ်းသံတော်ဆင့် အနေဖြင့်လည်း သတင်းများကို အချိန်နည်း တပြေးညီ တင်ဆက်ပေးနေပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...