တိုက်ပွဲအတွင်း TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ တားအိုက်ကျော် ကျဆုံးဆိုတဲ့ သတင်းအမှား ဖြန့်ဝေနေ

သျှမ်းပြည် သီပေါမြို့အနီး ဖြစ်ပွားခဲ့သော တိုက်ပွဲထဲတွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော် ကျဆုံးဆိုသော သတင်းမှား ဖြန့်ဝေနေသည်။

စစ်ကောင်စီ ဝါဒဖြန့် တယ်ရီဂရမ်ချယ်နယ်ဖြစ်သော Ko Thet ဆိုသည့် အကောင့်မှ “ နိုဝင်ဘာလ ၁၂ ရက်က သီပေါမြို့အနီး တိုက်ပွဲမျာ TNLA မှ ဘဏ္ဍာရေးမှူး (တပ်မဟာမှူး) အဆင့်ရှိသူ တားအိုက်ကျော်သည် TNLA ၂၀ ကျော်နှင်အ့တူ မြေလျှိုးမိုးပျံသွားပါကြောင်း “ (မူရင်းရေးသား) ဟုဆိုကာ ပြည်သူလူထုကို လှည့်ဖြားမှားယွင်းစွာ တင်ဆက်ချက်ဖြင့် ရေးသားဖြန့်ချိနေကြောင်း TNLA ရဲ့ ရုပ်ပုံနဲ့အတူ ဖြန့်ဝေထားသည်။

Archive link – https://archive.ph/0gFEM

သျှမ်းသံတော်ဆင့် အချက်အလက် စစ်ဆေးသည့် အဖွဲ့အနေဖြင့် တိုက်ပွဲအတွင်း TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော် ကျဆုံးသွားသည်ဆိုတဲ့ သတင်းကို စီစစ်ဆေးမှု ပြုလုပ်ခဲ့သည်။ ယင်းမှာ မှားယွင်းနေကြောင်း တွေ့ရသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ရဲ့ ပြန်ကြားရေးရုံးကလည်း မဟုတ်မှန်ကြောင်း ယခုလို ပြောဆိုထားပါသည်။

“ သီပေါမြို့တိုက်ပွဲမှာ ကျမတို့တပ်သား ကျဆုံးတာမရှိသလို တားအိုက်ကျော် အကောင်း ပဂတိရှိနေပါတယ်။ သက်ရှိ ထင်ရှားနေပါတယ်။ သတင်းအမှားသာ ဖြစ်ပါတယ် “ ဟု သျှမ်းသံတော်ဆင့်ကို အတည်ပြုပြော ဆိုထားသည်။

တခြားသော မီဒီယာများနှင့် တိုက်ဆိုင်စစ်ဆေးတဲ့အခါမှာလည်း ကျဆုံးကြောင်း မတွေ့ရပေ။

ထိုထဲမှ ဓာတ်ပုံဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ကထွက်ရှိထားတဲ့ ဓာတ်ပုံအဟောင်းသာဖြစ်ပြီး TNLA ရဲ့ စစ်သား ဝတ်စုံနှင့် ဘတ်တံဆိပ်မှာ အဟောင်း ဖြစ်နေသည်။

၂၀၁၉ ခုနစ်က သတင်းဓာတ်ပုံ

မူရင်းလင့်-

https://ichef.bbci.co.uk/news/800/cpsprodpb/35E7/production/_108299731_e4e6a992-1ae2-4742-b47c-b6f2df890260.jpg

ထို့ကြောင့် တိုက်ပွဲအတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော် သေဆုံးသည်ဆိုတဲ့ သတင်းမှာ အမှားဖြစ်ပြီး၊ ပြည်သူလူထုကို လှည့်ဖြားမှားယွင်းတင်ဆက်ချက်ဖြင့် ရေးသားဖြန့်ချိနေတဲ့ သတင်းမှား ဖြစ်သည်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိသတ်များအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သျှမ်းသံတော်ဆင့် အနေဖြင့်လည်း သတင်းများကို အချိန်နည်း တပြေးညီ တင်ဆက်ပေးနေပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...