ကျောက်မဲ နောင်ပိန် ပြည်သူများ ရွာကနေ ထွက်ပြေးတိမ်းရှောင်ရန် ညီနောင်မဟာမိတ်များပြော

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအတွင်း နေထိုင်သည့် ပြည်သူများကို ယနေ့ (နိုဝင်ဘာ ၁၃)ရက် နံနက် ၁၁နာရီအပြီး ထွက်ပြေးတိမ်းရှောင်ရန် ညီနောင် မဟာမိတ်တပ်ဖွဲ့က လာရောက်အကြောင်းကြားကြောင်း စုံစမ်းသိရသည်။

နောင်ပိန် လယ်ထဲ ကျတဲ့လက်နက်ကြီး

ကျောက်မဲမြို့နှင့် နောင်ချိုမြို့အကြားရှိ နောင်ပစ်လမ်းခွဲတွင် ညီနောင်မဟာမိတ် တပ်ဖွဲ့ဖြစ်သည့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မန္တလေး-PDF တို့ တပ်စွဲထားသည်။

ထို့ကြောင့် နောင်ပိန်ကျေးရွာအတွင်း တိုက်ပွဲများ ပြင်းထန်လာနိုင်သဖြင့် TNLA နှင့် မန္တလေး -PDF တို့သည် ကျေးရွာအနီး ၃ မိုင် ပတ်ပတ်လည်တွင် မနေကြရန် ယနေ့ (နိုဝင်ဘာ ၁၃ ရက်) နံနက် ၁၁ နာရီအပြီး ထွက်ပြေးရန် လာရောက်ပြောသွားကြောင်း နောင်ပိန်ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရွာထဲက လူကြီးတွေတော့ ထွက်ပြေးကုန်ပြီ။ တချို့ကတော့ အိမ်စောင့်ကျန်ခဲ့တာရှိတယ်။ အခုမနက် ၁၀နာရီခွဲလောက်မှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ လာဝဲတယ်”ဟု နောင်ပိန်ဒေသခံ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် ယမန်နေ့ (နိုဝင်ဘာလ ၁၂ ရက်) နေ့လည် ၁၂ နာရီနှင့် ည ၁၀ နာရီခွဲအချိန်ခန့်တွင် ကျောက်မဲဘက်ခြမ်းရှိ ဂုတ်တွင်းနှင့် နောင်ပိန်ကျေးရွာ အနီးတဝိုက်ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် ၂ ကြိမ်လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

လက်နက်ကြီးကြောင့် ပျက်စီးသည့်နေအိမ်

“နောင်ချိုဘက်က အုမ္မသီးနဲ့ ရေမောင်းတန်းမှာ ပိတ်ထားတာက ဖွင့်လိုက်တာပေါ့နော်။ TNLA နဲ့ PDF ပူးပေါင်းတပ်တွေက အဲ့ကနေ ဆုတ်ပြီးတော့ နောင်ပိန်ဘက်ခြမ်းမှာ လာမဲနေတာ။ စစ်ကောင်စီက အရင်လို လူအရင်မတက်ဘဲ လက်နက်ကြီးတွေ အမြောက်တွေနဲ့ နောင်ချိုတပ်ဘက်ကရော၊ ကျောက်မဲတပ်ဘက်ကရော နောင်ပိန်ဘက်ကို ပစ်ကြတာ။ မနေ့က နေ့လယ် ၁၂ နာရီ တစ်ခါ၊ ည ၁၀ နာရီခွဲတစ်ခါ ဂျက်ဖိုက်တာ ၂ စီးနဲ့ ၂ ခါ နောင်ပိန်နားမှာ ပစ်သွားတယ်”ဟု ကျောက်မဲဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (နိုဝင်ဘာလ ၁၂ ရက်) နေ့လည် ၁၂ နာရီတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဂုတ်တွင်းအနီး ဗုံးကျဲချခဲ့ရာ ကျောက်မဲမြို့နယ် နောင်ပစ်ကျေးရွာ အနီးတဝိုက်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ယမန်နေ့ (နိုဝင်ဘာလ ၁၂ ရက်) ည ၁၀ နာရီခွဲတွင် ဂျက်ဖိုက်တာ ၂ စီးမှ နောင်ပိန်ကျေးရွာအနီးသို့ ထပ်မံဗုံးကျဲချခဲ့ရာ ပင်တိန်ကျေးရွာ သက်ကယ်ကျောင်းအနီး လယ်ကွက်ထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အနီးအနားရှိ နေအိမ် ပြတင်းမှန်များမှာ အက်ကွဲခဲ့ကြောင်း နောင်ပိန်ဒေသခံများက ပြောသည်။

“သူတို့ ဂျက်ဖိုက်တာက ဘယ်ကိုဦးတည်ပြီး ပစ်လဲတော့ မသိဘူး။ ဂျက်ဖိုက်တာက ၁ ခါလာရင် ၂ စီးလာတာ၊ ပြီးရင် ပေါင် ၅၀၀ ဗုံးတွေနဲ့ ပစ်တာ။ မနေ့ည ပစ်တာက သက်ကယ်ကျောင်း အနောက်ဘက် ရထားသံလမ်းဘေးက လယ်ကွက်ထဲကို ကျကွဲတာ။ ပေါက်ကွဲသံ အရမ်းကျယ်တော့ ပြတင်းပေါက်မှန် ကွဲတာတွေ၊ အိမ်တံခါး ပွင့်ထွက်တာမျိုးတွေ အထိဖြစ်တာ။ လူထိခိုက်ဒဏ်ရာ ရတာမျိုးတော့ မရှိဘူး”ဟု ကျောက်မဲမြို့ နောင်ပိန်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ပိန်ဂုတ်တွင်းတွင် စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နောင်ပိန်တိုက်နယ်အတွင်းရှိ နောင်ပစ်၊ ခဲလုံ၊ လုံကြိမ်၊ ဇီးပင်စခန်း၊ ပင်တီး၊ ပင်တိန်ကျေးရွာများမှ စစ်ဘေးရှောင် ၁၀၀၀ ကျော်သည် နီးစပ်ရာ ကျေးရွာဘုန်းကြီးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နောင်ပိန်ဒေသခံများက ပြောသည်။

ထို့အပြင် ကျောက်မဲမြို့နယ် ဟဲပုကျေးရွာတွင်လည်း ယမန်နေ့ (နိုဝင်ဘာ ၁၂ ရက်)က စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ပြည်သူနေအိမ် ၁ လုံးထိမှန်ပျက်စီးပြီး လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။

ပြင်ဦးလွင်မြို့မှ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသော စစ်ကား ၄၀ စီးကျော်နှင့် သံချပ်ကာယာဉ် ၄ စီးတို့သည် ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့များသို့ ချီတက်နိုင်ရန်အတွက် စစ်ကောင်စီတပ်မှ ဂုတ်တွင်းလမ်းပိုင်းကို အပြင်းအထန် ထိုးဖောက်လျက်ရှိပြီး ယနေ့ (နိုဝင်ဘာလ ၁၃ ရက်)တွင်လည်း တိုက်ပွဲပြင်းထန်မည်ကို နောင်ပိန်ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြသည်။

ထို့ကြောင့် TNLA တပ်ဖွဲ့မှ စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်နိုင်ရန်အတွက် သီပေါ ဘော်ကြိုအဝင်ရှိ ကျင်သီတံတားကို ယမန်နေ့ (နိုဝင်ဘာ ၁၂ ရက်)တွင် ဗုံးခွဲဖျက်စီးထားခြင်းကြောင့် တံတားမှာ ထက်ပိုင်းကျိုး၍ သွားလာနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...